" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 7, 2021

အခုစာမေးပွဲ အောင်ဖို့ လိုပါတယ်။

YU Open Political Society
@yuopenps · Political Organization
ဥသြ
May 7'2021
အခုဆို NUG ဟာ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာ(အထူးသဖြင့် အနောက်နိုင်ငံတွေ)ရဲ့ မေး ခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီကိစ္စဟာ NUGရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ်မှာ ထားရှိတဲ့ သဘော ထား ကို စစ်လိုက်တဲ့ စာမေးပွဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် အိမ်နီး ချင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးရတာဟာ အခုဆို လေးနှစ်နီးပါးရှိပြီဖြစ်ပါတယ် [i]။ ဒါပေမယ့် သူတို့အတွက် တရားမျှတမှုကို အခုအထိ ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတ ကာ အထူးသဖြင့် OICနဲ့ အနောက်နိုင်ငံများက ရိုဟင်ဂျာတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေး ယူပေးဖို့ မြန်မာအစိုးရ(တစ်နည်း NLDအစိုးရ)ကို အစဉ်တစိုက် ဖိအားပေးလာခဲ့ပါတယ်။

 ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ကလည်း မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ် မှုနဲ့ လူ့အခွင့်အရေးကို လူမဆန်စွာ ချိုးဖောက်မှုတွေအတွက် သက်သေအစီရင်ခံစာများလည်း တင်သွင်းထုတ် ပြန်ခဲ့ ပြီး ဖြစ်ပါတယ်။[ii]

၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့မှာ OICကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု အတွက် ICJမှာ တရားစွဲဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ICJမှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေက -

၁။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေမှာ ရက်စက်ကြမ်းကြုတ်မှု၊

၂။ စစ်တပ်ရဲ့ စနစ်တကျ ချေးမှုန်းဖျက်ဆီးရေး ဆောင်ရွက်ခဲ့မှု၊

၃။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ကျူးလွန်ခဲ့မှု၊

၄။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်းနဲ့ နောက်ပိုင်း ဖြစ်စဉ်တွေမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာတာ ဝန် ရှိသူတွေက လူမျိုးရေးခွဲခြားဆက်ဆံမှု၊ စော်ကားမှု။

၅။ နိုင်ငံတော်အဆင့် မူဝါဒတွေမှာ နိုင်ငံသားဖြစ်တည်မှု ဥပဒေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု လုပ် ငန်းစဉ်မှာ ခွဲခြားဆက်ဆံတဲ့ မူဝါဒနဲ့ အစီအမံတွေ ရှိမှု၊ ရခိုင်ပြည်နယ်အတွင်းက ရှိနှင့်ပြီး လူမျိုးစု၊ လူမှုအသိုက် အဝန်းနဲ့ လူဦးရေ တည်ရှိမှု ပုံစံ ပျက်ပြားအောင် ဆောင်ရွက်မှု။

၆။ အများပြည်သူကြား ရိုဟင်ဂျာနဲ့ ပက်သက်ပြီး အမုန်းတရား ဖြန့်ချိနေတာကို အစိုးရက အရေးယူဆောင် ရွက် ခြင်း မရှိခဲ့မှု။

၇။ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများ ချိုးဖောက်မှုကို အစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်ခဲ့မှုတွေဘဲ ဖြစ်ပါတယ်[iii]။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဟာ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်း ဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစဉ်တစိုက် ကာကွယ်ပေးခဲ့ပါတယ်။ ဂမ်ဘီယာအနေနဲ့ မြန်မာ နိုင် ငံအပေါ် တရားစွဲခဲ့တာ မှန်ပေမယ့် အပေါ်က စွပ်စွဲချက်တွေကို ကြည့်ရင် စစ်တပ်ရဲ့ လူမျိုးတုံး သတ် ဖြတ်မှုနဲ့ အစိုးရရဲ့ အရေးယူရန် ပျက်ကွက်ခဲ့မှုကိုသာ ဂမ်ဘီယာက စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

 ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ICJနဲ့ ပူးပေါင်းပြီး စစ်တပ်ရဲ့ ကျူးလွန်ခဲ့မှုတွေကို အ ရေးယူတာတွေနဲ့ အစိုးရရဲ့ ပျက်ကွက်ခဲ့မှုတွေကို ပြန်လည် ကုစားတာမျိူး လုပ်ဆောင်ခဲ့သင့်ပါတယ်။ ဒီလို ICJနဲ့ ပူးပေါင်းပြီး စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တာဝန်ခံခိုင်းရင် စစ်အာဏာသိမ်းမှု စောဖြစ်လာနိုင်စရာ အ ကြောင်း ရှိပါတယ်။ အဲ့ဒီတော့ နွေဦးတော်လှန်ရေးသည်လည်း စော ဖြစ်လာနိုင်ပါတယ်။ မည်သို့ဆိုစေ ICJ အမှုတွဲအပါ အဝင် ICC ကိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ပါက စစ်အာဏာသိမ်းရာမှာ စစ်တပ်အတွက် အခုထက် ပိုမိုအကြပ်အ တည်းနဲ့ ရင်ဆိုင်ရနိုင်ပြီး စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ ဒေါ် အောင်ဆန်းစုကြည်က နိုင်ငံတကာ မျက်နှာစာမှာ မကာကွယ်ပေးခဲ့ရင် အစိုးရအနေနဲ့ ဒီကိစ္စရပ်အတွက်လျစ်လျူ ရှုမှု၊ ကုစားဖို့ ပျက်ကွက်မှုတွေအတွက်ပဲ တာဝန်ယူရမှာပါ။ ဒါပေမဲ့ အခုလို အစိုးရရဲ့ စစ်တပ် ကို ကာကွယ်ပေး ပြီး တာဝန်မဲ့လုပ်ရပ် အပြောအဆိုတွေအတွက်ကတော့ ဘယ်လိုမှဖြည့်တွေးပေးစ ရာမရှိပါ ဘူး။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ ICJရှေ့မှောက်မှာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးအထိ အကာအကွယ်ပေးခဲ့ပါတယ်။[iv] အ နိုင် ရပါတီ ထောက်ခံသူများအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ကျူးလွန်ခဲ့မှုကို မသိလို့ ကာကွယ် ပေးခဲ့ ပါတယ်လို့ ငြင်းချက်ထုတ်စရာ အကြောင်းရှိပါတယ်။ နိုင်ငံတကာကတောင် သက်သေတွေနဲ့ တကွ သိတဲ့၊ နိုင်ငံ တကာမှာ ဟိုလေးတကြော် ဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အစိုးရအဖွဲ့ အကြီးအကဲ နိုင် ငံတော် အင်္ဂါစဉ် (၂)နေရာမှာ ရှိခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မသိခဲ့ဘူးဆိုတာ သဘာဝကျရဲ့လား။

နောက်တစ်ခုက စစ်တပ်ရဲ့ အင်းဒင်ရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ဖော်ထုတ်ခဲ့တဲ့ သတင်း ထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို နိုင်ငံတော်လှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲမှု အပေါ် ဒေါအောင်ဆန်းစု ကြည်က နိုင်ငံတော် လှို့ဝှက်ချက် ပေါက်ကြားလို့ တရားစွဲရတာလို့ တုံ့ပြန်ပါတယ်။ ဒီလိုဆိုတော့ စစ်တပ်ရဲ့ လူမျိုးတုံး သတ် ဖြတ်တာကိုနိုင်ငံတော် လှို့ဝှက်ချက်လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆတယ်လို့ဘဲ မှတ်ယူကြ ရ မှာ ဖြစ်ပါတယ်။ နောက်ပြီး ICJ မှု မြန်မာတနိုင်ငံလုံးအနေနဲ့ အစွပ်စွဲခံခဲ့ရတာကြောင့် လူထုမျက်နှာကိုထောက် ထား ပြီး ကာကွယ်ပေးရတာ ဆိုပြီးပုံဖော်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုအနေနဲ့ ရိုဟင်ဂျာတေ ကို လူ မျိုးတုံး သတ်ဖြတ်ခဲ့တာမဟုတ်ဘဲ ဒီကိစ္စရပ်အတွက် နှုတ်ဆိတ်နေခဲ့ခြင်း လျစ်လျူရှုခဲ့ခြင်းအစိုးရကို ဖိအားပေး ဖို့ ပျက် ကွက်ခဲ့ခြင်းတို့က အပြစ်ဖြစ်တယ် ဆိုတဲ့စဉ်းစားချက်ကတော့ အဖုံးကွယ်ခံခဲ့ရပါတယ်။

 ICJမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ကို သုံးသပ်ကြည့်လိုက်ရင် အာဆာရဲ့ တိုက်ခိုက်မှုတွေ အ ပေါ် အပြစ်ပုံချပြီး စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို လျော့ပေါ့စေခြင်း၊ စစ်တပ်ရဲ့ ကျူးလွန်ခဲ့မှုတွေကို ကာ ကွယ်ပြောဆိုခြင်းနဲ့ ကျူးလွန်ခဲ့သူများကိုလည်း စစ်ဥပဒေချုပ်ရုံးက နိုင်နင်းစွာ အရေးယူနိုင်ကြောင်း ခုခံချေ ပ ခြင်း၊ ဖွံဖြိုးတိုးတက်မှု နောက်ကျခြင်းကြောင့် ဖြစ်လာသော ပြဿနာဟု စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကို ပေါ့ လျော့စေခြင်း နဲ့ ယုတ်စွအဆုံး ရခိုင်ပြည်သူလူထု ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကိုသာ ဦးတည်လုပ်ဆောင်နေတဲ့ AAကိုပါ ပြည်ထောင်စု ပြိုကွဲစေမယ့် အန္တရာယ်အဖြစ် သက်ဆိုင်ခြင်းမရှိဘဲ စွပ်စွဲခဲ့တာကို တွေ့ရပါတယ်[v]။ ဒါ့ အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးဟာဆိုရင်လည်း စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ခဲ့မှုကို သာမန်လုံခြုံရေးအတွက် စစ် ဆင်ရေးဆောင်ရွက်ခဲ့မှုများသာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်[vi]။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန လူမှုကွန်ယက် စာမျက်နှာများကလည်း “Fake Rape”စသဖြင့် အရှက် သိ က္ခာကင်းမဲ့စွာ သတင်းအမှားများစွာဖြင့် ဝါဒဖြန့်ခဲ့ပါတယ်[vii]။ ဒါ့အပြင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရဲ့ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့ ပါတယ်။[viii]

ဒီလို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ယောက်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို နိုင်ငံတကာရာဇဝတ်ခုံရုံးရှေ့မှောက် ၌ ကာကွယ်ပြောဆိုခဲ့မှုဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များအကြား များစွာ အရှက်ရစရာ ဖြစ်ခဲ့ပါ တယ်။ ဒါအ ပြင့် ရိုဟင်ဂျာအရေးမှာ နှုတ်ဆိတ်နေရုံမက စစ်တပ်ရဲ့ လုပ်ရပ်ကိုပါ ကာကွယ်ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို ကမ္ဘာ့ဂုဏ်သရေရှိ သတင်းမီဒီယာများ ဖြစ်ကြသော BBC newsနှင့် The Guardianက “ငြိမ်းချမ်း‌ရေး သင်္ကေတမှသည် ဖယ်ကျဉ်ခံဘဝသို့--အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သရေကျဆင်းမှု”စသဖြင့် ရေး သားခဲ့ကြပါ တယ် [ix][x]။

နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အေ ပါ် ထားရှိခဲ့တဲ့ ကတိက ဝတ် တွေ အပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တစိုက်မတ်မတ် ကာ ကွယ် မြှင့်တင်မှုကြောင့်ရရှိခဲ့တဲ့ ဆုများလည်း ပြန်လည် ရုပ်သိမ်းခံခဲ့ရပါတယ်[xi]။

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည်လည်း စစ် တပ် ရဲ့ အကြမ်းဖက် လူမျိုးတုန်းသတ်ဖြတ်မှုကို ကာကွယ်ပေးခဲတဲ့အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မလေး စားဘဲ မြှင့်တင်ရန် ပျက်ကွက်ခဲ့တဲ့ အစိုးရ အဖြစ် နိုင်ငံတကာက နှာခေါင်းရှုံစရာ ဖြစ်ခဲ့ပါတယ်။ ICJမှာ စစ်တပ်ရဲ့ လုပ်ရပ်ကို သွားရောက်ကာကွယ်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံခဲ့တဲ့ မြန်မာပြည်သူလူထု အနေနဲ့ လည်း လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးထောက်ခံသူများအဖြစ် နိုင်ငံတကာမှာ မှတ်ချက်ပြုခြင်း ခံခဲ့ရပါ တယ် [xii]။ မြန်မာနိုင်ငံကိုလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာခဲ့ပေမယ့် အရင်ကလိုဘဲဖိနှိပ်မှုများမပြောင်း လဲဘဲ ရှိနေသေးတယ်လို့ ကမ္ဘာ့သတင်းမီဒီယာကြီးများက ဖော်ပြခဲ့ပါတယ်[xiii]။

 အခုတစ်ဖန် NUGအစိုးရသည် NLDအစိုးရရဲ့ ဆိုးမွေ ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အရေးကို ‌‌မဖြစ်မနေ ဖြေရှင်းဖို့ တာဝန်ရှိလာပြီဘဲ ဖြစ်ပါတယ်။ ဒါ့ပေမယ့် NUG ရဲ့ အစိုးရ အဖွဲ့ဝင်တွေမှာ စစ် တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေကို ကာကွယ်ပြောဆိုရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ ဝင်းမြတ်အေးနဲ့ ဒေါ်ခင်မမမျိုးလို ပုဂ္ဂိုလ်တွေ ပါနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထား ရေ ပမယ့် လွတ်မြောက်နေတဲ့ ဒေါက်တာဝင်းမြတ်အေးနဲ့ ‌ဒေါ်ခင်မမမျိုးတို့ဟာ အခုအထိ လူသိရှင်ကြား ဝန်ချ တောင်းပန်ခြင်း မရှိသေးပါဘူး။

အခု ရိုဟင်ဂျာ အရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အပေါ်မှာ ထား ရှိတဲ့ သဘောထားတွေအပေါ် စစ်တဲ့ စာမေးပွဲ တစ်ခု ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ အ တွက်တော့ စာမေးပွဲ ကျခဲ့ပြီးပါပြီ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြွေးကြော်နေတဲ့ NUGအနေနဲ့ ဒီစာမေးပွဲကို အောင်မှ ဖြစ်ပါလိမ့်မယ်။ ဒီစာမေးပွဲကို ‌အောင်ဖို့ဆိုရင်လည်း ရိုဟင်ဂျာ အရေးကို ချဉ်းကပ်တဲ့အခါမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ နှုန်းစံများအပေါ် အခြေခံပြီး ချဉ်းကပ်သင့်သလို လက်တွေ့ ကျသော၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီသော မူဝါဒများ ချပြဖြေဆိုဖို့ နောက် ဆက် တွဲ လုပ်ငန်းစဉ်များနဲ့ လက်တွေ့ကုစားပေးဖို့လည်း လိုပါတယ်။

ပထမအဆင့်အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် လူ မျိူးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေကို ကာကွယ်ပြောဆိုခဲ့ တဲ့ ဒေါက်တာဝင်းမြတ်အေးနဲ့ ရိုဟင်ဂျာများကို အင်းဆက်နဲ့ သဏ္ဍန်ပြုရေးသားခဲ့တဲ့ ဒေါ်ခင်မမမျိုးတို့ကို ပြန် လည် တောင်းပန်ခိုင်းပြီး ရာထူးမှနုတ် ထွက်စေ ကာ NUG မှာ အခြား လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထား တဲ့ ပုဂ္ဂိုလ်များနဲ့ အစားထိုး ဖွဲ့စည်းသင့်ပါတယ်။ တလောက အမေရိကန်အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံ ရေးကော်မတီနဲ့အစည်းအဝေးမှာ ဦးကျော်မိုး ထွန်းက စစ်အာဏာရှင် ဖြုတ်ချပြီးရင်ပိုကောင်းတဲ့ အစိုးရ တရပ် အနေနဲ့ လုပ်ဆောင်သွားနိုင်မှာဖြစ်ကြောင်း၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးတွေ အေပါ်မှာ သေ သေချာချာ ရှင်းရှင်းလင်းလင်း မဖြေကြား သွား တာက NUG ရဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု အတွက်ရော ပြည် တွင်းမှာလည်း အစိုးရတရပ်ရဲ့ တာဝန် ယူမှု တာဝန်ခံမှု ဂုဏ်သိက္ခာရှိမှုတွေအတွက် ရင်လေး စရာဖြစ်နေပါတယ်။မြန်မာပြည်သူလူထု အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ၊ NLD လော်ဘီ၊ စစ်အုပ်စုနဲ့ မဘသလို အစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီးများရဲ့ လှည့်ဖျားဝါဒဖြန့်မှုကို နားယောင် ခဲ့လို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မလေးစားသူ၊ မထိုက် တန်သူ၊ စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို အားပေးသူများအဖြစ် ရှုမြင် ခံခဲ့ရပြီး ဖြစ်ပါတယ်။

အခုစာမေးပွဲဟာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုကို စစ်ဆေးတဲ့ စာမေးပွဲလည်း ဖြစ်ပါကြောင်း သတိချပ်ကြဖို့ လိုပါလိမ့်မယ်။


[i] RFA, “ရိုဟင်ဂျာ သိန်းနဲ့ချီထွက်ပြေးမှု သုံးနှစ်ပြည့်” 24, August, 2020 <https://www.rfa.org/.../Rohingya-fled-to.../ampRFA>

 [ii] BBC News, “ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာကို ကုလ ရှုတ်ချ,” 28 December 2019 <https://www.google.com/.../www.../burmese/burma-50933776.amp>

[iii] BBC News, “ICJမှာ ဂမ်ဘီယာဘက်က ဘာတွေစွပ်စွဲခဲ့လဲ” 10 December , 2019 <https://m.facebook.com/story.php?story_fbid=2702994743089727&id=166580710064489>

[iv] ဒီမိုကရက်တစ် မြန်မာ့အသံ။ အိုင်စီဂျေတရားရုံး၌ မြန်မာကိုစွဲထားသည့်အမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရင်ဆိုင်မည်။ DVB news, ၂၁၊ နိုဝင်ဘာ၊ ၂၀၁၉။ <http://burmese.dvb.no/archives/357736>

[v] ဒီမိုကရက်တစ် မြန်မာ့အသံ။ ICJတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်၏ လျှောက်ထားချက် အပြည့်အစုံ။ DVB news၊ ၁၂ ဒီဇင်ဘာ ၂၀၁၉ <http://burmese.dvb.no/archives/361207>

[vi] BBC news, ရိုဟင်ဂျာ ပြန်ခေါ်ဖို့ ဘင်္ဂလား‌ဒေ့ရှ် တောင်းဆို” ၂၀ စက်တင်ဘာ ၂၀၁၇ <https://www.google.com/.../www.../burmese/world-41334832.amp>

[vii] ဦး၊ အောင်ကျော်။ ရိုဟင်ဂျာဆန့်ကျင်ရေးရုပ်ရှင် ဝက်ဘ်ဆိုက်လင့်ခ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ဖြန့်ဝေ။  Frontier Myanmar။  ၂၀၊ စက်တင်ဘာ ၂၀၁၈ <https://www.frontiermyanmar.net/.../%E1%80%9B%E1%80%AD.../>

 [viii] Khit Thit Media, "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်ခေါင်းဆောင်များ၏ လူမျိုးတုန်းသတ်မှုဖြင့် အရေးယူသင့်ဟု UNထုတ်ပြန်ချက် NLD လုံးဝ လက်မခံနိုင်ဟုဆို, " 28 August 2018 <https://m.facebook.com/story.php?story_fbid=519633628473988&id=385165108587508>

[ix] Petersen, Hannah Ellis, “From peace icon to pariah: Aung San Suu Kyi’s fall from grace,” The Guardian, 23 November 2018 <https://www.theguardian.com/.../aung-san-suu-kyi-fall...>

 [x] BBC news, “Aung San Suu Kyi: Myanmar democracy icon who fell from grace,” 3 November 2021 <https://www.google.com/.../world-asia-pacific-11685977.amp>

[xi] လင်း၊ ထက်ခေါင်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့သည့်ဆုအား ပြန်လည်ရုပ်သိမ်း။ Myanmar Now, ၁၃ နိုဝင်ဘာ ၂၀၁၈။ <https://www.myanmar-now.org/mm/news/336>

[xii] Petersen, Hannah Ellis, “From peace icon to pariah: Aung San Suu Kyi’s fall from grace,” The Guardian, 23 November 2018 <https://www.theguardian.com/.../aung-san-suu-kyi-fall...>

[xiii] Ibid https://www.theguardian.com/.../aung-san-suu-kyi-fall...

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */