" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, July 4, 2021

တိုင်းရင်းသား တန်းတူရှိမှုကို ဖော်ဆောင်

ဖက်ဒရယ်ဂျာနယ်
နော်မန်ဒီ

 

လွတ်လပ်ရေးနဲ့ အတူ ဖွားဘက်တော် အဖြစ် “ပြည်တွင်းစစ်မီး” လည်း တစ်ပါတည်း ပါလာတာကြောင့် မြန် မာနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံလာရတာ နှစ်ပေါင်း ၇၃ နှစ်ကြာတဲ့ အခုအချိန်ထိတိုင် ရပ်တန့်မယ့် အနေအထား မရှိသေးတဲ့ အပြင် ပိုမိုပြီး တိုးမြင့်, တောက်လောင်နေတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရဆဲပါ။ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ဟာ နောက်ထပ် ဘယ်လောက် ကြာ မယ်၊ ဘာဖြစ်လာဦးမယ် ဆိုတာတွေလည်း ခန့်မှန်းလို့ မရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

Saturday, June 19, 2021

ယူကေနိုင်ငံက နိုင်ငံခြားအကူအညီ လျှော့ချမှုကြောင့် ဘယ် လိုသက်ရောက်နိုင်သလဲ

 B B C

ဘီဘီစီမြန်မာပိုင်း
၁၄ ဇွန် ၂၀၂၁

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုလည်း ယူကေက ထောက်ပံ့ပေးနေ

ယူကေနိုင်ငံဟာ မြန်မာနိုင်ငံပါဝင်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး စာရင်းဝင် ၄၅ နိုင်ငံအပါအဝင်နိုင်ငံခြား အကူအညီ လိုအပ်တဲ့ အခြေအနေရှိနိုင်တယ်ဆိုပြီး နိုင်ငံ့ဝင်ငွေအရ သတ်မှတ်တဲ့ အောက်တန်း အလယ်အ လတ် နိုင်ငံ အတော်များများအတွက် နိုင်ငံခြားအကူအညီပေးဖို့ နှစ်စဉ်ရန်ပုံငွေ လျာထားမှုတွေကို လျှော့ချ ခဲ့တဲ့အ တွက် ဝေဖန်ခံရမှုတွေ ရှိလာခဲ့ပါတယ်။

Monday, June 14, 2021

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ဧရာဝတီ
By မောင်မောင်စိုး
11 June 2020

ရခိုင်ပြည်နယ်အရေးဟုဆိုလျှင် ရခိုင်ပြည်နယ်ရှိ စစ်ပွဲသည် ထိပ်ဆုံး ရောက်နေသည့် ပြဿနာဖြစ်သည်ဟု ဆိုခြင်းနှင့် ပတ်သက်၍ ငြင်းပယ်ရန် မရှိပေ။ လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် (တပ်မတော်မှ သောင်း ကျန်းသူ နှိမ်နင်းရေးစစ်ပွဲဟု သုံးပါသည်) တွင် အပြင်းထန်ဆုံး ဖြစ်ပွားနေသည်မှာ ရခိုင်စစ်မြေပြင်တွင် ဖြစ် သည်။

Monday, June 7, 2021

ဒေါ်အောင်ဆန်းစုကြည်အတွက် နားဝင်မချိုသည့်အမှန်တ ရား နှင့် မြန်မာ့အာဏာသိမ်းမှု၏ မူလရင်းမြစ်

Nikkei Asia
ဇွန် ၇
(ဘာသာပြန်ဆောင်းပါး)
 
မြန်မာနိုင်ငံ၏ သြဇာကြီးမားသည့် ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာ၌ ရှိနေသည် ကို လေးလအတွင်း ပထမဆုံးအဖြစ် ယခုတစ်ကြိမ်သာ အတည်ပြုနိုင်သည်။

ဤဖြစ်ရပ်သည် နေပြည်တော်ရှိ တရားခွင်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး မြင်တွေ့ရသည့် မေ လ ၂၄ ရက်နေ့တွင် စတင်ခဲ့သည်။ နိုင်ငံတော်ပိုင် မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံ၌ သူမကို နှားခေါင်း စည်း တပ်ပြီး ခါးမတ်မတ်ထားလျှက် ထိုင်နေသည်ကို မြင်ရသည်။ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် သူမ ဦးဆောင် ခဲ့စဉ်က အစိုးရအဖွဲ့၌ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်မြင့်နှင့်အတူ အခြားသူများလည်း သူမဘေးတွင် ရှိ သည်။

Tuesday, May 25, 2021

The Truth behind the Northern Rakhine Issue ( ဘာသာပြန် )

 ”ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ နောက်ကွယ် မှ ပကတိအမှန်တရား”ဟူသော ခေါင်းစဉ်ဖြင့်ဘာသာပြန် ဆောင်းပါး တစ်ပုဒ်ကို (၂ဝ၁၇-ခုနှစ်၊ အောက်တိုဘာ ၁၃-ရက်) နေ့စွဲပါ ကြေးမုံသတင်းစာမှာ တွေ့ရှိဖတ်ရှု ရ သည်။ The Global New Light of Myanmar မှာ ဦးခင်မောင်မြင့်က The Truth behind the Northern Rakhine Issue)  အမည်ဖြင့် ရေး ခဲ့သောဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။

ဆောင်းပါးရှင်က သမိုင်းမှန်ကိုသိရှိသဖြင့် ဘက်လိုက် ခြင်းမရှိ၊ အစွဲကင်းကင်းဖြင့်ရေးသည်ဟု ပြောဆိုထားသော် လည်း၊သူ့ဆောင်းပါးသည် လက်တွေ့နှင့် လွဲနေခြင်း၊ အမြင် စောင်း၍ရေးခြင်း ၊ အစဉ်အလာ အတိုင်း ရိုဟင်ဂျာ များ မြေခံ၊နယ်ခံများမဟုတ်ဘဲ တဖက် အိန္ဒိယ၊ ဘင်္ဂလား မှ လာရောက်နေထိုင်သူများအဖြစ် သရုပ်ဆောင် ရန် ထင်ဟပ် စေရန် အားထုတ်ထားသော ဆောင်းပါးသာဖြစ်သည်။ သို့ ဖြစ်၍ အထက်ဆောင်းပါး နှင့် စပ်လျဉ်း၍ အဖြစ်မှန်၊ အကြောင်းမှန်ကို ပြည်သူများ သိရှိနိုင်ရန် ဤဆောင်းပါးဖြင့် သုံးသပ်တင်ပြခြင်း ဖြစ်ပါ သည် ။

Tuesday, May 18, 2021

အာဏာသိမ်း စစ်ခေါင်းဆောင်များ၏ အဓိကပစ်မှတ်

ဧရာဝတီ
April 23, 2021

အရာခပ်သိမ်းသည် ခေါင်းဆောင်နှင့် ခေါင်းဆောင်မှုပေါ်တွင်မူတည်သည် မှန်လျှင် မြန်မာ့ နွေဦးတော်လှန်  ရေး ၏ အောင်မြင်ခြင်း မအောင်မြင်ခြင်းသည်လည်း ဦးဆောင်သည့် ခေါင်းဆောင်များ နှင့် ခေါင်းဆောင်မှု ပေါ်တွင် မူတည်လျှက်ရှိသည်ဟု ကောက်ချက်ချရမည်။ ယင်းကို အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက သိမြင်သုံးသပ် ထားဟန်တူသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေး၏ ခေါင်းဆောင်များသည် အာဏာသိမ်း အကြမ်းဖက် စစ် အုပ်စု၏ အဓိကပစ်မှတ် ဖြစ်လာကြသည်။
                                                                                

Monday, May 17, 2021

အပြန်အလှန်ဆက်နွယ်ပတ်သက်နေသော

မဇ္မျိမ
ဇေယျာအုန်း
16 May 2021 

ဦးကျော်မိုးထွန်းနဲ့ ကာလီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ်နဲ့ စကားပြောကြ တယ်။ အမေရိကန်အမတ်က ရိုဟင်ဂျာကိစ္စကို ဇောင်းပေးပြီးမေးတယ်။ ဦးကျော်မိုးထွန်းကလဲ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ သဘောထားကို ခိုင်ခိုင်မာမာတင်ပြတယ်။ ရိုဟင်ဂျာကိစ္စက သူ့ချည်းသတ်သတ် ရပ် တည်နေတာ မ ဟုတ်ဘူး။ တခြားကိစ္စရပ်တွေနဲ့လဲ အတော်ကို ဆက်နွယ်နေတယ်။ ရိုဟင်ဂျာပြဿနာက tip of the iceberg ဆိုတဲ့ ပင်လယ်ရေမျက်နှာပြင်ပေါ်ထွက်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးသက် သက် ပဲ။ အဲ အောက်မှာ အစိုင်အခဲ အတုံးအကြီးကြီး ကျန်နေသေးတယ်။ ပါဝင်ပတ်သက်နေတဲ့ အုပ်စုတွေရဲ့ ခံ စားချက်၊ သဘောထား အမြင်တွေကို အခုလို လေ့လာမိတယ်။

Friday, May 7, 2021

အခုစာမေးပွဲ အောင်ဖို့ လိုပါတယ်။

YU Open Political Society
@yuopenps · Political Organization
ဥသြ
May 7'2021
အခုဆို NUG ဟာ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာ(အထူးသဖြင့် အနောက်နိုင်ငံတွေ)ရဲ့ မေး ခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စဟာ NUGရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ်မှာ ထားရှိတဲ့ သဘော ထား ကို စစ်လိုက်တဲ့ စာမေးပွဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် အိမ်နီး ချင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးရတာဟာ အခုဆို လေးနှစ်နီးပါးရှိပြီဖြစ်ပါတယ် [i]။ ဒါပေမယ့် သူတို့အတွက် တရားမျှတမှုကို အခုအထိ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတ ကာ အထူးသဖြင့် OICနဲ့ အနောက်နိုင်ငံများက ရိုဟင်ဂျာတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေး ယူပေးဖို့ မြန်မာအစိုးရ(တစ်နည်း NLDအစိုးရ)ကို အစဉ်တစိုက် ဖိအားပေးလာခဲ့ပါတယ်။

Sunday, May 2, 2021

အာဏာရှင်စနစ် - မူလ၊ လက္ခဏာ၊ အကြောင်းရင်းနှင့် အကျိုးဆက်များ

အာဏာရှင်စနစ် ၎င်းသည်နိုင်ငံတော်အာဏာကိုအပြည့်အ၀ ကျင့်သုံးခြင်း၊ ကွဲပြားခြင်းများနှင့် ကန့်သတ် ချက် များကိုဖယ်ရှားခြင်းအပေါ်အခြေခံသည့်အယူအဆများ၊ လှုပ်ရှားမှုများနှင့်နိုင်ငံရေးအုပ်ချုပ်မှုအုပ်စုများဖြစ်သည်

Sunday, April 25, 2021

စစ်တွေဂျမားဗလီကိစ္စ ရခိုင်လူထုအလွှာကို ခွဲခြမ်းကြည့် ခြင်း (Opinion)

MOE MYINT
24 April 2021

ရခိုင်ပညာတတ်တွေနဲ့ သာမန်လူထုကြား၊ အထူးသဖြင့် မဘသနဲ့ခင်ညွန့်၊ နေဝင်းမှိုင်းမိနေတဲ့အုပ်စုကြား ကွာ ဟချက် အရမ်းကြီးတာကို ဒီရက်ပိုင်းမှာ သတိထားမိလာပါတယ်။ ဒီကိစ္စကိုပြောတာနဲ့ ဆွမ်းကြီးဝိုင်းလောင်းကြ မယ်၊ တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုသလို ပြောဆိုကြမှာ ကျနော်တွက်ဆမိပါတယ်။ ဒါပေမဲ့ အရဲစွန့်ပြီးတော့ ရေးလိုက်ပါပြီ။

-အထူးသဖြင့် စစ်တွေမြို့လယ်ခေါင်က နှစ်ပေါင်းရာကျော်ရှိတဲ့ ကိုလိုနီခေတ်ဦးပိုင်းက ဂျမားဗလီအကြောင်း ပြောကြရာမှာ စတင်လာတဲ့ ကိစ္စပါ။ တိုးတက်တဲ့အမြင်ရှိတဲ့ ရခိုင်အလွှာတွေက ဂျမားဗလီကို ယဉ်ကျေးမှု အေ မွအနှစ်အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း အကြံပြုတာကို ဗလီမို့လို ဘာလို့လုပ်ရမလဲဆိုတဲ့အမြင်နဲ့ ပြန်ပြီး ရိုင်းပြကြတာပါ။ 

Sunday, April 11, 2021

ရခိုင်ပြည်နယ်တွင် CDM လူပ်ရှားမှုကို မလိုလားဟု AA စစ်ဦးစီးချုပ် ပြော

ဧရာဝတီ
11 April 2021
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / AA
 
ရက္ခိုင့် စစ်တပ် (AA)တွင် ပီပြင်သည့် ရည်မှန်းချက် အခိုင်အမာရှိပြီး ဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် အာဏာ ဖီ ဆန်ရေး အရပ်ဘက် လှုပ်ရှားမှု (CDM)နှင့် လမ်းမပေါ်ရှိ ဆန္ဒပြပွဲများကြောင့် ၎င်းတို့၏ ရက္ခိတလမ်းစဉ် အေ ပါ်တွင် ရောထွေး ဝေဝါး သွားရန် မလိုကြောင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

မောက်မာ၊အမြင်ကျဉ်းသည့် အလိမ်အညာစစ်ခေါင်း ဆောင် တွေ ပြည်သူ့အင်အားကို လျှော့တွက်မိပြီ(CNN သတင်း ထောက်၏ သတင်းဆောင်းပါး)

CNN
ဧပြီ ၁၀၊ ၂၀၂၁
M-Media 


-တိုင်းပြည်အခြေအနေ တိုးတက်နေတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်နေ တယ်။ မင်းမဲ့စရိုက်ဆန်တဲ့ အကြမ်းဖက်လူအုပ်ကြောင့် လက်ရှိမှာ အကြမ်းဖက်မှုတွေ ဖြစ်နေပြီး ဒါကို ဖြို ခွင်း ရမယ်လို့ မြန်မာစစ်ကောင်စီက လူတွေကို ယုံကြည်စေချင်နေတယ်။ နိုင်ငံရေးလမ်းပြမြေပုံကို ချမှတ်ရေးဆွဲ ထားပြီး လွတ် လပ်မျှတတဲ့ ရွေးကောက်ပွဲ ၂ နှစ်အတွင်း လုပ်ပေးမယ်ဆိုတဲ့ စကားကိုလည်း လူတွေကို နား ထောင်စေချင်ပါ တယ်။

Tuesday, April 6, 2021

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီကို မစောင့်ဘဲ ‘ယခုပဲ အရေးယူဆောင်ရွက်သွားရန်’ နိုင်ငံတကာမှ ကျွမ်းကျင်သူ များ တိုက်တွန်

Mizimma

မြန်မာနိုင်ငံတ၀န်းရှိ ပြည်သူများက နေ့စဉ်နေ့တိုင်း ပြသထားခဲ့သည့် ဦးဆောင်မှုနှင့် စိတ်ပိုင်းဖြတ်လုပ်ဆောင်နေမှုတို့ကြောင့် အဆင့်လယ်ဗယ်တိုင်းရှိ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားစေရေးအတွက် စိတ်ပါဝင်စားမှု ရှိသင့်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး တွန် အန်ဒရူးစ်က ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် အွန်လိုင်းစကားဝိုင်းဆွေး‌နွေးပွဲ (webinar) တစ်ခုတွင် ပြောသွားခဲ့သည်။

Thursday, March 18, 2021

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

ဧရာဝတီ
လင်းငယ်
18 March 2021

၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးကြစဉ်

(၁) ဒီရက်ပိုင်းတွေမှာ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ လုပ်ငန်းစဉ်တွေကို စိတ်ပါဝင်စားစွာ စောင့်ကြည့် ခဲ့ ကြပါတယ်။ ဒါပေမယ့် ကြည့်ပုံကြည့်နည်းကတော့ မတူပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်ကို ပြန်ကြည့်ရင်တော့ တော် တော်ကလေးကို ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ အရင်က ဆန့်ကျင်မလိုလားမှုကဲခဲ့ပြီး အခုချိန်မှာ တော့ မျှော်လင့်ချက် အားကိုးမှုတို့ ဖြစ်လာခဲ့ပါတယ်။

Sunday, March 7, 2021

သမိုင်းတစ်ကျော့ပြန်လည်ခြင်း - မြန်မာ့နိုင်ငံရေး အကူး အပြောင်းအတွက် နောက်လမ်းဆုံးတစ်ခု

TNI
9 ဖေဖေါ်ဝါရီလ 2021
Article

ယနေ့သည် အနာဂတ်ပြည်ထောင်စုအတွက် တန်းတူညီမျှရေးနှင့် စည်းလုံးညီညွတ်ရေး အခြေခံမူများ ရေးဆွဲပြင်ဆင်ရန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၌ စုဝေးခဲ့ကြသည့် သမိုင်းတွင်မည့် ပင်လုံသဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အစွဲပြု၍ ကျင်းပလေ့ရှိသည့် ပြည်ထောင်စုနေ့ဖြစ်သည်။ သို့ သော်လည်း ၂၀၂၁ ခုနှစ်သည် အောင်ပွဲခံရမည့်နေ့ထူးနေ့မြတ်တစ်ရက် မဟုတ်ခဲ့ဘဲ မတရားသဖြင့် တိုင်းပြည်အာဏာရယူထားသည့် တပ်မတော်၏ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ဆန္ဒပြ သည့်အနေဖြင့် တစ်နိုင်လုံး အုံးအုံးကျက်ကျက် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လမ်းပေါ် ထွက်၍ ဆန္ဒပြရသည့် နေ့ဖြစ်နေခဲ့သည်။ ယခုသုံးသပ်ချက်အတွင်း၌ လက်ရှိအရေးအခင်း မည်မျှ ကြီးကျယ်အရေးပါမှုနှင့် စစ်အုပ်ချုပ်ရေးဖြစ်စဉ်များ၊ နိုင်ငံကျရှုံးမှုနှင့် တိုင်းရင်းသား လက်နက်ကိုင်ပဋိ ပက္ခများ အလွန်အန္တရာယ်ကြီးမားလှသည့်ပုံစံဖြင့် သံသရာတစ်ပတ် ပြန်လည်လာခဲ့သည့် အကြောင်း ရင်းများကို TNI မှ ဆန်းစစ်သုံးသပ်တင်ပြထားသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရေရာသေချာမှုမရှိသည့် အနာဂတ်တစ်ချိန်ချိန်၌ မဟုတ်ဘဲ ယနေ့ပင် အရေးတကြီးလိုအပ် နေပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌တွေ့ရှိရသည့် ရန်ကုန်မြို့ ဆန္ဒပြပွဲများ

၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု

IPS P 1eace Desk
By John Buchanan,
On September 12, 2018

ဂျွန် ဗျူခန်နန် ၂


■ ၁။ နိဒါန်း


မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်အပြင် များပြားလှသော သီးခြားပဋိပက္ခများလည်း ရှိပေသည်။ ၃ သုတေသီများမှာ ပြည်တွင်းစစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ကြသော်လည်း ၎င်းတို့၏ လေ့လာသုတေသန ပြုမှုများတွင် မြန်မာနိုင်ငံအကြောင်းကို များစွာ လျစ်လျူရှုခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်အကြောင်းကို စာအုပ်ရေးသားရန် လျစ်လျူရှုထားခဲ့ခြင်းကြောင့် သက်ဆိုးရှည်လှသည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်အပေါ် အမြင်အမျိုးမျိုးကို အကဲဖြတ် ရှင်းလင်းပြနိုင်ရန်မှာ အရေးပါလှသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။

R2P (Responsibility to Protect) အကြောင်း သိကောင်းစရာ

DVB
အောင်မျိုးမင်း
R2P (Responsibility to Protect) ဆိုတာ ဘာလဲ၊ အကာအကွယ်ပေးရန် တာဝန်ရှိမှုလို့ အဓိပ္ပာယ်ပြန်နိုင် ပါ တယ်။လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ရာဇဝတ် မှုတွေ၊ လူမျိုးစု သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂကမ္ဘာ့ထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒ ဖြစ်ပါတယ်။

R2P ဟာ နိုင်ငံတကာဥပဒေတခုမဟုတ်ပါဘူး။ နိုင်ငံတကာစာချုပ်တခုလည်း မဟုတ်တဲ့အတွက် မဖြစ်မနေ လုပ် ဆောင်ရမယ့် ဥပဒေစည်း‌‌နှောင်မှုမျိုးလည်း မရှိပါဘူး။ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာ တွေ မဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ သဘောတူထားတဲ့ နိုင်ငံရေးမူတခုပဲ ဖြစ်ပါတယ်။

တရုတ် မဟုတ်ဘဲ အနောက်နှင့် ဆက်ဆံရေးကောင်းလိုဟု စစ်ကောင်စီ လော်ဘီ ပြော

ဧရာဝတီ 
7 March 2021
၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်း ရုရှစစ်ဘက်အရာရှိများနှင့် ဗိုလ်ချုပ်ကြီး မြထွန်းဦး တွေ့ဆုံစဉ် / y Ministry of Defense of the Russian Federation

မြန်မာ စစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမှ စွန့်ခွာရန် စိတ်အားထက်သန်နေပြီးအမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်ချင်ကာ တရုတ်နှင့် ခပ်ခွာခွာနေလိုကြောင်း မြန်မာစစ်ကောင်စီက ငှား ရမ်းထားသော အစ္စရေး-ကနေဒီယန်ကပြား လော်ဘီသမားက ပြောကြားလိုက်သည်။

Thursday, February 18, 2021

မွတ်ဆလင်ဒုက္ခသည်ဝှက်ဖဲကို ထုတ်သုံးလာသည့် မြန်မာ စစ်တပ်၏ ကစားပွဲ

DMG
February 17,2021

 စောသန္တာအေး မြန်မာပြန်ဆိုသည်။

 ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရယူလိုက်ပြီးနောက် လူထု၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ နှင့်အတူ အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂတို့၏ ပြစ်တင်ရှုတ်ချမှုများ ရင်ဆိုင်နေရသည့် မြန်မာစစ်တပ်အတွက် အနိုင် ရရန် ထုတ်သုံးနိုင်သည့် ဝှက်ဖဲမှာ မရှိသလောက်နည်းပုံ ပေါ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */