" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 24, 2023

နေရပ်ပြန် ရိုဟင်ဂျာတွေအတွက် ရွာ ၁၅ ရွာစီစဉ်ထား ကြောင်း စစ်ကောင်စီပြော

RFA
RFA Burmese
2023.03.24 

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Myanmar Military
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ် မောင် တောမြို့နယ် မြောက်ဘက်ခြမ်းမှာ ကျေးရွာ ၁၅ ရွာ၊ မြေကွက် ၇၅၀ စီစဉ်ထားကြောင်း စစ်ကောင်စီ ထိန်းချုပ် ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြပါတယ်။

နေရပ်ပြန်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင် ကြားစခန်း မှာ အချိန်နှစ်လကြာ ယာယီထားမယ်လို့လည်းဆိုပါတယ်။

ပြီးမှ သူတို့ကို နေရာချထားတဲ့ ကျေးရွာတွေကို ပို့ဆောင်သွားမှာဖြစ်ပြီး အခြေခံ အဆောက်အအုံတွေလည်း ဆောင်ရွက်ထားသလို ဝင်ရောက်လာတဲ့အပေါ် မူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းကပြောဆိုပါတယ်။

စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေထဲက ၁၅၀၀ ကိုရှေ့ပြေး စီမံကိန်းအနေနဲ့ ပြန်လည်လက်ခံဖို့ စီစဉ်နေတာပါ။

အခုလို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမျိုး အောင် ဦးဆောင်တဲ့ အဖွဲ့ ၁၇ ဦးဟာ မတ်လ ၁၅ ရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပြီး ဒုက္ခ သည်တွေနဲ့တွေ့ဆုံကာ စိစစ်မှုတွေ လုပ်နေတာရှိပါတယ်။

အခု စီမံကိန်းအဆင်ပြေသွားရင် နောက်ထပ် လူဦးရေ ၅၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၀၀ ကို ဆက်ပြီးလက်ခံ သွားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ နိုင်ငံတကာက အမြင်ကောင်းအောင်သာ လုပ်ပြနေတာလို့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားမှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင်က ပြော ပါတယ်။

“အခု စစ်ကောင်စီက ပြန်ခေါ်ဖို့လုပ်နေတာက ရိုးရိုးသားသားပြန်ခေါ်တာလား။ သူတို့ အမှန်တကယ် ပြန်လာ စေချင်လို့ ခေါ်နေတာလား။ မေးခွန်းထုတ်စရာတွေ များနေတယ်။ ရိုးရိုးသားသားခေါ်တာဆိုရင် ကျနော်တို့ကို မူလနေရာမှာပဲထားရမယ်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရမယ်လေ။ အခုက ဒါတွေကို ဘာမှပြော တာ မရှိဘူး။ ဒါကြောင့် နိုင်ငံတကာက အမြင်ကောင်းအောင်ပဲ လုပ်ပြနေတာလို့မြင်တယ်”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ကလည်း အခု စစ်ကောင်စီက စီစဉ်နေတဲ့ ရိုဟင်ဂျာတွေ ကို ပြန်လည်လက်ခံရေး အစီအစဉ်ဟာ လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ဆန်းစစ်ထားချက် တွေအရ ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးဖြစ်ပေါ်လာနိုင်တာ မရှိသေးလို့ မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */