" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, October 17, 2020

“ကျနော်တို့ ရေငုပ်သင်္ဘောက ဘင်္ဂလားဒေ့ရှ်ထက် အပြတ် ကို သာပါတယ်”

ဧရာဝတီ 
ထက်နိုင်ဇော်
16 October 2020

မြန်မာနိုင်ငံမှပထမဦးဆုံး ပိုင်ဆိုင်သည့် ရုရှားနိုင်ငံလုပ် အိန္ဒိယနိုင်ငံမှဝယ်ယူထားသည့် ရေငုပ်သင်္ဘော ဖြစ် သည့် Type 877 EKM အမျိုးအစား၊ Kilo-class submarine တစီးသည် မနေ့က ရန်ကုန်မြစ်ဝ အနီးသို့ ပြန်လည် ဝင် ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြည့်ရူ့ စစ်ဆေးခဲ့ သည်ကို တွေ့ ရသည်။

ယခုလို ရေငုပ်သင်္ဘော ကို ပိုင်ဆိုင်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြံ့ စည်၊ စိတ်ကူး၊ ကြိုးစားခဲ့ရ သည်ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေယာဉ် မုတ္တမပေါ်တွင် ပြောဆိုခဲ့ပြီး ရေကြောင်းတိုက်ပွဲ များ ကို ရဲဝံ့စွာ ဆင်နွဲနိုင်ရန် ရေငုပ်သင်္ဘော ကို မင်းရဲသိင်္ခသူဟု အမည်ပေးထားကြောင်းလည်း ပြောဆိုခဲ့သည်။

မြန်မာ၏ ဒေသတွင်း ပြိုင်ဘက် ဘင်္ဂလားဒေ့ရှ်ကလည်း တရုတ်လုပ် Type 053H3 အမျိုးအစား(နေတိုးအခေါ် ) Jiangwei II ဖရီဂိတ်စစ်သင်္ဘော ၂စီးကို တရုတ်နိုင်ငံထံမှ လွှဲပြောင်းရယူထားပြီး ဖြစ်သည်။

မြန်မာက ယခု စတင်ပိုင်ဆိုင်သည့် ရေငုပ်သင်္ဘော ၏ စွမ်းဆောင်ရည် အပါအဝင် ၎င်းနှင့် သက်ဆိုင်သော အ ချက်အလက် များကို ဧရာဝတီသတင်းဌာနမှ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော်က တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ရေငုပ်သင်္ဘောကြီး ဖြစ်မြောက်ဖို့ တပ်မတော်အနေနဲ့ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။

ဖြေ ။ ။ အဓိကကတော့ ဒီရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုးစားခဲ့တာပေါ့နော်။ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်က ပြောသွားတယ်။ ဆယ်စုနှစ်နဲ့ချီပြီဆိုတာ ပြောသွားပါတယ်။ ကြိုးစားခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းက ကြိုး စားခဲ့တာ ဖြစ်တယ်။ သမိုင်းကြောင်း ပြန်ပြောရရင်တော့ နည်းနည်းတော့ ရှည်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက စတင် ကြိုးစားခဲ့တာ ဖြစ်တယ်။

ကြိုးစားခဲ့တဲ့အခါမှာ ကျနော်တို့ အနေနဲ့က ရေငုပ်သင်္ဘော ဝယ်ယူဖို့ကို ၃ နိုင်ငံလောက်နဲ့ အဲဒီကြားထဲမှာ ညှိ နှိုင်းခဲ့တယ်။ ရေငုပ်သင်္ဘော တစင်း ဝယ်ယူဖို့ဆိုတာလည်း ကျနော်တို့လို့ နိုင်ငံအနေနဲ့လည်း ခက်ခဲပါတယ်။ ရေငုပ်သင်္ဘော တစင်း ဝယ်ယူဖို့တောင်မှ ခက်ခဲတယ်။ ခက်ခဲတယ်ဆိုတာ ပိတ်ဆို့မှုတွေ ကြားထဲကနေ ဝယ် ယူလို့ ရရှိအောင် ကြိုးစားရတာပေါ့။

အဲဒီရေငုပ်သင်္ဘော ဝယ်ယူဖို့ ခက်ခဲတာထက် ပိုပြီးခက်ခဲတာက ရေငုပ်သင်္ဘော အတွက် လေ့ကျင့်ဖို့ ပိုခက် တယ်။ လေ့ ကျင့်ဖို့ ပိုခက်တယ်ဆိုတာ ရေငုပ်သင်္ဘောက ပိုက်ဆံရှိရင် ပြောရရင်တော့ စစ်လက်နက် ပစ္စည်းလိုပဲ သူတို့ တောင်းတဲ့ ဈေးနှုန်းအတိုင်း ပေးမယ်ဆိုရင် ဝယ်ယူလို့ ရနိုင်တယ်။ ဒီရေငုပ်သင်္ဘောကို ကိုယ်တိုင် မောင်းနှင်နိုင်ဖို့ ရေငုပ်သင်္ဘောနဲ့ ကိုယ်တိုင် စစ်ဆင်ရေး ပြုလုပ်နိုင်ဖို့ ရေငုပ်သင်္ဘောမှာပါတဲ့ လက်နက်တွေကိုကျွမ်းကျင်ဖို့ရေငုပ် သင်္ဘောမှာပါတဲ့ Sonar (အသံလှိုင်းနှင့် ရေအောက် အရာဝတ္ထုတို့၏ တည်နေရာကို ရှာဖွေ သည့် ကိရိယာ) အပါ အဝင် သူရဲ့ Facilities တွေကို သုံးနိုင်ဖို့ကိုကတော့ ပိုပြီးတော့ ခက်ခဲပါတယ်။

ရေပေါ်မှာ မောင်းတဲ့သင်္ဘောနဲ့ ဘယ်လိုမှ မတူပါဘူး။ ပြောရရင်တော့ ၂၀၀၁ ခုနှစ်ကတည်းက စတင်ပြီး ကြိုးစား ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ စတင်ပြီး အကောင်အထည်ဖော်လာတယ်လို့ ပြောရမှာပေါ့။ ၂၀၀၅ ခုနှစ်မှာတော့ ဆွေး နွေးခဲ့တဲ့ နိုင်ငံတွေ ထဲကနေ သွားကြည့်ခဲ့တဲ့နိုင်ငံတွေကမှ အိန္ဒိယနိုင်ငံက ရေငုပ်သင်္ဘောတစင်းဟာ မြန် မာ့ရေ ပိုင်နက်ထဲမှာပဲ လာပြီးတော့ ရေငုပ်သင်္ဘောနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလာပြီး လေ့ကျင့်တယ်။ လေ့ကျင်တဲ့ ဟာ မှာ မြန်မာတပ်မတော်က တပ်ဖွဲ့ဝင်တွေ က ကျနော်တို့နည်း၊ ကျနော်တို့ဟန်နဲ့ ကြိုတင်ပြီး လေ့ကျင့်ထားတဲ့ ရေ တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်ပြီး ရေငုပ် သင်္ဘော ပေါ်အထိတက်ပြီး လေ့ကျင့်ခဲ့တယ်။

နိုင်ငံတနိုင်ငံအနေနဲ့က သူ့ရေငုပ်သင်္ဘောပေါ်မှာ တက်ပြီးတော့ တခြား နိုင်ငံက တပ်ဖွဲ့ဝင်တွေကို ရေငုပ်သင်္ဘော ကို ကမ်းခြေမှာကပ်ပြီး လာကြည့်တာတို့ အထဲဝင်ပြီး လေ့လာတာတို့တောင် မပြောဘူး။ သူခုတ်မောင်း နေတဲ့ အချိန်မှာ ရေအောက်မှာ ဝင်ပြီးခုတ်မောင်းနေတဲ့အခါမှာ လေ့လာနိုင်ဖို့ဆိုတာတော့ တော်တော်လေး ခဲယဉ်း တယ်။ တော်တော်ကို ဆက်ဆံရေးကောင်းမှ တော်တော်ကို စိတ်ချယုံကြည်မှ လုပ်ခွင့်ပေးတာဖြစ် တယ်။ ၂၀၀၅ ခုနှစ်မှာ ကျနော်တို့ စလေ့လာ ပါပြီ။ အဲဒီမှာပြီး ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံ ရေပိုက်နက်အတွင်း မှာ လေ့ကျင့်တဲ့ အခါမှာ မြန်မာ့ တပ်မတော်က စစ်သည် တွေ အရာရှိစစ်သည်တွေပါ တက်ပြီး စတင်လေ့လာ ခဲ့တယ်။

ရေငုပ်သင်္ဘောအကြောင်း စတင်ပြီး လေ့ကျင့်ခဲ့တယ်။ လေ့ကျင့်ခဲ့တဲ့နေရာမှာ အဲဒီမှာတော့ အခုအချိန်ထိ တာဝန် ထမ်း ဆောင်နေတဲ့ အရာရှိတွေ ရှိပါတယ်။ ခေါင်းဆောင်ကတော့ အခု စစ်ဦးစီးအရာရှိချုပ် (ရေ)ဖြစ်နေတဲ့ ဒုတိ ယဗိုလ်ချုပ်ကြီး မိုးအောင်ပေါ့။ အဲဒီတုန်းက ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်က ဒုတိယ ဗိုလ်မှူးကြီးပဲ ရှိပါသေး တယ်။ သူတို့နဲ့စပြီး ကျနော်တို့ ၂၀၀၅ ခုနှစ်ကတည်းက လုပ်ခဲ့တယ်။ ဝယ်ယူနိုင်ရေးအတွက် ဆွေး နွေးခဲ့တယ်။

ဒီတော့ အဲဒီမှာလည်း ဒီအိန္ဒိယနိုင်ငံတင် မဟုတ်ဘူး ကျန်တဲ့နိုင်ငံတွေမှာလည်း လေ့လာခဲ့ပါတယ်။ လေ့လာ ခဲ့ တဲ့အချိန်မှာ သင့်တော်မှုတို့ ဈေးနှုန်း အမျိုးမျိုးတို့က ရှိနေတာပေါ့လေ။ ဒါတွေကိုချိန်ဆပြီးတော့ ကျနော်တို့ က လေ့လာခဲ့တယ်။ ရေငုပ် သင်္ဘောပေါ်မှာ တက်လိုက်လေ့လာလိုက်နဲ့ အဲဒီလိုလုပ်လာခဲ့တာ ၂၀၀၇ နှစ် လောက် မှာ စတင်ပြီးတော့ ရေငုပ်သင်္ဘောနဲ့ ပတ်သက်တဲ့ လေ့ကျင့်ရေးကို အပြည့်အဝပေးနိုင်ဖို့အတွက် အရာ ရှိစစ်သည် တွေကို အိန္ဒိယကို လွှတ်တယ်။

အရာရှိစစ်သည် ရာနဲ့ချီပြီးတော့ ကျနော်တို့ လေ့ကျင့်ခဲ့တယ်။ အဲဒီလိုမျိုး လေ့ကျင့်ခွင့်ရဖို့ဆိုတာကလည်း ရေငုပ် သင်္ဘော သင်တန်းကျောင်းတကျောင်းမှာ လေ့ကျင့်ခွင့်ရဖို့ဆိုတာကလည်း အလကားတော့ ရတာ မဟုတ် ပါ ဘူး။ ကျနော်တို့အနေနဲ့ အဲဒီ Training ကုန်ကျစရိတ်က ရေငုပ်သင်္ဘောတန်ဖိုးထက် ပိုတောင်ကြီးပါသေး တယ်။ Training လုပ်ဖို့အတွက် ကျနော် တို့ အလကားသွားပြီး လေ့ကျင့်လို့ရတာ မဟုတ်ဘူး။ ဒါလည်း ပိုက် ဆံရှိတိုင်း လည်း လေ့ကျင့်လိုရတာ လေ့လာလို့ မရဘူး။ အဲဒီနိုင်ငံကလည်းခွင့်ပြုမှ၊ အဲဒီနိုင်ငံခွင့်ပြုမပြု ဆို တာ က လည်း စိတ်ချယုံကြည်ရမှုနဲ့ဆက်ဆံရေးအပေါ်မှာ မူတည်တယ်။

မေး ။ ။ ဘာဖြစ်လို့ ဗိုလ်ချုပ်တို့အနေနဲ့ အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့ရတာလဲ။

ဖြေ ။ ။ ကျနော်တို့ အိန္ဒိယနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် ၂၀၀၅ မှာ ကျနော်တို့ တက်ရောက်ပြီး လေ့လာနေ ပြီ။ အဲဒီရဲ့ ရှေ့မှာရှိတဲ့ ၂၀၁၂၊ ၁၃ ခုနှစ်မှာ အခု လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က ၂၀၁၂- ၁၃ လောက်မှာ သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘဝမှာပဲ အိန္ဒိယကို သွားတယ်။ ရေငုပ်သင်္ဘော နဲ့ ပတ်သက် ပြီးတော့ ဝယ်နိုင်မယ့် ရေငုပ် သင်္ဘောတွေပေါ့ အိန္ဒိယကနေပြီးတော့ ဝယ်ယူနိုင်မယ့် ရေငုပ်သင်္ဘော တွေကို ကျ နော်တို့ လိုက်ပြီး ကြည့်တယ်။

ကြည့်ပြီးတော့ Training ကိစ္စတွေ စုံစမ်းခဲ့တယ်။ ၂၀၁၅ မှာလည်း တခါထပ်သွားတယ်။ စုံစမ်းခဲ့တယ်။ ၂၀၁၇ မှာ ခုနက ပြောတဲ့ Training တွေ စပေးတယ်။ ပေးပြီးတော့ ဒါကျနော်တို့ ရရှိလာတယ်။ အဲဒီမှာ အိန္ဒိယမှာ ကျနော် တို့ လေ့ကျင့်ခဲ့တာ။ အခု မြန်မာနိုင်ငံထဲရောက်ပြီးမှ လေ့ကျင့်ခဲ့တာရော လက်ရှိ ရေငုပ်သင်္ဘောနဲ့ ကျနော် တို့ အ ကြိမ် ၁၀၀ ကျော်လောက် ရေအောက်ကို ငုပ်လျှိုးပြီး အိန္ဒိယ သမုဒ္ဒရာတခွင်မှာ မြန်မာတပ်မတော်က ရေငုပ်သ င်္ဘောတပ်ဖွဲ့ဝင်တွေပါ ပါဝင်ပြီးတော့ ကျနော်တို့ ဆောင်ရွက်ခဲ့ပြီးပြီ။

အဲဒီလိုဆောင်ရွက်တဲ့အခါမှာတော့ ကျနော်တို့က တစတစနဲ့ ကိုယ်ဘာသာကိုယ်မောင်းနှင်နိုင်အောင် ကိုယ့် ဘာ သာကိုယ် လက်နက်ပစ်နိုင်အောင်လုပ်တယ်။ နောက်ဆုံးမှာ သူတို့ဆီမှာတော့ ကျနော်တို့ကိုယ်တိုင်လည်း မြန်မာ ရေတပ်သားတွေ ကိုယ်တိုင်မောင်းနှင်နိုင်ပြီး လက်နက်ပစ်လွှတ်နိုင်တဲ့အဆင့်ထိ အိန္ဒိယသမုဒ္ဒ ရာ ထဲမှာလည်း ရေငုပ်သင်္ဘောတွေ အဓိက လက်နက်ဖြစ်တဲ့ တော်ပီဒိုလက်နက် စမ်းသပ်ပစ်ခတ်မှုတွေ အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပြီးမှ လွှဲပြောင်းရယူထားတာ။

အိန္ဒိယကို ရွေးချယ်ရတဲ့ အဓိက အချက်ကတော့ ကျနော်တို့ ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့တွက် ၂၀၀၁ ခုနှစ်က စပြီး ကြိုးစား တဲ့အခါမှာ နိုင်ငံ ၃ နိုင်ငံလောက်နဲ့ ကြိုးစားခဲ့ပါတယ်။ အိန္ဒိယနဲ့တော့ အဆင်ပြေတယ်။ နောက် တခုက ပိုပြီး အရေးကြီး တာက ရေငုပ်သင်္ဘောရဲ့ Quality ပေါ့။ ရေငုပ်သင်္ဘောရဲ့ Facilities နဲ့ပတ်သက်ပြီးအဓိကအရေး ကြီးပါတယ်။ ရေငုပ် သင်္ဘောရဲ့ Facilities ဆိုတာက ရေငုပ်သင်္ဘောတွေသည် သူက သူရဲ့ အ ချိန်မှန် ပြင်ဆင်မှု ဇယား ရှိတယ်။

သင်္ဘော လိုပြောရရင် ဒေါက်တင်ရတာရှိတယ်။ ဒေါက်တင်ပြီး ပြင်ဆင်တာ ရှိတယ်။ အနည်းဆုံးတော့ တနှစ် ကိုတကြိမ် ပြင်ဆင်ရတယ်။ တနှစ်ကို တကြိမ်ပြင်ဆင်ရတဲ့အခါမှာ ဒီပြင် ရေငုတ်သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံကေ န ဝယ်မယ်ဆိုလို့ရှိရင် အဲဒီရေငုပ်သင်္ဘော ကို သူကပြင်ဆင်ဖို့အတွက် ဝေးလွန်းတဲ့ နိုင်ငံကနေဝယ်တယ် ဆိုရင် ဝေး လွန်းတဲ့ နိုင်ငံအတွက်က သင်္ဘောသည် ပင်လယ်ပြင်မှာ ခုတ်မောင်းလို့ မရတော့ဘူး။ သင်္ဘောတစင်း ထပ် ခေါ်ရ တယ်။

အဲဒီသင်္ဘောပေါ်မှာတင်ပြီးမှ အဲဒီနိုင်ငံထိသွားပြင်ရမယ်။ အခုက အိန္ဒိယကနေဝယ်လိုက်တဲ့အတွက်ကြောင့် သူ တို့က ပြင်စရာရှိပြီဆိုရင် ပြင်စရာရှိတဲ့အချိန်ကျတော့ အိန္ဒိယကို ကျနော်တို့ Training လည်း ရတယ်။ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီးတော့ ဒီရေငုပ်သင်္ဘောနဲ့မောင်းသွား ဟိုမှာ ပြင်ပြန်လာတယ်။ လေ့ကျင့်တယ် ပြင်တယ်။ ဒီအကျိုးကျေးဇူးတွေ ရတဲ့အတွက် ကျနော်တို့က ဝယ်တာ။

မေး – အဓိက သူက ဘယ်လိုတာဝန်တွေကို ထမ်းဆောင်မှာလဲ။

အဓိကကတော့ ရေငုပ်သင်္ဘောဆိုတဲ့ဟာက ဒီဟာကို မပြောခင်မှာ ကျနော်တို့ ဝယ်လိုက်တဲ့ Kilo-class Submarine ပတ်သက်ပြီး ပြောချင်တယ်။ ဒီ Kilo-class Submarine မြန်မာနိုင်ငံက ဝယ်လိုက်တဲ့ဟာက Type 877 EKM အမျိုးအစား ဖြစ်တယ်။ Kilo-class Diesel Electric Under Submarine ပေါ့နော်။ သူ့ရဲ့ အဓိက အား သာချက်ကတော့ Silent Killer ပဲ။ သူ့ကို ထောက်လှမ်းနိုင်ဖို့ တော်တော် ခက်ပါတယ်။ ရေအောက်မှာ သူ့ကို ထောက်လှမ်းနိုင်ဖို့ တော်တော်ခက်တယ်။

ဥပမာတခုပြောရင် အိန္ဒိယရေတပ်နဲ့ အမေရိကန်ရေတပ်နဲ့ သူတို့ ပူးပေါင်းစစ်ဆင်ရေး လုပ်ခဲ့ဖူးတယ်။ အိန္ဒိယ သမုဒ္ဒရာ ထဲမှာပဲ လေ့ကျင့်ခဲ့ဖူးတယ်။ အမေရိကန်တွေက အိန္ဒိယရဲ့ သုံးသပ်ချက်တွေအရ အမေရိကန် တော် တော် အံ့သြရတယ်။ တော်တော်အံ့သြရတယ်ဆိုတာက ဒီ Kilo-class အခု ကျနော်တို့ လက်ရှိ သုံးနေတဲ့ Kilo-class ရေငုပ်သင်္ဘောက အမေရိကန် သင်္ဘောတွေ ရေပေါ် သင်္ဘောတွေနားကို ချဉ်းကပ်တယ်။

ရေပေါ်က ရေငုပ် သင်္ဘော င်္တွေကလည်း Sonar ကိရိယာတွေနဲ့ ထောက်လှမ်းတယ်။ ထောက်လှမ်းတဲ့အခါမှာ ရေငုပ် သင်္ဘော ဘယ်နေရာမှာ ရှိမှန်းတောင်မှ သူတို့ထောက်လှမ်းလို့ မရဘူး။ နောက်ဆုံးဘယ်လောက် အ ကွာ အဝေးကျမှသူတို့ ထောက် လှမ်းလို့ ရတုန်းဆိုတော့ ၃ ကီလိုမီတာ။ မီတာ ၃၀၀၀ အကွာအဝေးကို ရေငုပ်သင်္ဘော ကပ်လာမှ စတင် ထောက်လှမ်းမိ တယ်လို့ ပြောပါတယ်။ အဲဒီ ၃ ကီလိုမီတာအကွာအဝေးဆိုရင် ရေ ငုပ်သင်္ဘော က တပ်ထားတဲ့ တော်ပီဒိုလက်နက်တွေ ပစ်လွှတ်ပြီး ဖြစ်တယ်။ တော်ပီဒို လက်နက်မီတဲ့အကွာအေဝးရဲ့အောက် ကိုတောင် ရောက်နေသေးတယ်။

တော်ပီဒိုလက်နက်သည် ၅ ကီလိုမီတာ ၁၀ ကီလိုမီတာလောက်က နေပြီးတော့ သူတို့က စပြီးတော့ပစ် လွှတ် လို့ ရတယ်။ အဲဒါကြောင့်မို့ သူတို့က ထောက်လှမ်းလို့မရခင်ကို အပစ်ခံရမယ့် ရေငုပ် သင်္ဘော ရှိတယ်။ ရုရှားရဲ့ ကီလို ရေငုပ် သင်္ဘော င်္တွေရဲ့ အဓိက အားသာချက်က အဲဒါ ဖြစ်တယ်။ အဲဒါကြောင့်မိုလို့သူက ဘယ်နေရာမှာ သူတို့သုံး မလဲဆိုရင် အဓိကကတော့ ကျနော်တို့ပင်လယ်ပြင်မှာ ရေငုပ်သင်္ဘောတစင်းရှိနေပြီဆိုတာနဲ့ ဘယ်လိုပဲပြောပြော ကျနော်တို့ရဲ့ ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာမယ့်လူတွေက ဒီရေငုပ်သင်္ဘော ဘယ် နေရာမှာရှိနေမှန်း သူတို့မသိဘူး။

ဒီရေငုပ်သင်္ဘောနဲ့ ပတ်သက်ပြီးတော့ စုံစမ်းထောက်လှမ်းဖို့ခက်တယ်။ ရေငုပ်သင်္ဘောနဲ့ပတ်သက်ပြီးတော့ ကျူး ကျော်နေ တဲ့ သူကို လိုက်လံချေမှုန်းဖို့ ရေငုပ်သင်္ဘောနောက်က လိုက်လာမှန်းလည်း သိမှာ မဟုတ်ဘူး။ ရေငုပ် သင်္ဘော ဘယ်နေ ရာရှိ မှန်းလည်းသိမှာ မဟုတ်တဲ့အတွက် ဒီဟာသည် ဝင်ရောက်ဖို့ဆိုတဲ့ဟာကို သူတို့ တော် တော်ကို စဉ်းစားရတော့မယ့် အနေအထား ဖြစ်လာတယ်။ စဉ်းစားရမယ့် အနေအထားဖြစ်လာတော့ဒီဟာတွေကို သုံးမယ့်နေရာဟာ ကျနော်တို့ ရေပိုင် နက်သည် ကျနော်တို့ရဲ့ မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းရှည် သည် ရေမိုင် ၁၃၀၀ ကျော် ရှိပါတယ်။

ဒီကျနော်တို့ အခုဝယ်လိုက်တဲ့ Kilo-class အမျိုးအစား ရေငုပ်သင်္ဘောသည် ရေထဲမှာ ၄၅ ရက်တိတိ နေနိုင်တယ်။ ပြီးရင် အဝေးဆုံး ခုတ်မောင်းနိုင်တဲ့ အကွာအဝေးက ရေမိုင် ၆၅၈၄ မိုင် ဖြစ်တယ်။ ဒါကိုသုံးသပ်ကြည့် လို့ရှိရင် တွေ့နိုင်ပါတယ်။ ကျနော်တို့ ကမ်းရိုးတန်းအရှည်သည် ၁၃၀၀ ရေမိုင် ရှိတယ်။ ကျနော်တို့ သင်္ဘော ခုတ်မောင်း နိုင်တဲ့ အကွာအဝေးသည် ရေမိုင် ၆၅၀၀ ကျော်ရှိပါတယ်။

တဆက်တည်း ခုတ်မောင်းနိုင်တဲ့ အကွာအဝေး ရေမိုင် ၆၅၀၀ ကျော်ရှိတယ်။ ဒီလောက်ဆိုရင် စစ်နဲ့ပတ်သက် လို့ သုံးသပ် တတ်တဲ့သူတွေ အနေနဲ့ ဒီရေငုပ်သင်္ဘောရဲ့အသုံးဝင်မှုကို သိနိုင်မှာဖြစ်တယ်။ အဲလိုမျိုးဖြစ်တဲ့ အတွက် ကြောင့်မိုလို့ ပင်လယ်ပြင် ဆိုတာသည် ပင်လယ်ပြင် ကာကွယ်ရေး တခုတည်း စစ်ရေးအမြင်အရ ကာကွယ်ရေး တခုတည်း မကဘူး။ ပင်လယ်ပြင်မှာ ကျနော်တို့ သယံဇာတတွေနဲ့ ပတ်သက်ပြီး သီးသန့် စီးပွားရေး ဇုံတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်နိုင်မယ်လို့ ပြောချင်တယ်။

ရန်ကုန်မြစ်ဝ အနီးသို့ ပြန်လည် ဝင်ရောက်လာသည့် မင်းရဲသိင်္ခသူအမည်ရ ရေငုပ် သင်္ဘော (ဓာတ်ပုံ – တပ်မတော်)

မေး ။ ။ လူဘယ်လောက်လိုက်လို့ရလဲ။ နည်းပညာအားဖြင့် ဘယ်လောက် အဆင့်မြင့်လဲ။ ကျနေ်ာတို့ အိမ် နီးချင်း ဘင်္ဂ လားဒေ့ရှ်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားလဲ။

ဖြေ ။ ။ ရေအောက်ကို မီတာ ၅၀၀ အကွာအဝေးအထိ သူက ငုပ်လျှိုးနိုင်တယ်။ လူလိုက်ပါနိုင်မှုအနေအထား က တော့ ဒီဟာနဲ့ပတ်သက်ပြီး လူဦးရေ ၅၀ ကျော်လောက်ထိ လိုက်ပါနိုင်ပါတယ်။ အဲဒီမှာမှ ဘင်္ဂလားဒေ့ရှ် နိုင် ငံနဲ့ နှိုင်းယှဉ်ချက် ပေါ့နော်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း မှန်ပါတယ်။ Ming-class အမျိုးအစား ရေငုပ် သေ င်္ဘာ ၂ စင်း ပိုင်ဆိုင်ထားပါ တယ်။ Ming-class အမျိုးအစား ရေငုပ်သင်္ဘောဆိုတာ ကျနော်တို့ အခုပိုင်ဆိုင် ထားတဲ့ Kilo-class အမျိုးအစားထက်ရှေ့က မျိုးဆက် ၂ ဆက်လောက် နောက်ကျတဲ့ ရေငုပ်သင်္ဘောဖြစ် ပါ တယ်။

အခု ကျနော်တို့သိထားတဲ့ သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ Ming-class အမျိုးအစား ရေငုပ် သင်္ဘောရဲ့ ရေအောက် ငုပ်လျှိုးနိုင်မှုက မီတာ ၃၀၀ လို့ ကျနော်တို့ သိထားပါတယ်။ ဒါအများဆုံးအသုံးပြုနိုင်မယ့် မီတာ ၃၀၀ ပေါ့နော်။ လက်တွေ့ မှာတော့ မီတာ ၅၀ အောက်ငုပ်ဖို့ အခက်အခဲရှိတယ်ဆိုတာ ကျနော်တို့သိထား ရ တယ်။ အဲဒီ မီတာ ၅၀ အောက် ဆိုရင် သူတို့က ရေငုပ် သင်္ဘော တစင်းရဲ့ အဓိကလိုအပ်ချက်ကတော့ သူက ရေ အောက်ကို ငုပ်လျှိုးနိုင်ပြီးတော့ အသံပေါ့နော် သူ့ရဲ့ အသံကို ထောက်လှမ်းဖို့ မရဖို့ပဲ အရေးကြီးပါတယ်။ ထောက် လှမ်းဖို့ မရဖို့က သူ့ရဲ့ လက်နက်ပါပဲ။ ဒါကြောင့်မိုလို့ ရေငုပ် သ င်္ဘောတွေကို Silent Killer လို့ သူက ခေါ်ခြင်း ဖြစ်တယ်။ စစ်အသုံးအနှုန်းမှာ။ အဲဒီလိုမျိုး မငုပ်နိုင်ဘူးဆိုလို့ရှိရင် ဒီ Solar ကိရိယာနဲ့တောင်မှ ထောက်လှမ်း နိုင် တာ။ မဟုတ်ဘူး၊ လေယာဉ်ကနေပြီးတော့ ရာသီဥတုသာယာချိန်မှာ ပင်လယ်ပြင်မှာ လေ ယာဉ်ပေါ်ကနေပြီး တော့ ကြည့်လိုက်မယ်ပေါ့။

အကြမ်းဖျင်း စုံစမ်းထောက်လှမ်းရင်တောင်မှပဲ ပင်လယ်အောက်မှာ မီတာ ၄၀ လောက်နီးပါး ငုပ်လျိူးနေတဲ့ သူရဲ့ ပုံရိပ်ကို အပေါ်ကနေ မြင်ရပါတယ်။ Solar ကိရိယာတွေနဲ့ကတော့ ပိုပြီးထောက်လှမ်းလို့ ရတာပေါ့နော်။ အပေါ် က နေမြင်တဲ့အခါ မှာတော့ ဒါသည် ဝေလငါး ဖြစ်မလား။ ငါးအကြီး တကောင်ဖြစ်မလား၊ ရေငုပ် သေင်္ဘာ ဘာ ဖြစ် မလား။ ခွဲခြားလို့ မရဘူး ရေအောက်မှာတော့ ကြီးမားတဲ့အရာဝတ္တု တခုရှိတယ်။ ဆိုတော့ မီတာ၄၀လောက် မှာတင် တွေ့ နိုင်တယ်။

ကျနော်တို့လက်ရှိဝယ်တဲ့ ရေငုပ်သင်္ဘောသည် လက်ရှိမှာလည်း ကျနော်တို့ အိန္ဒိယနဲ့ မြန်မာနိုင်ငံကိုအသွားအပြန် ပေါ့ နော်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကွာအဝေး ပင်လယ်ပြင်ကို မီတာ ၅၀၀ ငုပ်လျှိုးပြီးတော့ အသွားအ ပြန်လုပ်ခဲ့ တာ ၅ ကြိမ်ရှိပြီ ဖြစ်တယ်။ စမ်းသပ်ခဲ့ပြီးပြီ။ အဲဒီလောက် အကွာအဝေးကို။ ဘယ်လိုမှ ထောက်လှမ်း လို့ မရတဲ့ ဟာမျိုး ဖြစ်တယ်။

ကျနော်တို့ Kilo-class သည် Silent Killer လို့ခေါ်တာလည်းမပြောနဲ့ သူတို့ရဲ့ အသံသည် တော်တော်ကို ထောက် လှမ်းနိုင်ဖို့ ခက်ပါတယ်။ ခုနကပြောတဲ့ ကမ္ဘာမှာ တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်တောင်မှပဲ သူတို့ လက်တွေ့ စမ်းသပ်တဲ့အခါမှာ ဒါ အိန္ဒိယနဲ့ အမေရိကန်နဲ့ လက်တွေ့ ပူးပေါင်းလေ့ကျင်းခန်းအရ သူ့သင်္ဘော နားကို ၃ ကီလို မီတာ၊ ၄ ကီလီုမီတာ အကွာမှ သိ ရတယ်။ အဲဒီလိုမျိုး အခြေအနေမျိုးတော့ ရှိပါတယ်။

မေး ။ ။ ဒါဆိုရင် မြန်မာက ဘင်္ဂလားဒေ့ရှ် ရေငုပ် သင်္ဘော ထက် အပြတ်သာတယ်ဆိုတဲ့ သဘောပေါ့နော်။

ဖြေ ။ ။ ကျနော်တို့ ရေငုပ် သင်္ဘော က ဘင်္ဂလားဒေ့ရှ်ထက် အပြတ်ကို သာပါတယ်။ ပြောမယ်ဆိုရင်တော့ နှိုင်းစ ရာ ဥပမာကတော့ ပြောဖို့အတွက် အတော်ရှားသေးတယ်။ တူတော့ မတူပါဘူး။ ရေငုပ်သင်္ဘောရှိ တယ် ဆိုတိုင်း လည်း ထော်လာဂျီ ၂ စင်းနဲ့ မာစီးဒီး ၁ စင်း ကွာသလို ကွာတယ်လို့ ပြောရမှာပေါ့။

ဆက်ပြောရမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ Frigate စစ်သင်္ဘောကို အစအဆုံး ကိုယ်တိုင် ဆောက် ပြီး တော့ အစအဆုံး ကိုယ်တိုင် ရေချနိုင်တာက ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာ့တ ပ်မတော်ပဲ ရှိ သေးတယ်လို့ လေ့လာ သိရှိရတယ်။ ဘာကြောင့် အဲဒီလို လုပ်နိုင်တာလဲဆိုရင် ကျနော်တို့ တပ် မတော်ရဲ့ ရည် ရွယ်ချက်သည် အစက တည်းက တပ်မတော်အကြီးအကဲတွေက ပိုက်ဆံရှိလို့ ဝယ်နိုင်တာကို အလေးမထားဘူး။ ပိုက်ဆံရှိလို့ ဝယ်နိုင်တယ်။ ဝယ်လိုက်ပြီဆိုရင် သူနဲ့ပတ်သက်တဲ့ ပညာရပ်ပါ ရအောင် ယူမယ်ဆိုတဲ့ ဟာမျိုးရှိ တယ်။

ဒါကြောင့်မလို့ ကျနော်တို့ တပ်မတော်အနေနဲ့က ရေပေါ်သင်္ဘောတွေဆိုရင် ကိုယ်တိုင်ဆောက်နိုင်တဲ့ဟာတွေ ရှိ တယ်။ တချို Facilities တွေတော့ ဝယ်ရတာပေါ့။ အပေါ်မှာ တပ်ဆင်တဲ့ လက်နက်တွေ၊ ခေတ်မီတဲ့ လက် နက် တွေကတော့ ကျနော်တို့ ဝယ်ရတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် သင်္ဘောဆောက်လုပ်ခြင်း အတတ်ပညာ မှာ တော့ ကျနော်တို့ အနေနဲ့က Frigate စစ်သင်္ဘောတွေအထိ ကိုယ်တိုင် ဆောက်လုပ်၊ ကိုယ်တိုင်ရေချ ကိုယ်တိုင် လုပ်နိုင်တဲ့ အနေအထား ရောက်ရှိ နေပြီ ဖြစ်တယ်။

အဲဒီလို လုပ်ခြင်းအားဖြင့် ဘာသက်သာလဲဆိုတော့ Frigate စစ်သင်္ဘောတစီးကို ပြည်ပကနေ ဝယ်တဲ့အစားကိုယ့် ဘာသာ အကုန်ကျခံဆောက်လို့ရှိရင် ကျနော်တို့ ပညာလည်း ရတယ်။ ဒါ့အပြင် တစင်းကိုငါးစင်းလောက်နဲ့ ညီ မျှတယ်။ အပြင်က ဝယ်တဲ့ တစင်းသည် ကိုယ့်နိုင်ငံထဲမှာ ၅ စင်းလောက် ဆောက်လို့ရတယ်။ အဲဒါမျိုး ကျနော်တို့ ဆောင်ရွက်တာ ဖြစ်တယ်။

မေး ။ ။ အခု ရေငုပ် သင်္ဘောက တန်ကြေး ဘယ်လောက် ရှိလဲဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ကာလတန်ဖိုးကတော့ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် လောက်ရှိတယ်။အခု ရေငုပ် သင်္ဘော က အဲ့လောက်မကုန်ကျပါဘူး။ ဒါပေမယ့်Training စရိတ်ကတော့ အဲလောက်မက ပိုကုန်နိုင်ပါတယ်။

မေး ။ ။ ဒီရေငုပ် သင်္ဘော က ဘတ်ဂျက် ဘယ်လို ရတာလဲ။ တချို့ကလည်း NLD အစိုးရလက်ထက် ရောက် မှ ဝယ်နိုင်တဲ့ သဘောမျိုး ပြောတာတွေလည်း ရှိတယ်။ အခုပြောပုံအရဆိုရင်တော့ကြိုတင်ပြင်ဆင်ထားတဲ့သဘော လည်း တွေ့ ရတော့ ဘယ်လိုမျိုးလဲ။

ဖြေ။ ။ အဲဒါနဲ့ပတ်သက်ပြီး ဒီဟာတွေသည် အရင်ကတည်းက စခဲ့တဲ့ဟာတွေ ဖြစ်ပါတယ်။ ကျနော်ပြောခဲ့ သလိုပဲ ရေငုပ်သင်္ဘော ဝယ်တာထက် Training စရိတ်က ပိုကုန်ပါတယ်။ Training သည် ဘယ်ကစခဲ့ သလဲ ဆိုတော့ ဒီ ၂၀၀၅ ကတည်းကတိုင် ဒီဟာနဲ့ပတ်သက်ပြီး Training တွေ စခဲ့တာဖြစ်ပါတယ်။ အခုအချိန်အထိ ဆိုတွက်ကြည့် ပေါ့။

Training ကာလ ဘယ်လောက်ကြာသွားပြီလဲ။ အဲဒီအထဲကတိုင် သဘောတူညီမှု ယူခဲ့တာဖြစ်တယ်။ ဒီသေ င်္ဘာ ကြီးကို ကျ နော်တို့က ဒီအတိုင်း လက်ပြောင်း လက်လွှဲယူခဲ့တာ မဟုတ်ဘူး။ ဒီသင်္ဘောကြီးက ကျနော် တို့နိုင်ငံ က ယူမယ်ဆိုရင် ကျနော်တို့ နိုင်ငံနဲ့ ကိုက်တဲ့ဟာတွေ တပ်ဖို့၊ ကျနော်တို့နိုင်ငံနဲ့ ကိုက်တဲ့ အမျိုးအစား တွေ ပြုပြင် ပြောင်းလဲဖို့၊ ဒီသင်္ဘောကို ပြန်လည်ပြုပြင်ဖို့ဆိုတာက လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်ကတိုင် စတင်ခဲ့တာ ဖြစ်တယ်။ အဲဒီကတည်းက ငွေကြေး ကုန်ကျမှု တွေက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပိုက်ဆံရှိလို့ အခုချက် ချင်း ကောက် ဝယ်ဆိုတာက မဟုတ်ပါဘူး။

မေး ။ ။ အဲဒါဆိုရင် အခု တစီးပေါ့နော်။ နောက်ထပ် တစီးဝယ်ဖို့ရော ရှိသေးလား။ ဘယ်လို ဆက်ပြီး စီစဉ်ဆောင် ရွက်သွားဖို့ ရှိမလဲ။

ဖြေ ။ ။ ကျနော်တို့အနေနဲ့က ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် Training တွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အိန္ဒိယ နိုင်ငံတင် မကပဲ ဒီအပြင် နိုင်ငံ ၁ နိုင်ငံမှာလည်း Training တွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါ လည်း ၂ နှစ်၊ ၃ နှစ် လောက် ရှိပါပြီ။ Training တွေ Advanced Training တွေပေါ့နော်။ ဆောင်ရွက်နေတာ ရှိတယ်။ ပြီးရင် ဒီဟာနဲ့ ပတ် သက်ပြီးတော့ကျ ရေငုပ်သင်္ဘောတပ်ဖွဲ့၊ ဒီတစင်းကို အခြေခံပြီး ရေငုပ်သင်္ဘောတပ်ဖွဲ့ တည် ထောင်ဖို့အတွက်လည်း ရည်မှန်းချက်များ အစီအစဉ်များလည်း ရှိပြီး ဖြစ်ပါတယ်။

အခုဝယ်လိုက်တာက TYPE 877 EKM အမျိုးအစား၊ တော်ပီဒိုသည် Wire guided ဖြစ်ပါတယ်။ Wire guided ဆိုတာက ပြောရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မူလဟာက တော်ပီဒိုကို ပစ်လိုက်ရင်၊ သေချာချိန်ပြီး ပစ်လိုက် တယ် အဲဒီ တော်ပီ ဒိုကို လိုက်ထိန်းလို့ မရတော့ဘူး။ ပစ်လွှတ်ပြီးရင် ပြီးပြီ။

Wire guided တော်ပီဒိုဆိုတာက တော်ပီဒိုရဲ့ နောက်မှာ ဝါယာကြိုးပါတယ်။ အဲဒီဝါယာကြိုးကတဆင့် တော်ပီ ဒို ကို ကိုယ်လို သလို ထိန်းလို့ရတယ်။ ဘယ်ကွေ့လို့ရတယ်။ ညာကွေ့လို့ ရတယ်။ ပစ်မှတ်ကို မရောက်မခြင်း ထိန်း သွားလို့ရတယ်။ အဲဒါကို ဆိုလိုခြင်း ဖြစ်တယ်။

ပစ်ပြီးတာနဲ့ ပြီးသွားတာ မဟုတ်ဘူး။ ပစ်ပြီးတာနဲ့ ထိချင်ထိ မထိချင်နေ မဟုတ်ဘူး။ ပစ်ပြီးတာနဲ့ ပစ်ကတည်း ကလည်း စချိန်ပြီး ပစ်လိုက်တယ်။ ဟိုဘက် ရန်သူ့စစ်ရေယာဉ်က ကိုယ်ချိန်ဆထားသလို ရှေ့သွားနေတာမဟုတ် ဘဲနဲ့ နောက်ကို ရွေ့သွားတယ်ဆိုရင်လည်း Wired Guided က လိုက်ထိန်းပေးလို့ရတယ်။ ဘယ်ကွေ့ ညာကွေ့ အထက်တက် အောက်ဆင်း အဲဒီလို လုပ်လို့ရတဲ့ဟာမျိုး ဖြစ်တယ်။
၂၀၀၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက် လေ့ကျင့်ပြီး ပြန်လာသည့် ဒုတိယ ဗိုလ်မှူးကြီး မိုး အောင် (အလယ်လူ)နှင့် အဖွဲ့ (ဓာတ်ပုံ – တပ်မတော်)

မေး ။ ။ ဘာလို့ မင်းရဲသိင်္ခသူ ဆိုတဲ့ နာမည်ကို ပေးရတာလဲ။

ဖြေ ။ ။ မင်းရဲသိင်္ခသူ ဆိုတာကတော့ သမိုင်းထဲမှာ ရှိပြီး ဖြစ်ပါတယ်။ ဘွဲ့နာမည် ဖြစ်တယ်။ အဲဒီအပေါ်မှာ မသိ ကြမှာ စိုးလို့ တက်ရေးနေကြတာ ရှိပါတယ်။ မင်းရဲသိင်္ခသူဆိုတဲ့ နာမည်က မြန်မာနိုင်ငံမှာရှိတဲ့ သူရဲ ကောင်း ပေါ့ နော်။ သူရဲကောင်း ရဲ့ ဘွဲ့အရည်အချင်း ဖြစ်ပါတယ်။ မင်းရဲသိင်္ခသူဆိုတာက နာမည်ထက် ဘွဲ့ပေါ့ နော်။ စစ် တိုက်ရာမှာ ထူးချွန်တဲ့သူတွေကို ရှေးဘုရင်တွေပေးတဲ့ ဘွဲ့အမည် ဖြစ်တယ်။

မေး ။ ။ အခုလို ရေငုပ်သင်္ဘော ပိုင်တဲ့အတွက် တပ်မတော်(ရေ)အတွက် ဘာတွေ တိုးတက်ပြောင်းလဲ လာ တယ် လို့ ပြောနိုင်သလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ တပ်မတော်(ရေ)ရဲ့ စစ်ဆင်ရေးမှာ ၃ မျိုး ရှိတယ်။ နံပါတ်တစ်ကတော့ ရေပေါ် စစ် ဆင်ရေး ပေါ့။ ရေပေါ် စစ်ဆင်ရေးဆိုတာ ဝေဟင်ကနေ ရေပြင်စစ်ဆင်ရေးပေါ့။ အဓိကကတော့ လေတပ် ကနေ လုပ်လို့ရတာ ရှိ တယ်။ ပြီးရင် ရေတပ်ဖွဲ့ပိုင်တဲ့ လေတပ်တွေကနေ လုပ်လို့ ရတာရှိတယ်။ ဒါတွေကေ တာ့ ကျ နော်တို့ဆီမှာက တပ်မတော် (လေ)ရဲ့ စွမ်းအင် မြင့်တင်ထားတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ရေပြင် အပေါ် က စစ်ဆင်ရေးကို ဆောင်ရွက်နိုင်တဲ့ စွမ်းရည် က ရှိပြီး ဖြစ်တယ်။

နောက်ပြီး ရေပြင်စစ်ဆင်ရေးပေါ့။ ရေပြင်စစ်ဆင်ရေးကျ သဘောင်္တွေက လုပ်မှာပေါ့။ ဒါတွေလည်း ဆောင် ရွက်ထားတယ်။ ကျနော်တို့ လိုနေတာ ရေအောက် စစ်ဆင်ရေး၊ ရေအောက် စစ်ဆင်ရေးကို ကျနော်တို့ မလုပ် နိုင်သေးဘူး။ ဒီအလွှာ သုံးလွှာလုံးကို လုပ်နိုင်မှ တပ်မတော်(ရေ) ဆိုတာက ပြီးပြည့်စုံတာ ဖြစ်တယ်။

ခေတ်မီတောင့်တင်းတဲ့ တပ်မတော်ဖြစ်လာတာ ဖြစ်တယ်။ အခုအချိန်မှာတော့ ဒီသင်္ဘောကို ပိုင်တဲ့အတွက် ရေပေါ် စစ် ဆင်ရေး၊ ရေပြင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး အလွှာ ၃ လွှာ စလုံးကို ဆောင်ရွက်နိုင်ပြီ ဖြစ် တယ်။

ဒီရေငုပ်သင်္ဘောဟာ တကယ့်ခေတ်မီနိုင်ငံကြီးတွေတောင်မှ စုံစမ်းထောက်လှမ်းဖို့ ခက်တာဖြစ်တဲ့အတွက် ဒီရေ ငုပ် သင်္ဘောကို ပိုင်ဆိုင်ခြင်းအားဖြင့် တော်ရုံတန်ရုံ ရန်ပြု ကျူးကျော်ချင်တဲ့သူတွေအနေနဲ့ ဒီရေပြင်ပိုင် နက်ကို ကျူးကျော်ဖို့ ဆိုတာကို တော်တော်ကို စဉ်းစားရမှာဖြစ်ပါတယ်။

စစ်မတိုက်ဘဲနဲ့ ရန်သူက မိမိရဲ့ အင်အားကို ကြည့်ပြီးတော့ စစ်မတိုက်ရဲအောင်၊ သူ့ကိုတော့ သွားမစနဲ့ဆိုတဲ့ အယူအဆမျိုး ဖြစ်လာအောင် လုပ်နိုင်ဖို့ဆိုတာက စွမ်းရည်ထက်မြက်တာ ပိုင်ဆိုင်ထားမှ ဖြစ်တယ်။ ဒါကြောင့် မိုလို့ ကျနော်တို့အနေနဲ့ ဒီရေအောက်စစ်ဆင်ရေးကို ဆောင်ရွက်လာနိုင်တဲ့အခါမှာ ဒီစွမ်းရည်တွေကို ပိုင်ဆိုင် လာမှာ ဖြစ်တယ်။

ပြီးရင် ကျနော်တို့အနေနဲ့က မြန်မာနိုင်ငံရဲ့ စီးပွားရေးဇုန်တွေပေါ့ ။ သီးသန့်စီးပွားရေးဇုန်အထိ တိုးမြင့်ပြီး ကာ ကွယ်နိုင်မှာ။ ဘာကြောင့်လဲဆိုတော့ လက်တွေ့စမ်းသပ်ခဲ့ပြီး ဖြစ်တယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံနဲ့ကြားမှာ အခု ရေငုပ်သင်္ဘောက ၅ ကြိမ် လောက် အသွားအပြန် လုပ်ခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် စီးပွားရေးဇုန် နယ်မြေအထိ စိုးမိုးဖို့ဆိုတာက သိပ်ပြီး ခက်ခဲတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။

မေး ။ ။ ရေငုပ်သင်္ဘောပါတဲ့ စစ်ရေးလေ့ကျင့်ခန်းကို ဘယ်နေရာမှာ ဆောင်ရွက်ခဲ့တာပါလဲ။ တပ်ချုပ်ကိုယ် တိုင် လည်း တက်ရောက်ခဲ့တာလည်း တွေ့ ရလို့ပါ။

ဖြေ ။ ။ ရေငုပ်သင်္ဘောနဲ့ အတူ စစ်ရေးလေ့ကျင့်ဖို့ ရေယာဉ် ၁၂ စင်းနဲ့ ဆောင်ရွက်ခဲ့တယ်။ အဲဒါကတော့ ကိုကိုး ကျွန်းနဲ့ ရန်ကုန်မြစ်ဝအကြားမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ၁၂ရက်ကနေ ၁၅ ရက်နေ့အထိ လုပ်ခဲ့တယ်။ မနေ့က ၁၅ ရက်နေ့ ကတော့ လေ့ကျင့်ခန်း ပြီးလို့မိုလို့။ ရေငုပ်သင်္ဘော အပါအဝင် ရေတပ်စခန်း ဌာနချုပ်ကို ပြန် ဝင်လာတာ ဖြစ်တယ်။ ပြန်ဝင် လာတဲ့ အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သွား ရောက်ပြီး ဂုဏ် ပြုစကား ပြောကြားခဲ့တယ်။ လေ့ကျင့်ခန်း နဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Link : Here

Sunday, October 11, 2020

အနောက်ဘက်တံခါးက အပေးအယူ

ဧရာဝတီ
မင်းအောင်ခိုင်
11 October 2020 


နတ်မြစ်တဘက်ကမ်းကို ကျော်လွန်ပြီး မြန် မြန်မာ့တပ်မတော် စစ်သည် နှစ်ဦး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ သို့ ရောက်ရှိသွားကြောင်း သတင်းထွက်ပေါ်လာအပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားတွင် ၂ ဘက်တပ်များ တိုး ချဲ့ချ ထားခြင်းကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် များအ တွင်း မြန်မာ့ တပ်မတော်နှင့် ရခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်း သတင်းတို့က နောက် ဆက် တွဲထွက် ပေါ် လာခဲ့ရာ ဆက်စပ်စဉ်းစားစရာများ ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Fortify Rights က New York Times သတင်းစာနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှရိုဟင်ဂျာခေါ်ရခိုင်ပြည်မြောက် ပိုင်း နေ မွတ်ဆလင်များအား သတ်ဖြတ်ခြင်းကို မြန်မာ့တပ်မတော်၏ အမိန့်ဖြင့် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထား ရသော တပ်သား ၂ ဦး၏ သက်သေခံ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

Monday, October 5, 2020

အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား

ဧရာဝတီ
အောင်ဇော်
5 October 2020
၂၀၁၂ ခုနှစ် ရန်ကုန်တွင် ရခိုင်တိုင်းရင်းသားများက ကုလသမဂ္ဂနှင့် INGOs များ၏ ရခိုင်အရေးအပေါ် ကိုင်တွယ်သဘောထားပုံများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြစဉ် / ဧရာဝတီ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူသစ် ခန့်အပ်လိုက်သူသည် အေမရိ ကန်ပြည်ထောင်စု မိန်းပြည်နယ် ပထမ လွတ်တော်မဲဆန္ဒနယ်မှ အောက်လွှတ်တော်ကိုယ်စား လှယ် ဟောင်း သောမတ် အင်ဒရူးဖြစ်သည်။

Monday, September 28, 2020

အာမေနီးယားနှင့်အဇာဘိုင်ဂျန်တို့စစ်ပွဲကြီးဖြစ်တော့မလား?



လက်ရှိဖြစ်ပွားနေသော အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြားဖြစ်ပွား ပဋိပက္ခ အခြေတည်ရာနယ်မြေဖြစ် သည့် "နာဂေါ်နို-ကာရာဘတ်" (Nagorno-Karabakh) ကို ကြားဖူးကြသူ နည်းကြပါမည်။ နာဂေါ်နို-ကာရာဘတ် ဆိုသည်က လူဦးရေ ၁၅၀၀၀၀ ခန့်သာရှိသော တောင်ကုန်းတောင်တန်းထူထပ်သော ပြည် နယ်လေးတစ်ခုသာ ဖြစ်သည်။

အားမေးနီးယန်းတို့က နာဂေါ်နို-ကာရာဘတ်ကို "အာ့တ်ဆတ်ခ်" ဟု ခေါ်သည်။ တကယ်တော့ နာဂေါ်နို-ကာရာဘတ်ခ်ခေါ် အာ့တ်ဆတ်ခ်နယ်ကလေးသည်က တောင်ကော့ကေးဆပ်နယ် လူမျိုးကြီးနှစ်ခုတို့ကြား ပြဿနာရင်းမြစ်ဖြစ်နေခဲ့သည်မှာ အတော်ပင်ကြာခဲ့ပြီ။ ဆိုရလျှင် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်ကတည်းက စဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ နာဂေါ်နို-ကာရာဘတ်တွင် အဓိက နေထိုင်သူများက အာမေးနီးယန်းများ ဖြစ်ကြသည်။ ၁၉၉၁ တွင် ၎င်းတို့က အာမေးနီးယား၏နောက်ခံပံ့ပိုးမှုဖြင့် အဇာဘိုင်ဂျန်မှ ခွဲထွက်ကြောင်း လွတ်လပ်ရေးကြေငြာသည်။ အဇာဘိုင်ဂျန်မှလည်း ၎င်း၏အာဏာစက် ပြန်လည်သက်ရောက်ရန် ကြိုးပမ်းသည်။ ၎င်းနောက်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနှင့်အတူ ဒေသတွင်းသွေးမြေကျ ပဋိပက္ခများ တရစပ်ဖြစ်ပွားလာခဲ့တော့သည်။
.

Sunday, September 27, 2020

၂၀၃၀ မှာ တောင်အာရှရဲ့ခေတ်မီ တပ်မတော် ဖြစ်အောင် ကူညီမယ်ဆိုတဲ့ မက်လုံးနဲ့ ဘင်္ဂါးလားဒေရှ့်ကို ချည်းကပ်လာ ခဲ့တဲ့အမေရိကန် ( ဘင်္ဂါးလာဒေရှ့်ဘက် အမေရိကန်ပါလာ တာကတော့ အိမ်နီးခြင်း မြန်မာအတွက် လုံးဝ ကောင်းနိုင် မှာ မဟုတ်ဘူး…….)

Myanmar Top News
September 27, 2020

လွန်ခဲ့တဲ့ ၁၅ရက်ခန့် September 11, 2020 မှာ အမေရိကန် ကာကွယ်ရေ းဝန်ကြီး မတ်ခ် အက်စ်ပါ က ဘင်္ဂ လားေ ဒ့ရှ် ဝန်ကြီးချုပ် ဟာဆီနာ ထံကို ဖုန်းဆက်ခဲ့ တယ်။ လိုရင်းပြောရရင် အမေရိကန်က သူတို့ရဲ့ အင်ဒို - ပစိဖိတ်ဒေသ မဟာဗျူဟာ အရ ဘင်္ဂလားဒေ့ရှ်ကို ထည့် ကစားဖို့ စည်းရုံးရေး ဆင်းတဲ့ သဘောပါဘဲ။

Saturday, August 15, 2020

ARSA ပြန်ခေါင်းထောင်နေပြီလား

ဧရာဝတီ 
15 August 2020
မေယုတောင်ကြောပေါ်တွင် စစ်ရေးလေ့ကျင်နေသည့် ARSA အကြမ်းဖက်တပ်ဖွဲ့ဝင်များ

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ ARSA ခေါ် Arakan Rohingya Salvation Army ဟာ သူ့ရဲ့ အကြမ်းဖက် လက်နက်ကိုင် လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ် ပြန်ပြီး လုပ်နေတယ်လို့ ပြည်တွင်းပြည်ပ လေ့လာ သုံးသပ်သူတွေက ရှုမြင်သုံးသပ်ကြပါတယ်။

Tuesday, July 28, 2020

အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက် လား အချက်လား

ဧရာဝတီ
နန်းလွင်
28 July 2020
၂၀၁၂ နိုဝင်ဘာလ ဘားရက်အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ဝဲ) နှင့် ၂၀၂၀ ဇန်နဝါရီ ရှီကျင့်ဖျင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ယာ) / နိုင်ငံတော်အတိုင်ပင်ခံရုံ

မကြာသေးမီက မြန်မာနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ သံရုံးများအကြား လူမှုကွန်ရက်တွင် အ ငြင်းပွားမှုသည် မြန်မာနိုင်ငံကို အင်အားကြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုအတွင်း သို့ ရောက် ရှိ စေသည်။ အမေရိကန် သံတမန်တဦး၏ အတွေ့အမြင်ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင် ငံ၏ လုပ်ဆောင်မှုများနှင့် ဟောင်ကောင်ကို အပြင်းအထန် ဖြိုခွဲခြင်းသည် မြန်မာနိုင်ငံအပါ အဝင် အိမ်နီးချင်း နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးကြောင်း စွပ်စွဲသည်။

Tuesday, July 21, 2020

သမိုင်းထဲမှ ဒီမိုကရေစီနှင့် မှတ်တမ်းအမှား

TheVoiceWeekly Journal
10-Jan-2019 
သမိုင်းထဲမှ ဒီမိုကရေစီ


မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အတွင်း ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ထိုကာလ သည် မြန်မာတို့ ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြသည့်သမိုင်းတစ်လျှောက် ပထမဆုံး ဒီမို ကရေစီကျင့်သုံးသည့်ကာလတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ထိုအချိန် ကကျင့်သုံးခဲ့သည့် ဒီမိုကရေစီသက် တမ်း သည် နှစ်ပေါင်း ၁၄ နှစ်ခန့် သာ ကြာရှည်ခဲ့သည်။ ယင်းအချိန် မှစ၍ နှစ်ပေါင်း ၆၀ကျော်သည့် အချိန် မှ ဒီမိုကရေစီ တစ်ကျော့ပြန် လည် ရောက်ရှိလာခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ယခုမှကျင့်သုံးခဲ့ခြင်း မဟုတ်။ ကျင့်သုံးခဲ့ဖူးသည်။ မြန်မာနိုင်ငံ တွင် ဒီမိုကရေစီကျင့် သုံး ခဲ့စဉ်ကာလ က အာဆီယံနိုင်ငံများတွင်သာမက အာရှတွင်ပါ ထိပ်တန်း နေရာတစ်ခု ရခဲ့သည်ကို တွေ့ကြရသည်။

Tuesday, June 23, 2020

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၇)

ဧရာဝတီ
ဆောင်းပါး
By မောင်မောင်စိုး
23 June 2020
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်ပါတယ် / အောင်ကျော်ထက် / ဧရာဝတီ


ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများရှိသည်အနက် လက်ရှိ အအောင်မြင်ဆုံးနှင့် ရခိုင်လူထုကြား သြဇာအရှိ ဆုံး ပါတီမှာ ANP ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ANP ပါတီကတင်သွင်း သော စာတမ်း အရ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ANP ပါတီ လိုချင်သော နိုင်ငံရေးရည်မှန်း ချက် မှာ ကွန်ဖက် ဒရိတ် အဆင့်အတန်း ဖြစ်သည်ကို တွေ့ရသည်။ ANP နှင့် AA လျှောက်လှမ်းသည့် ပုံစံမတူ သော်လည်း နိုင်ငံရေး ရည်မှန်းချက်မှာ ယေဘုယျ အားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။

Saturday, June 20, 2020

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခြင်း(ဘာသာပြန်ဆောင်း ပါး)

DVB
20 June 2020
ဘာသာပြန်ဆောင်းပါး
အနောက်တိုင်းသား လစ်ဘရယ်တွေက သူတို့ မျှော်လင့်သလို မဖြစ်လာတဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည် ကို အပြစ်တင်ကြတော့တာပဲ။ အများက စံထားရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး နေ့ချင်းညချင်း ပုံရိပ်ကျဆင်းသွားတာမျိုးက သိပ်မများပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာပြည်ကို လက်တွေ့အုပ်ချုပ် နေတဲ့ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ရခိုင်စစ်ပွဲနှင့် သူ၏ ဇာတ်ကောင်များ (အပိုင်း ၆ )

ဧရာဝတီ
By မောင်မောင်စိုး
20 June 2020
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို တွေ့ရသည် / ဧရာဝတီ

တပ်မတော်နှင့် ရခိုင်ပြည်နယ်

တပ်မတော်သည် ရခိုင်ပြည်နယ်တွင် ဦးစွာရင်ဆိုင်ရသည့်ပြဿနာမှာ ရိုဟင်ဂျာဟု မိမိကိုယ်မိမိခေါ်ဆိုသောရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင် ပြသနာဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်ဆလင်များအား နအဖ တပ်မ တော် အစိုးရ လက်ထက်က ဝှိုက်ကဒ် White card များ ထုတ်ပေးထားခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့် ပေးထားစဉ်က ဘင်္ဂါလီများနှင့် တပ်မတော်၊ ပြည်ခိုင်ဖြိုး ပါတီတို့ အကြား ဆက်ဆံရေးကောင်း မွန်ခဲ့သည်။

Sunday, June 14, 2020

ရိုဟင်ဂျာတို့ရှေ့ရေး ဝေဝါးဆဲ - ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးဆောင်းပါး

VOA
 ဗွီအိုအေ (မြန်မာဌာန)
14 ဇွန်၊ 2020
မဆုမွန်
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာဒု္ခသည်စခန်းတွေ ထဲက ဒုက္ခသည်တွေရဲ့ မရေရာတဲ့ အနာဂတ်နဲ့ မသေချာသေးတဲ့ အိမ်အပြန်လမ်းတွေအကြောင်း မဆုမွန် စုစည်း တင်ပြထားပါတယ်။

Wednesday, June 10, 2020

ဝေးလှသည့် တရားရုံးများမှ တရားစီရင်မှုကို ကျွန်တော်တို့ မစောင့်နိုင်

Frontier
MYANMAR
Wednesday, June 10, 2020
၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်က သည်ဟိဂ်တရားရုံး၌ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားနေသည်ကို ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒုက္ခသည်စခန်းမှ တိုက်ရိုက်ဖမ်းယူကြည့်ရှုစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများသည် နိုင်ငံတကာတရားရုံးများမှ တရားစီရင်မှုကို သဘာ ဝမ ကျ၊ လက်တွေ့ဘဝနှင့် ကင်းကွာလှစွာ မျှော်လင့်နေခဲ့ကြပါသည်။ အိုင်စီဂျေရှေ့၌ ရှိနေသောအမှုသည် စိတ်ပျက် စရာ ပြီးဆုံးတော့မည့်ပုံပေါ်နေပါသည်။

Wednesday, June 3, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး

ဧရာဝတီ
Muktadir Rashid
3 June 2020

ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသရေး စခန်းတခု UNHCR က ဖွင့်ထားသည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိဆေးရုံတခုတွင် တနင်္ဂနွေနေ့က သေဆုံးသော အသက်အရွယ်ကြီးရင့်သူ တဦး၏ ဓါတ်ခွဲခန်းနမူနာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒေသခံအရာရှိများ၏ အဆိုအရ တနင်္လာနေ့က သိရ သည်။ လူဦးရေးထူထပ်သည့် ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်အရှိန်မြှင့်လုပ်ဆောင် သွားမည်ဟုလည်း ထိုအရာရှိများပြောသည်။

Monday, May 18, 2020

ကိုဗစ် ၁၉ တုန့်ပြန်အရေးယူမှု၌ နေရပ်စွန့်ခွာသူများကိုချန် ထားဟုဆို


Frontier
MYANMAR
Sunday, May 17, 2020
ကျော်လင်းထွန်း ရေးသားသည်။
စခန်းများ၌ ပြည့်ကျပ်နေသည့်အခြေအနေများ၊ ညံ့ဖျင်းသောဝန်ဆောင်မှုများနှင့် ဆက်သွယ်မှုနှင့် လှုပ်ရှားမှု များ တွင် ကန့်သတ်ချက်များရှိနေ၍ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရသူများမှာ ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်ရာ တွင် အခြားသူများထက်ပို၍ ခုခံနိုင်စွမ်းအားကျဆင်းလျက်ရှိသည်။
 
ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိလူတိုင်းနီးပါးမှာ တနည်းမဟုတ်တနည်း ထိခိုက်ခံရသည် မှန် သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာရပြီး ပြည့်ကျပ်နေသောစခန်းများတွင် နေရသူ များ မှာ ဗိုင်းရပ်စ်ပိုး၏ခြိမ်းခြောက်မှုကို ပိုမိုခံစားနေရသည်။

Monday, May 11, 2020

AA နှင့် ARSA ရှိသည့်နေရာများ အပစ်ရပ်မကြေညာခြင်း မှာ အချက်သုံးချက်ကြောင့်ဟု တပ်မတော်ရှင်းလင်း

7DAY
အောင်ဇော်ထွန်း
 May 11, 2020
အပစ်ရပ်ကြေညာမှုတွင် AA ကို ချန်မထားသင့်ဟု TNLA ပြော
လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦး (ဓာတ်ပုံ − mpa)

ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)နှင့် ARSA အဖွဲ့ရှိသည့်နေ ရာများကို အပစ်ရပ်မကြေညာ ခြင်းမှာ၎င်းတို့၏အကြမ်း ဖက် လုပ်ရပ်များ လုပ်ဆောင်ခြင်းအပါ အဝင် အချက်သုံးချက်ကြောင့်ဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။

Sunday, May 3, 2020

အသက်ရှင်ခွင့်ပေးပါ

ဧရာဝတီ 
မွန်မွန်မြတ်
3 May 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့ နေပူခံ စစ်ရှောင်စခန်း / မင်းအောင်ခိုင်

National Geographic က ထုတ်ပြန်ခဲ့တဲ့ သတင်းတပုဒ်မှာ Covid-19 ကပ်ရောဂါကြောင့် သေဆုံးတဲ့အမေရိ ကန် ဦးရေဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ အမေရိကန်ဦးရေကို ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။

Friday, March 27, 2020

တရုတ်၊ ရခိုင်တပ်တော် နှင့် မြန်မာအစိုးရ၏ အဖြေ

Frontier 
MYANMAR
Friday, March 27, 2020
ယွန်ဆန် ရေးသားသည်
အေအေတပ်သားသစ်များအား တရုတ်နယ်စပ်အနီးမှ ကချင်ပြည်နယ်အတွင်းရှိ လိုင်ဇာ ဌာနချုပ်၌ စစ်သင်တန်းပေးသည်။ ဓာတ်ပုံ - ခွန်လတ်
 
အေအေသည် ရခိုင်ပြည်နယ်၌ လူထုထောက်ခံမှုရရှိခြင်းကြောင့် တိုက်ပွဲရလဒ်ကိုပြောင်းလဲ သွားနိုင် စွမ်းရှိ လာရာ တရုတ်နိုင်ငံ၏ဩဇာကို နာခံလိုမှုတဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်သည်။

Sunday, March 8, 2020

ရခိုင်မြောက်ပိုင်းကို ကျော်ပြီး တိုက်ပွဲများ ဖြစ်လာမည်ဟု AA သတိပေး

ဧရာဝတီ
မိုးမြင့်
9 February 2019
ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် / AA Information Page / Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ ဆက်လက်ဆိုးရွာနေပါက ပြည်နယ် အတွင်း အခြားနေရာများသို့ပါ ပျံ့နှံ့သွားစေနိုင်ကြောင်း ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ် ညိုထွန်းအောင်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗီဒီယိုတခုတွင် သတိပေးပြောကြားလိုက်သည်။ရခိုင်ပြည် နယ်မြောက်ပိုင်းသို့ တပ်မတော်တပ်ဖွဲ့များ ထပ်မံစေလွှတ်နေသည်ဟု ယူဆရသော လုပ်ရပ်များ နောက်ပိုင်းတွင် သူ၏ သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

Thursday, March 5, 2020

ဒေါက်တာ ရှာဘတ်စ်၏ ရန်ကုန်တက္ကသိုလ်ဟောပြောပွဲ၊ ICJ အတွေ့အကြုံများ ပြန်လည်မျှဝေ

ဧရာဝတီ
ဇင်လင်းထက်
5 March 2020
ယနေ့ ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမှု ပြုလုပ်ခဲ့သည့် ပါမောက္ခ ဒေါက်တာဝီလီယံ ရှာဘတ်စ် / ထက်ဝေ / ဧရာဝတီ

နိုင်ငံတကာ တရားရုံး (ICJ) တွင် မြန်မာဘက်က ခုခံချေပခဲ့သည့် ဥပဒေ ပညာရှင် ပါမောက္ခ ဒေါက်တာ ဝီလျံ ရှာဘတ်စ် ယနေ့ ရန်ကုန်တက္ကသိုလ်တွင် လာရောက်ဟောပြောရာ လူမျိုးတုံးသတ်ဖြတ်မှု အကြောင်းနှင့် ICJ တွင် ၎င်းဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံများကို ကျောင်းသားများသို့ ပြန်လည်မျှဝေသည်။

“Genocide Convention ကို ဘယ်အချိန်မှာ စပြီး ဘာရည်ရွယ်ချက်နဲ့ စပြီးတော့ ရေးဆွဲခဲ့သလဲဆိုတဲ့ သမိုင်းဖြစ် စဉ်တွေ ပြောတယ်။ Genocide Convention နဲ့ ပတ်သက်တဲ့ စာတွေလည်း ရေးတယ် ဆိုတဲ့အကြောင်း အများ ကြီး ပြောပါတယ်” ဟု ဟောပြောပွဲသို့ တက်ရောက်သည့် ဥပဒေသုတေသီ ဖြစ်သူ ဦးဗျက်ထန်က ဧရာဝတီသို့ ပြောကြားသည်။

သို့သော် အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အဖွဲ့ဝင် မော်လဒိုက်စ်နိုင်ငံက မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးတွင် ကြားဖြတ်အမှုတင်သွင်းရန် ကြေညာထားမှုနှင့် ပတ်သက်၍ ဒေါက်တာ ရှာဘတ်စ် က ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ ဟောပြောပွဲကို ခေါင်းစဉ် သီးခြား ပေးမထားခဲ့ဘဲ ဟောပြောမှုကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြုလုပ် ခဲ့ သည်ဟု သိရသည်။

ဟောပြောပွဲကို တက်ရောက်သည့် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ စတုတ္တနှစ် ဥပဒေပညာကျောင်သူ မ ချယ်မှုန်းထင်ကလည်း ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲကို တက်ရောက်ခွင့်ရသဖြင့် ဝမ်းသာဂုဏ်ယူ မိ ကြောင်း ဆိုသည်။

“သူလုပ်ခဲ့တဲ့ Experience တွေကို ပြောတာပေါ့။ တချို့ဟာလေးတွေလည်း သိပ်နားမလည်တာ ရှိပါတယ်။ တော် တော် တော့ Catch Up လုပ်ရတယ်။ ခေါင်းစဉ်တော့ မရှိဘူး။ အိုင်စီဂျေမှာ သွားခဲ့တဲ့ သူ့ရဲ့ အတွေ့အ ကြုံတွေကို ပြန်မျှတာပေါ့” ဟု ၎င်းက ပြောပြသည်။

ထိုကဲ့သို့ ကမ္ဘာကျော်ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို ပညာရေးဝန်ကြီးဌာနက တတ်နိုင် သမျှ ဆောင်ရွက်ပေးသင့်ကြောင်း ဟောပြောပွဲသို့ တက်ရောက်လာသူအချို့က ဆိုကြသည်။

ဒေါက်တာရှာဘတ်စ်၏ ဟောပြောပွဲကို ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိပြီး ယနေ့ ပွဲတွင် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဘွဲ့နှင်းသဘင်ခန်းမ အနီးတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ခန့်ဖြင့် “ငရဲ ခွေးကြီးများ လွတ်နေဆဲ”ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာသား ရေးသား ထားသော ဆိုင်း ဘုတ် ထောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဆန္ဒထုတ်ဖော်သော ကျောင်းသားများသည် “ငရဲခွေးကြီးများ လွတ်နေဆဲ”ဟု ခေါင်းစဉ်တပ်ထား သော ဆောင်းပါး ရေးသားထားသည့် စာရွက်များကိုလည်း ဟောပြောပွဲ တက်သူများထံ ဝေငှခဲ့သည်။

ဒေါက်တာရှာဘတ်စ်သည် ဟောပြောပွဲသို့ လာစဉ်က အဓိပတိလမ်းမထိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ ဝင်ပေါက် မှ ဝင် ရောက် ခဲ့သော်လည်း ဟောပြောပွဲအပြီးတွင်မူ ကျောင်းသားများ၏ ဆန္ဒပြမှုကြောင့် ဘွဲ့နှင်းသဘင် ဘေး ဖက် အပေါက်မှ ထွက်ကာ ကားဖြင့် ထွက်ခွာသွားသည်။

ပါမောက္ခ ဒေါက်တာ ဝီလီယံရှာဘတ်စ်သည် ကနေဒါ နိုင်ငံသား ဂျူးလူမျိုးတဦး ဖြစ်သည်။

ဒေါက်တာ ဝီလီယံရှာဘတ်စ်ကို နိုင်ငံတကာ လူမျိုးတုံး သတ်ဖြတ်မှု လေ့လာသူများ အဖွဲ့အစည်း (IAGS) က မြန်မာ အစိုးရနှင့် အဆက်အသွယ် ဖြတ်ရန် ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်တွန်းထားပြီးနောက် ဒေါက် တာ ဝီလီယံရှာဘတ်စ် ရန်ကုန် တက္ကသိုလ်၌ လာရောက်ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ IAGS အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ လက်ရှိ တွင် ၎င်းသည် လူ့အခွင့်ရေး ဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေ၊ လူမျိုးတုံး သတ်ဖြတ်မှု၊ နိုင်ငံတကာ ရာဇ ဝတ် တရားရုံး ဥပဒေ၊ အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုနှင့် သေဒဏ် စီရင်မှု စသည့် ဘာသာရပ်များ အတွက် ပါရဂူဘွဲ့ (Ph.D) ယူမည့် ကျောင်းသားများကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Middlesex University London တွင် ကြီးကြပ် ပေးနေသူလည်း ဖြစ်သည်။

ဆက်စပ်လင့်


Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */