" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 27, 2020

၂၀၃၀ မှာ တောင်အာရှရဲ့ခေတ်မီ တပ်မတော် ဖြစ်အောင် ကူညီမယ်ဆိုတဲ့ မက်လုံးနဲ့ ဘင်္ဂါးလားဒေရှ့်ကို ချည်းကပ်လာ ခဲ့တဲ့အမေရိကန် ( ဘင်္ဂါးလာဒေရှ့်ဘက် အမေရိကန်ပါလာ တာကတော့ အိမ်နီးခြင်း မြန်မာအတွက် လုံးဝ ကောင်းနိုင် မှာ မဟုတ်ဘူး…….)

Myanmar Top News
September 27, 2020

လွန်ခဲ့တဲ့ ၁၅ရက်ခန့် September 11, 2020 မှာ အမေရိကန် ကာကွယ်ရေ းဝန်ကြီး မတ်ခ် အက်စ်ပါ က ဘင်္ဂ လားေ ဒ့ရှ် ဝန်ကြီးချုပ် ဟာဆီနာ ထံကို ဖုန်းဆက်ခဲ့ တယ်။ လိုရင်းပြောရရင် အမေရိကန်က သူတို့ရဲ့ အင်ဒို - ပစိဖိတ်ဒေသ မဟာဗျူဟာ အရ ဘင်္ဂလားဒေ့ရှ်ကို ထည့် ကစားဖို့ စည်းရုံးရေး ဆင်းတဲ့ သဘောပါဘဲ။

ကာကွယ်ရေးဝန်ကြီး ရဲ့ စကားဆိုတော့ ဘင်္ဂလားဒေ့ရှ်ကို ခေတ်မီ လက်နက်တွေ ထောက်ပံ့ရောင်းချပေး မယ် ဆိုပြီး မြှူဆွ ယ်ခဲ့ပါတယ်။ Nikkei Asian Review ဂျပန်သတင်းဋ္ဌာန ကတော့ အမေရိကန်ဟာ ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ်ဟာဆီနာ ကို တရုတ်နဲ့ ဝေးအောင် ဆွဲခေါ်ချင်လို့ မြှူဆွယ်တာလို့ ဆိုပါတယ်။

  ဘင်္ဂလားဒေ့ရှ်ကို ၂၀၃၀မှာ တောင်အာရှရဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် ကူညီမယ်လို့လဲ မာ့ခ် အက်စ် ပါက ပြောပါသတဲ့။ ခုလောလောဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကလက်နက် ဖောက်သည်ဟာ တရုတ် ဖြစ်ပါ တယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ရုရှားရဲ့လက်နက်ကို ဒုတိယအများဆုံး ဝယ်ယူထားပါတယ်။ အမေရိကန် ဗြိတိန်နဲ့ အီတလီ တို့ ထံက လက်နက်ဝယ်ယူမှုကတော့ အနည်းအကျဉ်းသာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နံပါတ်တစ် ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးနိုင်ငံ ကလည်း တရုတ်ပါဘဲ။

တရုတ်ဟာ ဘင်္ဂလားဒေ့ရှ် မှာ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ပေးဖို့ စီမံကိန်းတွေ အများ အပြား သဘောတူညီချက် ရယူပြီး လည်း ဖြစ်ပါတယ်။ ဒီထဲကမှ အမေရိကန် ဒေါ်လာ ၆.၄ဘီလျံ တန်ဖိုးရှိ စီမံကိန်း အ သစ်၉ခုကို ဦးစားပေး တည်ဆောက်ပေးဖို့ တရုတ်ကို လိုလိုလားလား တောင်းဆိုမှု ပြုထား ပါတယ်။

အမှန်တကယ် အားဖြင့် တရုတ်က BRI အတွက် ဘင်္ဂလားဒေ့ရှ်ကို စနစ်တကျ အချိန်ယူ စည်းရုံးသိမ်းသွင်း ခဲ့ပြီး တာ ကြာခဲ့ပါပြီ။ ဒီအတိုင်း ဆက်သွားရင် ဘင်္ဂလား ဒေ့ရှ်ဟာ သီရိလင်္ကာနိုင်ငံလိုပဲ တရုတ်ရဲ့ အကြွေး ထောက် ချောက်ထဲ ရောက်တော့မယ်ဆိုတဲ့ ဝေဘန်ချက် တွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ခုချိန်ကျမှ တရုတ်ရဲ့ အနာဂတ် စီမံကိန်း တွေ ရည်ရွယ်ချက် ပန်းတိုင်တွေကို ရိုက်ချိုး ဖျက် ဆီး ဖို့ (အဓိက အားဖြင့် မြန်မာနိုင်ငံ ကျောက်ဖြူဒေသ တရုတ်ရဲ့ စီးပွားရေး အခြေခံအဆောက်အအုံ တွေကို ဝန်းရံ ပိတ်ဆို့ ဖို့) တောင်အာရှရဲ့အဓိက ကျတဲ့ လမ်းကြောင်း ပေါ်က ဘင်္ဂလားဒေ့ရှ်ကို ရွေးချယ် ချဉ်းကပ် လာခဲ့တာလို့ ယူဆရပါတယ်။

တရုတ်က အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အတွက် စစ်ရေး ရည်ရွယ်ချက်ကို ဖုံးကွယ်ပြီး စီးပွားရေး အခြေခံ အ ဆောက်အအုံတွေ တည်ဆောက်ပြီးစီးခဲ့တာ ကြာခဲ့ပါပြီ။

ခုချိန်ကျမှ တရုတ်ရဲ့ အနာဂတ်စီမံကိန်းတွေ ကို ဖြတ် တောက် ပိတ်ဆို့ဖို့ ရည်ရွယ်ချက် နဲ့ ဘင်္ဂလားဒေ့ရှ်ကို စစ် ရေး အကူအညီတွေ ပေးမယ်လို့ ကြွေးကြော်ပြီး ဝင် ရောက် လာခြင်းဟာ ” ကောင်းသော လာခြင်း” မဟုတ်တာ တော့ အမှန်ဘဲ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရဲ့ စကားထဲမှာ ဘင်္ဂလီ ဒုက္ခသည် (သူတို့အခေါ် ရိုဟင်ဂျာ) တွေအရေးကို လည်း အထူးထည့်သွင်း ပြောကြားခဲ့တာ တွေ့ရမှာပါ။ ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်ကာကွယ်ရေးဝန် ကြီး က စစ်ရေး အကူအညီ တွေပေးမယ်။
ခေတ်မီတပ်မတော် ဖြစ်အောင် ထူထောင်ပေးမယ်လို့ ပြောင်ပြောင်တင်းတင်း ပြောပြီး ဝင်လာတာကို တ ရုတ် ဘက်ကလည်း ဒီတိုင်း လက်ပိုက် ကြည့်နေမှာတော့ မဟုတ်ပါဘူး။ အမေရိကန် နဲ့ တရုတ်ရဲ့ စီးပွားရေး စစ်ရေး အားပြိုင် နယ်ချဲ့ကြတဲ့ ရန်စောင်မှု နောက်ဆက်တွဲဆိုးကျိုးတွေ ကို ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာတို့က ခံစားရဖွယ် ရှိပါတယ်။

ယခင်ကတည်းက အနောက်တံခါးမှာ အမေရိကန် နဲ့ အနောက်အုပ်စုက သွယ်ဝိုက် စွက်ဖက်ခဲ့တဲ့ အတွက် ပြဿ နာ မျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့ မြန်မာ အနေနဲ့ ယခုလို အမေရိကန်က တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှု လုပ် လာ မယ် ဆိုရင်တော့ ပြည်တွင်း ပြည်ပ ပဋိပက္ခတွေ ပိုပြီး ကြုံလာရဖွယ် ရှိကြောင်း သုံးသပ်မိပါတယ်ဗျာ။

မူရင်းစာရေးသူ ဆရာ Than Lwin Ū အားလေးလေးစားစား ခရက်ဒက်ပေးပါသည်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */