" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 17, 2021

အပြန်အလှန်ဆက်နွယ်ပတ်သက်နေသော

မဇ္မျိမ
ဇေယျာအုန်း
16 May 2021 

ဦးကျော်မိုးထွန်းနဲ့ ကာလီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ်နဲ့ စကားပြောကြ တယ်။ အမေရိကန်အမတ်က ရိုဟင်ဂျာကိစ္စကို ဇောင်းပေးပြီးမေးတယ်။ ဦးကျော်မိုးထွန်းကလဲ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ သဘောထားကို ခိုင်ခိုင်မာမာတင်ပြတယ်။ ရိုဟင်ဂျာကိစ္စက သူ့ချည်းသတ်သတ် ရပ် တည်နေတာ မ ဟုတ်ဘူး။ တခြားကိစ္စရပ်တွေနဲ့လဲ အတော်ကို ဆက်နွယ်နေတယ်။ ရိုဟင်ဂျာပြဿနာက tip of the iceberg ဆိုတဲ့ ပင်လယ်ရေမျက်နှာပြင်ပေါ်ထွက်နေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးသက် သက် ပဲ။ အဲ အောက်မှာ အစိုင်အခဲ အတုံးအကြီးကြီး ကျန်နေသေးတယ်။ ပါဝင်ပတ်သက်နေတဲ့ အုပ်စုတွေရဲ့ ခံ စားချက်၊ သဘောထား အမြင်တွေကို အခုလို လေ့လာမိတယ်။

( ၁) မြေပြန့်နေမြန်မာတော်လှန်ရေးအင်အားစုများ

ဖေဖေါ်ဝါရီလဆန်းကနေစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို မရပ်မနား ဆင်နွှဲတယ်။ နိုင်ငံတကာ အကူအ ညီ ကို မျှော်လင့်တယ်။ ဘာမှ မဖြစ်လာဘူး။ ဝမ်းနည်းကြောင်း၊ ဆန့်ကျင်ကြောင်း၊ ပြင်းပြင်းထန်ထန်ဝေဖန်ကြောင်း တွေကလွဲလို့ ဘာမှ မရလာဘူး။ ထိရောက်တဲ့ ဘာအကူအညီမှမရ၊ စစ်အာဏာရှင်ကလဲ တရုတ်နှစ် သစ်ကူးက နေ စနှိပ်စက်နေတာ မြန်မာနှစ်သစ်ကူးကျော်လို့ အခု မွတ်စလင်အိဒ်နေ့ရောက်တော့အထိ အာ ဏာမြဲနေတုန်းပဲ။ နိုင်ငံတကာပညာရှင်များ သတ်မှတ်တဲ့ ရက် ၁၀၀ ကို ကျော်ဖြတ်သွားခဲ့ပြီ။ အကူအညီမဲ့ နေတဲ့အနေအထားမှာ ခံရလွန်းအားကြီးတော့ နိုင်ငံတကာကို မမုန်းပေမယ့် အတော်ကို စိတ်ပျက်လာကြပြီ။ ဒီကြားထဲမှာ အနောက် နိုင်ငံအသိုင်းအဝိုင်းက  ပြည်တွင်းမှာ ချဉ်ဖတ်လို့ သတ်မှတ်ထားတဲ့၊ ဆွေးနွေးစရာ ပြောစရာကိုမလို လောက် အောင် အဖြူအမဲသဲသဲကွဲကွဲ ရှိလှပါတယ်ဆိုတဲ့ ရိုဟင်ဂျာကိစ္စကို ထည့်ပြောတော့ ပွဲလန့်တုန်းဖျာခင်းတယ်ဆိုပြီး ဒေါသူပုန်ထကြတယ်။ ကူတောင်မကူရသေးဘူး။ ဒီကိစ္စကို အရင် ပြောနေ ရသလားပေါ့။

(၂) နိုင်ငံတကာ အသိုင်းဝိုင်း

ကုလသမဂ္ဂမှာ ဘာအာဏာမှ မရှိဘူး။ စဖွဲ့ကတည်းက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဖွဲ့ပါတယ်၊ ဘာညာဆို တာ စာရွက်ပေါ်မှာ ကြားကောင်းအောင် ရေးထားတာ။ ကုလရဲ့ အဓိကရည်ရွယ်ချက်က တတိယကမ္ဘာစစ် မဖြစ်ရေး ဘဲ။ လုံခြုံရေးကောင်စီမှာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်နိုင်ငံတွေထဲက ငါးနိုင်ငံကို ဗီတိုအာ ဏာပေးထား တယ်။ ငါးနိုင်ငံမှာလဲ သုံးအုပ်စုဖြစ်နေတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်က တအုပ်စု။ တ တရုတ်က သတ် သတ်။ ရုရှက တဘာသာ။ ပြဿနာတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေကို ကုလရဲ့ အမြင်အရဆို ရင် ပြည်တွင်းပြဿ နာက ဒေသတွင်းလုံခြုံရေး၊ အဲကနေ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နိုင်လား။ အဲလိုဆိုရင်တော့ ကုလက နည်းနည်း ဝင်ပါနိုင်တယ်။ ဒါတောင် အများကြီး မဟုတ်ဘူး။

နိုင်ငံကြီးတွေကတော့ သူတို့နဲ့ အင်မတန်ပတ်သက်ဆက်နွယ်နေရင်၊ သူတို့ကို ဒုက္ခပေးနိုင်တယ်လို့ ယူဆရင် လာ ကူမယ်။ နောက်မို့ဆို ကြေငြာချက်တွေကို တမျိုးတဖုံ မရိုးအောင် ထုတ်တာပဲ ရှိမယ်။ မြန်မာစစ်အာဏာ ရှင်တွေ က ပြည်တွင်းမှာသာ လက်နက်မဲ့ပြည်သူကို မျိုးစုံနှိပ်စက်နေတာ။ ဒေသတွင်းမှာ လာအိုလိုနိုင်ငံ တောင် မြန်မာ စစ်တပ်ကို ဂရုမစိုက်လောက်ဘူး။ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်ဖို့ဆိုတာ ဝေလာဝေး။ အဲလိုဆိုတော့ ထဲ ထဲဝင်ဝင်ပါဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အထူးသဖြင့် အင်အားကြီးတနိုင်ငံနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ နိုင်ငံတနိုင်ငံကို နောက်တနိုင်ငံက လက်ရှောင်တတ်တယ်။

နိုင်ငံတကာက ထိထိရောက်ရောက်သာ အကူအညီမပေးတာ။ မြန်မာပြည်တွင်းအခြေအနေတွေကိုတော့ အ တော် စောင့်ကြည့်နေတယ်။ သူတို့အမြင်မှာကျတော့ ဒီလိုအချိန်မှာတောင် ရိုဟင်ဂျာကိစ္စကို ကိုယ်ချင်းမ စာပေး နိုင်ကြရင် ဘယ်လိုအချိန်မှာ စာပေးနိုင်မှာလဲလို့ တွေးကြမယ်။

(၃) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိသလောက်ရှားတယ်။ မဖြစ်ဖြစ်အောင် လုပ်ယူကြတာပဲ ရှိတတ် တယ်။ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဦးကျော်မိုးထွန်းနဲ့ အမေရိကန်အမတ်နဲ့ ပြောကြဆိုကြပြီး ၂ရက် လောက် အကြာမှာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသားအဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အ စည်းအရုံး  KNU ဥက္ကဋ္ဌ က မြန်မာစစ်တပ်ကို တိုက်ဖို့ထက် ဆွေးနွေးညှိနှိုင်းဖို့ကို အားသန်တယ်ဆိုပြီး ထုတ် ပြောလိုက် တယ်။ နိုင်ငံတ ကာ အကူအညီမရလို့ ပြည်တွင်းက တိုင်းရင်းသားတွေရဲ့ အကူအညီကို စောင့်‌ မျှော်နေတဲ့ မြန် မာတော်လှန် ရေး အင်အားစုတွေအတွက်တော့ အတော်ကို စိတ်မချမ်းမသာဖြစ်စေတဲ့ သ တင်းပဲ။ တိုင်းရင်း သားအဖွဲ့အများစုက မြန်မာစစ်အာဏာရှင်ကို လုံးဝမနှစ်သက်ကြပေမယ့် မြန်မာစစ်တပ်နဲ့ ထိပ် တိုက်တွေ့တိုက်ပွဲတွေအကြီးအကျယ် ဖြစ်မှာကို တတ်နိုင်သလောက် အလိမ္မာသုံးပြီး ရှောင်ကြတယ်။

တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ရန်ကုန်က ခေတ်ပညာတတ်မိတ်ဆွေတချို့နဲ့ စကားပြောကြည့် ဖူး တယ်။ မြန်မာတွေတောင် အခွင့်အရေးမရနေတာကွာ၊ တိုင်းရင်းသားအခွင့်အရေးကိုတော့ ခဏ ထားထား ပါဦး လို့ ပြောခံရဖူးတယ်။ မြန်မာစကားလုံး “ တောင် “ က အတော်တာသွားတယ်။ မြန်မာတွေတောင်လို့ ဆို လိုက် တော့ မြန်မာက တိုင်းရင်းသားထက် ပိုအရေးကြီးတယ်လို့ ဆိုလိုလိုက်တာပဲ။ ငါတို့အိုကေပြီဆိုမှ မင်းတို့ ကိစ္စစဉ်း စားမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ နှစ်ရှည်လများကြီးပြင်းနေထိုင်ခဲ့ရတော့ ၂၀၂၁မှာ လအနည်း ငယ်ကြာ ပဲ ရှိသေး တဲ့ သာတူညီမျှရှိရေးကြွေးကြော်သံကို တိုင်းရင်းသားတွေက အတော်ကို မယုံမရဲ ဖြစ် နေတယ်လို့ ထင်တယ်။

( ၄) ရိုဟင်ဂျာမဟုတ်သော မွတ်စလင်များ

ရန်ကုန်နဲ့ မန္တလေးက ပညာတတ်မွတ်စလင်တွေနဲ့ စကားပြောကြည့်ဖူးတယ်။ သူတို့က ရိုဟင်ဂျာကိစ္စနဲ့ ပတ် သက် ပြီး အရပ်သားအစိုးရရဲ့ ကိုင်တွယ်ပုံကို အထိုက်အလျောက် ထောက်ခံတယ်။ ဒါပေမယ့် မြေပြန့် မှာရှိတဲ့ ပလီတချို့အဖျက်ခံရတယ်။ လက်သည်မယ်မယ်ရရ မပေါ်ဘူး။ ပြန်ဆောက်ခွင့်မရှိဘူး။ ကိုးကွယ် သည့်ဘာသာ က အစ္စလာမ်ဆိုရင် မှတ်ပုံတင်လုပ်ရင် ပိုကြာတယ်၊ ပိုအရစ်ခံရတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် တုန်းက မြန်မာလွှတ်တော်တခုလုံးမှာ မွတ်စလင်အမတ်ဆိုလို့ မူးလို့ရှုစရာတယောက်မှမရှိခဲ့ဘူး၊ (မွတ်စလင် အများစုက NLD ကို မဲပေးခဲ့ကြပြီး ပါတီထဲမှာလဲ မွတ်စလင်အရေအတွက် အထိုက်အ လျောက်ရှိခဲ့တယ်) ကိုးကွယ်တဲ့ဘာ သာ က အစ္စလာမ်လို့ဖြည့်ရင် ရုပ်က အညာသားပုံပေါက်နေရင်တောင် မရမက အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူးဆိုရင်လဲ မှတ်ပုံတင်ပေါ်မှာ ဆွေမျိုး အစပ်ခံရတယ်၊ အဲလိုအေ နအထားတွေဆိုတော့ ရိုဟင်ဂျာမဟုတ်တဲ့ အခြားမွတ်စလင် တွေရဲ့အမြင်မှာ ရိုဟင်ဂျာကိစ္စက ဟန်ပြသက် သက်ပါ၊ တကယ်တမ်း ကျ တော့ ငါတို့ကိုပါ အုပ်စုတခုလုံးအနေနဲ့ နှိပ်ချင်နေ တာပါလို့ တွေးမြင်လာကြတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ မွတ်စ လင် တွေက တိုင်းရင်းသားတွေလောက် လူမများဘူး ဆိုပေမယ့် သိပ်လဲမနည်း လှပြန်ဘူး။ မြို့ကြီးပြကြီးတွေရဲ့ အချက် အခြာနေရာတွေမှာ နေကြတဲ့ မွတ်စလင်တွေက အတော်များတယ်။

အခုနေသာ သာတူညီမျှရေးပြောနေပေမယ့် အဆင်ပြေသွားရင် မြန်မာမဟုတ်သူတွေ၊ ဗုဒ္ဓဘာသာမဟုတ်သူ တွေ ကို နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါကျရင် လိုင်းသတ်သတ်ပြန်စီခိုင်းတဲ့ အခြေအနေမျိုးပြန်မရောက်ဖို့အာမခံ ချက်မျိုးကို အခုထက်ထိ သေချာမတွေ့ရဘူးလို့ ထင်မြင်ကြတယ်။

အချုပ်ဆိုရမယ်ဆိုရင်တော့ ဖြစ်ချင်တာတွေ မဖြစ်လာ၊ မဖြစ်ချင်တာတွေက အလုံးအရင်းနဲ့ ဖြစ်လာတော့ စိတ် က ဆိုးပြီးရင်း ဆိုးလာတယ်။ စစ်အာဏာရှင်ကို ထောက်ခံနေပါတယ်ဆိုတဲ့ တရုတ်နဲ့ ရုရှကို စိတ်ဆိုးလာ တယ်။ စစ်အာဏာရှင်ကို ဆက်ပြီးလက်ခံပေးနေတဲ့ အာဆီယံကို စိတ်ဆိုးလာတယ်။ မယ်မယ်ရရ မကူညီဘဲနဲ့ ရိုဟင်ဂျာ ကိစ္စကိုထည့်ပြောလို့ အမေရိကန်နဲ့ နိုင်ငံတကာကို စိတ်ဆိုးလာတယ်။ တခါ နှစ်ရက်လောက်ကြာတော့ ကေအန် ယူဥက္ကဋ္ဌက စစ်မတိုက်ပေးပါဘူးလို့ ပြောလာပြန်ရော။ အဲဆိုတော့ ကရင်ကိုလဲ တခါစိတ်ဆိုး ကြမလားလို့ တွေး မိ တယ်။ ကရင်နဲ့တိုင်းရင်းသားတွေကိုပါ သွားစိတ်ဆိုးလိုက် ရင် နောက်ပိုင်းစိတ်ဆိုးဖို့ လူ ကျန်တော့မှာ မဟုတ် တော့ ကိုယ့်အချင်းချင်းပဲ ကိုယ်ပြန်စိတ်ဆိုးကြရမ လားလို့ တွေးမိတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */