" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 11, 2021

ရခိုင်ပြည်နယ်တွင် CDM လူပ်ရှားမှုကို မလိုလားဟု AA စစ်ဦးစီးချုပ် ပြော

ဧရာဝတီ
11 April 2021
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / AA
 
ရက္ခိုင့် စစ်တပ် (AA)တွင် ပီပြင်သည့် ရည်မှန်းချက် အခိုင်အမာရှိပြီး ဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် အာဏာ ဖီ ဆန်ရေး အရပ်ဘက် လှုပ်ရှားမှု (CDM)နှင့် လမ်းမပေါ်ရှိ ဆန္ဒပြပွဲများကြောင့် ၎င်းတို့၏ ရက္ခိတလမ်းစဉ် အေ ပါ်တွင် ရောထွေး ဝေဝါး သွားရန် မလိုကြောင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ဗမာ တိုင်းရင်းသား အပါအဝင် တခြားသော တိုင်းရင်းသား ပြည်သူများ လိုလားတောင့်တနေသော နိုင်ငံရေး ဆန္ ဒပြည့်ဝ ရန်အတွက် တတ်နိုင်သည့်ဘက်က ကူညီပံ့ပိုးမည် ဖြစ်လည်း ရခိုင်ပြည်နယ်တွင် အထက်ပါ လှုပ် ရှားမှု များကို AA အဖွဲ့က မလိုလားကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၁၂ နှစ်မြောက် ရက္ခိုင့်စစ်တပ် (AA)နေ့ အခမ်းအနားသို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်အသုံးအနှုန်းဖြင့် ပေးပို့သော သဝဏ်လွှာတွင် ယခုလို ရေးသားထားခြင်း ဖြစ် သည်။

“ရခိုင်ပြည်နယ်ထဲမှာ CDM လူပ်ရှားမှုနဲ့ လမ်းမထက်က ဆန္ဒပြပွဲတွေကို ငါရို့ (တို့) မလိုလား၊ ငါရို့ (တို့)မှာ ရက္ခိ တ လမ်းစဉ် ရှိတယ်။ ငါရို့ (တို့)၏ ရည်မှန်းချက် ရှိတယ်။ ပီပြင်တဲ့ ရည်မှန်းချက်နဲ့ အခိုင်အမာ လျှောက်လှမ်း ချီတက်နေတဲ့ အချိန်မှာ အ ခြား ပြဿနာတွေနဲ့ ရောထွေးပြီးတော့ မဝေဝါးလာဖို့ လိုတယ်”ဟု ၎င်း၏ သဝဏ် လွှာတွင် ရေးသားဖော်ပြထားသည်။

အရပ်ဘက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သည် စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် အာဏာ သိမ်း စစ်ကောင်စီ ယန္တရားများ ပုံမှန် လည်ပတ်မှု မရှိစေရန် ဒီမိုကရေစီရေး လိုလားသူများ၏အကြမ်း မဖက်သည့် နည်း လမ်းဖြင့် ကြိုးပမ်း အားထုတ်မှုတခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ CDM လှုပ်ရှားမှုမှာ ကမ္ဘာ့ ငြိမ်း ချမ်းရေး နိုဘယ်ဆုအတွက်ပါ အဆိုပြုခံထားရသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု၏ အဆိုပြုလွှာတွင် သန်းပေါင်းများစွာသော မြန်မာ ပြည်သူများသည် CDM ၏ အစိတ်အပိုင်း အဖြစ် ကိုယ်စားပြုပါဝင်နေကြပြီး ယခုအဆိုပြုမှုသည် ဒီ မိုကရေစီနိုင်ငံတခုတွင် ငြိမ်းချမ်းစွာ နေ ထိုင်နိုင်ရေး သူတို့ အခွင့် အရေးကို တောင်းဆိုတိုက်ပွဲ ဝင်နေကြသည် မြန်မာပြည်သူများကို ကျေးဇူး တင် ဂုဏ် ပြုခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

CDM ကို AA အဖွဲ့က မထောက်ခံသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ဆန္ဒပြ ပွဲများ တွင် ဥပ ဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုများကြောင့် သေဆုံးဒဏ်ရာရရှိမှု၊ နစ်နာ ဆုံးရှုံးမှု၊ မတရား ဖမ်းဆီး ခံရမှုများအတွက် အထူးစိတ်မကောင်းဖြစ်ရကြောင်း ၎င်းတို့၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့် AA တို့ကြား ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှ စ၍ နှစ် ဘက် အပစ်အခတ် ရပ်စဲထားသော်လည်း ခိုင်မာသည့် သဘောတူညီမှု တစုံတရာ မရရှိသေးကြောင်း AA စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

“အခုအချိန်သည် စစ်ဖြစ်နေခြင်း မဟုတ်သော်လည်း ငြိမ်းချမ်းရေးလည်း မဟုတ်သေးတဲ့ မရေရာ အနေအ ထား၊ ခိုင်မာတဲ့ ဂတိကဝတ် တစုံတရာ မရှိသေးတဲ့ ယာယီ အပစ်အခတ်ရပ်စဲမှုဟာ စိတ်ချရသည့် အနေ အထားမဟုတ် သေးတဲ့အတွက် စစ်ရေးသတိ လုံးဝ မပေါ့လျော့ရန် လိုအပ်တယ်”ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် ထိုစဉ်က အစိုးရ စစ်တပ်နှင့် AA တို့ကြား တိုက်ပွဲများမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် နေ့စဉ်နှင့်အမျှ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ယာယီ အပစ်အခတ် ရပ်စဲ ထားနိုင်ခဲ့သည်။

စစ်တပ်နှင့် AA တို့ နှစ်ဘက် တိုက်ပွဲများ ရပ်တန့်ထားခဲ့ပြီးသည့် နောက်ပိုင်း ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် စစ် တပ်က နိုင်ငံတော် အာဏာကို အတင်းအဓမ္မ ရယူသည့်အခါ AA က ထောက်ခံသည့် ပုံစံဖြင့် နုတ်ဆိတ်နေ ခဲ့ သည်။

သို့သော် အာဏာသိမ်း စစ်ကောင်စီက ဆန္ဒပြ ပြည်သူများနှင့် သာမန်ပြည်သူများကို အကြမ်းဖက် သတ်ဖြတ် မှု များ ဆက် တိုက် ပြုလုပ်လာသည့်အခါ မတ်လ ၃၀ ရက်နေ့တွင် အရပ်သား ပြည်သူများကို သတ်ဖြတ်နေ မှု အား ချက်ချင်း ရပ်တန့်ရန် AA အပါအဝင် ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန် ခဲ့သည်။

ရက္ခိုင့်စစ်တပ် ထူထောင်သည့် နေ့တခုဖြစ်သော ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့က ရှမ်းပြည်နယ်၊ လားရှို့ မြို့အနီး ရှိ နောင်မွန် ရဲစခန်းကို AA အပါအဝင် ညီနောင် မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက် ခိုက်သည့် အတွက် ရဲတပ်ဖွဲ့ ဝင်များ အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့သည်။

AA တပ်ဖွဲ့အပါအဝင် ညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းများကို စတင်တိုက် ခိုက် လိုက်ပြီ ဖြစ် သည့်အတွက် ရခိုင်ပြည်နယ်တွင်လည်း စစ်ပွဲများ တကျော့ပြန် ဖြစ်လာမည်ကို စိုးရိမ်ပူ ပန် မှုများ လည်း ရှိသည်။

မြောက်ဦးမြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းက လေ့လာစောင့်ကြည့်သူတဦးက“ရခိုင်မှာ တိုက်ပွဲသာ မဖြစ် တာ၊ နှစ်ဘက် တပ်တွေက လုံးဝ နောက်မဆုတ်ဘဲ ဆိုင်နေတဲ့ အနေအထားဖြစ်တယ်။ တပ်ကလည်း အင်အားတိုးချဲ့ ပြီးတော့ စခန်းတွေ ကို အခိုင်အမာ လုပ်နေတယ်။ မနေ့က AA နဲ့ ညီနောင် မဟာမိတ်အဖွဲ့က ရှမ်းပြည်ကရဲစခန်း ကို ဝင်တိုက်လိုက်ပြီ ဆိုတော့ ရခိုင်မှာ တိုက်ပွဲပြန်ဖြစ်ဖို့က သေချာသလောက်ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြော သည်။

အာဏာသိမ်း စစ်ကောင်စီ၏ ပြည်သူအပေါ် မတရား သတ်ဖြတ်မှုများကြောင့် AA အပေါ် ယခင်က ထောက်ခံ မှု နည်းပါးခဲ့ သည့် ရခိုင်တောင်ပိုင်း မြို့နယ်များ ဖြစ်သည့် တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် ၊ ဂွ စ သည့်မြို့ နယ်များကပါ AA အ ပေါ် ထောက်ခံမှု ရှိလာသဖြင့် လက်ရှိအခြေအနေတွင် ရခိုင် ၁၇ မြို့နယ် လုံး တွင် AA တပ် ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့် အခြေအနေ ရှိကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။

အလားတူ အာဏာသိမ်း စစ်ကောင်စီ တပ်များဘက်ကလည်း အချိန်မရွေး AA တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက် ခိုက်နိုင် သည့်အတွက် လက်အောက်ခံ ရဲတပ်ရင်း၊ တပ်ဖွဲ့များထံ အသင့်အနေ အထား ပြင်ဆင်ပြီး စစ်ရေး၊ လုံခြုံ ရေး သတိ မလျော့စေရန် ယခုလဆန်းပိုင်းကတည်းက ညွန်ကြားထားကြောင်းလည်း စုံစမ်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် ယနေ့အချိန်ထိ စစ်ဘေးရှောင် သိန်းနှင့်ချီ နေရပ်မပြန် နိုင် သေး ဘဲ ရခိုင် ပြည်သူများ အနေဖြင့်လည်း ယခုတကြိမ် တိုက်ပွဲပြန်ဖြစ်လာပါက ယခင်ကထက် ပိုမိုပြင်း ထန် မည့် အနေအထား ရှိနေ သည့်အတွက် စိုးရိမ်မှုပူပန်မှုများ မြင့်တက်လျက်ရှိသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */