Wednesday, April 26, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးမျှော်လင့်

RFA
RFA Burmese
2023.04.25
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ထောက်ပံ့ရိက္ခာများရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ AFP

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင် (Abdul Momen)က ရိုဟင်ဂျာတွေ သူတို့မူလနေရပ်ဒေသကို ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ဧပြီ ၂၅ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အထူးကိုယ်စားလှယ်နဲ့ လတ်တလောရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့ နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ကြလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း၊ တရုတ်ပြည်အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စမှာ အမှန်တကယ်ထိရောက်စွာ ဝိုင်းဝန်းကူညီခဲ့တယ်လို့ အဗ္ဗဒူလ် မိုမင် (Abdul Momen) က ပြောခဲ့ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စကို မကြာခင် စတင်ဆောင်ရွက်နိုင်မယ်ထင်ပါသလားလို့ မေးမြန်းရာမှာတော့၊ အမှန်တကယ် ဖြစ်မလာသေးဘဲနဲ့ မိမိ အခုမပြောနိုင်သေးကြောင်း၊ အရင်က နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပေမဲ့ အောင်မြင်ခဲ့ခြင်း မရှိကြောင်း ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ တရုတ်ဘက်ကလည်း ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဆွေးနွေးမှုတွေ ဖော်ဆောင်ပေးခဲ့ကြောင်း အဗ္ဗဒူလ် မိုမင် (Abdul Momen)က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက အိမ် ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံဖို့ လျာထားတယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ဧပြီလ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားတဲ့ လူဦးရေအိမ်ထောင်စုစာရင်းတွေကို စိစစ်ချက်အရ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားရှိသူ ၅၆,၀၀၀ ကျော်၊ အထောက်အထား မရှိသူ ၃၀,၀၀၀ ကျော်နဲ့ ပြည်ထဲရေးဝန် ကြီးဌာနရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်သူ ၉၀၀ ကျော် စုစုပေါင်း ၈၇,၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်နိုင်ငံညှိနှိုင်းချက်တွေအရ အဲဒီရိုဟင်ဂျာတွေထဲက ၇၀၀ ကျော်ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ ပြန်လည်လက်ခံဖို့ သဘောတူခဲ့တဲ့အတွက် လက်ခံဖို့လျာထားတာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကိုလည်း လက်ခံဖို့ စိစစ်နေတယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကတော့ သူတို့ကို မူလနေရာမှာ ပြန်လည်နေရာချထားပေးဖို့၊ နိုင်ငံသားဖြစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်စတဲ့ အာမခံချက်တွေမရှိဘဲ နေရပ်မပြန်လိုကြောင်း ငြင်းဆန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */