" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 5, 2020

အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား

ဧရာဝတီ
အောင်ဇော်
5 October 2020
၂၀၁၂ ခုနှစ် ရန်ကုန်တွင် ရခိုင်တိုင်းရင်းသားများက ကုလသမဂ္ဂနှင့် INGOs များ၏ ရခိုင်အရေးအပေါ် ကိုင်တွယ်သဘောထားပုံများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြစဉ် / ဧရာဝတီ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူသစ် ခန့်အပ်လိုက်သူသည် အေမရိ ကန်ပြည်ထောင်စု မိန်းပြည်နယ် ပထမ လွတ်တော်မဲဆန္ဒနယ်မှ အောက်လွှတ်တော်ကိုယ်စား လှယ် ဟောင်း သောမတ် အင်ဒရူးဖြစ်သည်။
သူသည် တောင်ကိုရီးယားနိုင်ငံမှ ယန်ဟိလီကို ဆက်ခံခြင်းဖြစ်သည်။ ယန်ဟိလီသည် အစောပိုင်းတွင် မြန်မာနိုင် ငံသို့ သွားရောက်ခွင့်ရသော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ဘက်မလိုက်မှု သို့မဟုတ် ဓမ္မဓိ ဋ္ဌာန်ကျမှု မပြသ နိုင်သောကြောင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း အစိုးရက ၂၀၁၇ ခုနှစ်တွင် သူမ ကို အကြောင်း ကြားခဲ့သည်။
ယခုလူသစ် အင်ဒရူး၏ ကိုယ်ရေးအကျဉ်းတွင် သူသည် အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights ၏ အဆင့်မြင့်အကြံပေး ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။

သူ့အနေဖြင့် အဓိကထားသည့် အပိုင်းမှာ လူ့အခွင့်အရေး ခြိမ်းခြောက်ခံနေရသူများ သို့မဟုတ် ထိန်းချုပ် ခံ နေ ရသူများဖြစ်ကြောင်း အင်ဒရူးက မကြာသေးမီက ပြောကြားခဲ့သည်။ လူ့အခွင့်အရေးကိစ္စများနှင့် ပတ် သက်လျှင် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံပြီး နားထောင်သွားမည် ဖြစ်ကြောင်းလည်း သူကတိပြုခဲ့ သည်။

ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဖြစ်လာသောအခါ Fortify Rights နှင့်ပတ်သက်ခဲ့သော သူ၏အတိတ် နှင့် ပစ္စုပ္ပန်ကြောင့် စိုးရိမ်မကင်းဖြစ်မှုများ မေးခွန်းထုတ်စရာများ ပေါ်ပေါက်လာမည်မှာ အသေအ ချာပင်။

သူ့ကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်၊ မပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မည်သို့ဖြစ်စကာ မူ အင်ဒရူးအနေဖြင့် မြန်မာနိုင်ငံမှ ဖြစ်ရပ်များ ဘက်မလိုက်သော သက်သေအဖြစ် ယုံကြည်မှု ထူ ထောင်လိုပါက Fortify Rights နှင့် ကင်းကင်းနေရန် လိုမည်ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြပြော ဆိုကြသည်။
၂၀၁၄ ခုနှစ် ရန်ကုန်မှ ပြန်ထွက်ခွါနီး လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲလုပ်နေသော ယန်ဟီလီ/ဧရာဝတီ
မည်သည့်အတွက်နည်း


အမေရိကန်မီဒီယာ ခံတပ်ကြီးဖြစ်သော New York Times နှင့် Fortify Rights တို့၏ လက်လွတ်စပယ် မှားယွင်း ခဲ့သော အမှားများကို လွန်ခဲ့သောအပတ်က ဟောင်ကောင် Asia Times မှ (မြန်မာပြည်တွင် စစ် သုံ့ ပန်းများအား ရောင်းကုန်ပြုလုပ်ခြင်) ဆောင်းပါးတပုဒ်က မှန်ကန်စွာ ထောက်ပြခဲ့သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ၎င်းတို့၏ အထက်အရာရှိများ၏ အမိန့်အရ ရိုဟင်ဂျာ ခေါ် ရခိုင်မြောက် ပိုင်း နေ မွတ်ဆလင်များအား သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် မြန်မာစစ်သား နှစ်ဦး၏ထွက်ဆိုချက်ဆိုသည် များကို New York Times နှင့် Fortify Rights တို့က ဖေါ်ပြထုတ်ပြန်ခဲ့သည်။

ဝေဖန်သူများက Fortify Rights ၏ အစီရင်ခံချက်အပေါ် ယုံကြည်နိုင်မှုကို မေးခွန်းထုတ်ရုံသာမက ထိုသို့ လူသိ ရှင်ကြား လုပ်ဆောင်ခြင်းသည် ထိုစစ်သားနှစ်ဦး၊ မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိသားစုများ၊ ရင်းနှီးသော မိတ်ဆွေ များ နှင့်အပေါင်းအသင်းများကို လက်စားချေနိုင်သောကြောင့် အန္တရာယ်ရှိကြောင်းနှင့် ထိုသို့ဖြစ် သောကြောင့် ရက် စက်ကြမ်းကြုတ်မှုများကို မြင်တွေ့နိုင်ခြေရှိခဲ့သူများ ထုတ်ဖော် ဖွင့်ဟလာနိုင်ခြင်းအ တွက် အတားအဆီး ဖြစ်စေ ကြောင်းလည်း ပြောသည်။

"ထိုဖမ်းဆီးခံ စစ်သားနှစ်ယောက် သည်သဟိဂ်သို့ မည် သို့ ရောက်သွားသနည်းဟူသော မေးခွန်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အရာရှိများ ပါဝင်ပတ်သက် နေပါသလာ။"

သတင်းများ၏ အဆိုအရ ထိုစစ်သားနှစ်ယောက်သည် နိုင်ငံတကာ ရာဇဝတ်တရားရုံး တည်ရှိရာ သဟိဂ် The Hague တွင်ရှိနေသည်ဟု ယူဆရသည်။ သို့သော် ထိုစစ်သားများသည် ၎င်းတို့ပြောသကဲ့သို့ တပ်ပြေး များမဟုတ် ဘဲ စစ်သုံ့ပန်းများဖြစ်နေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်သည် ရက္ခိုင့် တပ်တော် (AA) နှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုသတင်းများတွင်ပါဝင်သော စစ်သားနှစ် ယောက်မှာ တိုက်ပွဲအတွင်း ဖမ်းမိသည့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိနှင့် တပ်ဖွဲ့ဝင်အများအပြားအ နက် နှစ်ဦးသာဖြစ်သည်။Fortify နှင့် The New York Times က ရေးခဲ့သလို ၎င်းတို့သည် တပ်မှထွက်ပြေး ခြင်း မဟုတ်ခဲ့ကြပေ။

ထို့အပြင် ထိုသတင်းတွင် သိသိသာသာပြတ်တောက်နေသော ကွင်းဆက်လည်း ရှိနေသည်။

ထိုဖမ်းဆီးခံ စစ်သားနှစ်ယောက် သည်သဟိဂ် သို့ မည်သို့ရောက်သွားသနည်းဟူသော မေးခွန်းဖြစ်သည်။ ဘင်္ဂ လားဒေ့ရှ် အရာရှိများ ပါဝင်ပတ်သက်နေပါသလား။

၎င်းတို့ နယ်သာလန်သို့ သွားရောက်ရာတွင် လွယ်ကူစေရန် ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်များထုတ် ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မှ အတည်မပြုနိုင်သော သတင်းများက ဆိုသည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်များတွင် မည်သူက ဥရောပ ပြည်ဝင်ခွင့် တံဆိပ်တုံး ထုပေးခဲ့သနည်း။

ထိုလုပ်ငန်းများတွင် မည်သူတို့ ပါဝင်ပတ်သက်နေသနည်း။ Fortify Rights အနေဖြင့် အခန်းကဏ္ဍတခုခုမှ ပါဝင် ပတ်သက်ခဲ့ပါသလား။

Fortify Rights သည် ဒုက္ခသည်များနှင့် လူ့အခွင့်အရေးချိုးဖေါက်ခံရသူများ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မှား ယွင်း စွာ ထုတ်ဖော်တင်ပြခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ပြဿနာများကို ဆယ်စုနှစ်များစွာ လေ့လာနေသော နိုင်ငံခြားသားများနှင့် လွတ်လပ်သော ဝေဖန် သူများကပြော သည်။ ထို့ကြောင့် Falsify Rights ဟု လှောင်ပြောင်ခေါ်ဝေါ်ခံရခြင်းမှာ အံ့သြစရာ မဟုတ် တော့ပေ။

AA ရိုက်ယူခဲ့သော သဟိဂ်တွင် ရှိနေသည်ဆိုသော မြန်မာ့တပ်မတော်သား ၂ ဦး

၂၀၁၇ ခုနှစ်တွင်မြန်မာစစ်သားနှစ်ဦးက ရှမ်းပြည်နယ်မှ အရပ်သားများကို ရိုက်နှက်နေသည့် မိုဘိုင်းဖုန်းဖြင့် ရိုက် ကူးထားသော ဗီဒီယိုကြောင့် လူမှုကွန်ရက်အသုံးပြုသူများ တုန်လှုပ်ရသည်။ ထို ဗီဒီယိုကို မကြာသေး မီရက်များ သို့မဟုတ် ရက်သတ္တပတ်များက ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း Fortify Rights ကဖေါ်ပြပြီး New York Times ကလည်း ထိုအတိုင်း ထပ်မံဖေါ်ပြသည်။ သို့သော် ထို ဗီဒီယိုကို ယခင်နှစ်နှစ်က ရိုက်ကူး ထား ကြောင်း နောက် ပိုင်း ပေါ်ပေါက်လာခဲ့သည်။

ယခုအခါ သဟိဂ်တွင်ရောက်နေသည်ဟု ယူဆရသော မြန်မာစစ်သားနှစ်ယောက်၏ ရုပ်သေ ဓါတ်ပုံများမှာရက္ခိုင့် တပ်တော်က ရိုက်ကူးထားသည့်ဗီဒီယိုမှ ရယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ မှားယွင်းသော အုပ်စုများ၏ သားကောင် အဖြစ် ကျရောက်ရသည်မှာ New York Times တခုတည်း မဟုတ်ပေ။

၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တဖွဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒူးချီယာတန် ရွာ တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားကြောင်း ထုတ်ပြန်သောအခါ အမေရိကန် အခြေစိုက် Associated Press က ထိုအကြောင်းကို ချက်ခြင်း လက်ခံယုံကြည်လိုက်သည်။ ယခု ဧရာဝတီ The Irrawaddy သတင်းဌာ န သည်ပင်လျှင် ထိုသတင်းအတိုင်း ဖော်ပြခဲ့သည်။

နောက်ကောက်မကျလိုသော Fortify Rights ကလည်း ရက်အနည်းငယ်အကြာတွင် ထိုပြဿနာကို အစ ထုတ် ကာ အစိုးရကို ဝေဖန်ရန်အခွင့်အလမ်းအဖြစ် အသုံးချသည်။ ထိုအချိန်က မြန်မာအစိုးရနှင့် သမ္မတရုံးကအစုလိုက် အပြုံလိုက်သတ်သည့် မည်သည့်အထောက်အထားမျှ ဒူးချီယာတန် မတွေ့ရကြောင်း ခုခံပြော ကြားခဲ့သည်။

"Arakan Project၊ Fortify Rights နှင့်ကုလသမဂ္ဂ တို့ သည် မွတ်ဆလင်ကျေးရွာသားများက ၎င်းတို့ကို လိမ် ညာခဲ့ သည်များကို ထုတ်ပြန်ခဲ့သည်မှာ အကြီး အကျယ် မှားယွင်းခဲ့ကြောင်း ဒေ သခံ လူ့အခွင့်အရေး လုပ်သား များနှင့် လွတ်လပ်သောသုတေသီများ အပါအဝင် လွတ် လပ် သော သတင်းအရင်း အမြစ် များ က ယခုအခါပြော နေပြီဖြစ်သည်။"

ထိုနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည် ဆို သည် ကိစ္စနှင့် ပတ်သက်သော ယုံကြည်လက်ခံနိုင်ဖွယ် သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ က မြန်မာအာဏာပိုင်များကို တောင်းဆိုခဲ့သည်။

ဒူးချီယာတန်ရွာတွင် ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းမှန်ကို ပြန်လည်၍ စုံစမ်းစစ်ဆေးရန် ယခုအချိန်အထိ မည် သူမျှ မကြိုးစားကြ။

Arakan Project၊ Fortify Rights နှင့် ကုလသမဂ္ဂတို့သည် မွတ်ဆလင်ကျေးရွာသားများက ၎င်းတို့ကို လိမ်ညာ ခဲ့ သည်များကို ထုတ်ပြန်ခဲ့သည်မှာ အကြီးအကျယ် မှားယွင်းခဲ့ကြောင်း ဒေသခံ လူ့အခွင့်အရေး လုပ်သားများနှင့် လွတ်လပ်သော သုတေသီများအပါအဝင် လွတ်လပ်သော သတင်းအရင်းအမြစ်များက ယခုအခါပြော နေပြီဖြစ် သည်။

ဒူးချီယာတန်ရွာတွင် ရဲနှင့် ရွာသားများအကြား ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း မရှိပေ။ ရဲတပ်ကြပ်ကြီး တယောက်ပျောက်ဆုံးပြီးနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံများ အကြား ပဋိပက္ ခဖြစ်သည်။ ထို ရဲတပ်ကြပ်မှာ သေဆုံးသွားပြီဟု ယူဆရသည်။ ထိုနောက် မွတ်ဆလင်ကျေး ရွာ သားများက သတင်းအမှားများကို မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များအကြား ဖြန့်ချိခဲ့သည်။ ထိုကဲ သို့သော ဖြစ်ရပ်များကို နေရာအနှံ့တွင် တွေ့ရသော်လည်း တွေ့ရသည့်အခါတိုင်းတွင် မီဒီယာနှင့် လူ့အခွင့် အရေး အဖွဲ့များသည် ၎င်းတို့ သိရသည်များကို အထောက်အထားဖြင့် အတည်ပြုရန် ပြန်လည်ပြင်ဆင်တင် ပြ ရန် ပျက်ကွက်ခဲ့ကြသည်။

ရိုဟင်ဂျာပြဿနာကို ဖော်ထုတ်လေ့လာခြင်းသည် တန်ဖိုးထား လေ့လာသင့်သော ကိစ္စဖြစ်သော်လည်း အချက် အလက်မှန်များနှင့် ပတ်သက်ပြီး တာဝန်မဲ့သော ၎င်းတို့၏ မှတ်တမ်းများကြောင့် Fortify Rights ကဲ့သို့သော လူ့ အခွင့်အရေး အုပ်စုများကို စုံစမ်းစစ်ဆေးရန် လိုလာကြောင်း ဝေဖန်သူများ ပြောလာပြီဖြစ် သည်။ ထိုအုပ်စုသည် ၎င်းတို့၏ ရံပုံငွေရလမ်းများ တိုးချဲ့ရေးအတွက် မြန်မာနိုင်ငံမှ ဖြစ်ရပ်မှန်များကို မှား ယွင်းနားလည်အောင် ရည် ရွယ်ချက်ရှိရှိ လုပ်နေကြောင်းပင် အများအပြားက ဝေဖန်ပြောနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အထူးသံတမန်များ မကြာခဏ အပြောင်းအလဲဖြစ်သည်မှာ အထူးအဆန်းမ ဟုတ် တော့ ။ ၎င်းတို့ ရေကြည်ရာမြက်နုရာသို့ မသွားမီ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်တွင် နာမည် ကောင်း လက် မှတ် တိုးချဲ့ရန် မြန်မာနိုင်ငံ၏ ကံကြမ္မာဆိုးကို အမြတ်ထုတ်ရန်ရောက်လာသည့် ငြိမ်းချမ်းရေး လုပ် စားသူများ၊ သိုက်တူးသမားများနှင့် ရွှေတူးသမားများအထိ မနှစ်မြို့စရာ လူမျိုးစုံ ပုံစံမျိုးစုံဖြစ်သည်။

"နောက်ဆုံးအနေဖြင့်ပြောရလျှင် ထိုသို့သော အဖွဲ့ အစည်းနှင့် လူပုဂ္ဂိုလ်များအတွက် ရန်ပုံငွေရရှိရေး ပြဿနာသည် လွန်စွာအရေးပါသည်ကိုလည်း လျစ် လျူရှုထား၍မရပေ။'

ဝဋ်လည်ပြီး ၎င်းတို့၏ ဂုဏ်သတင်းများသည် ပုပ်သိုးသွားကြသော်လည်း မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက် အောင် မမျှမတ ဆက်လုပ်နေကြသည်။ ညိုးနွမ်းသောပုံရိပ်သည် မြန်မာနိုင်ငံ၏ ကံကြမ္မာဖြစ်သည် ဆိုပါက လည်း ရှိပါ စေတော့ဟုသာ ဆိုရမည်ဖြစ်သည်။ ဒီလိုဆိုလည်း မြန်မာနိုင်ငံကို အေးအေးချမ်းချမ်းပဲ သူ့ဟာ သူနေပါစေတော့ ဟု ဆိုရတော့မည်။

နောက်ဆုံးအနေဖြင့်ပြောရလျှင် ထိုသို့သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအတွက် ရန်ပုံငွေရရှိ ရေးပြဿနာ သည် လွန်စွာအရေးပါသည်ကိုလည်း လျစ်လျူရှုထား၍မရပေ။

၎င်းတို့၏ လောကတွင် လောဘနှင့် လူမှုကွန်ရက်ထိုးဖောက်မှုက အမှန်တရားကို အနိုင်ယူနေပြီး ရိုဟင်ဂျာ ပြဿနာသည် အဓိကငွေရလမ်းဖြစ်နေသည်။

ရိုးသားစွာနှင့် ဝမ်းနည်းစွာဆိုရပါက လူ့အခွင့်အရေးအဖွဲ့အများအပြားသည် တာဝန်ရှိမှုကို ဟောပြောပို့ ချနေ သည့် တပြိုင်တည်းတွင် ၎င်းတို့၏ အရှေ့တိုင်းကို နှိမ်သည့်လုပ်ဇာတ်များနှင့် ကိုက်ညီစေရန် ပကတိ အခြေအ နေကို ပုံကြီးချဲ့၊ သရုပ်ဖျက်၊ ဦးတည်ချက် လွဲမှားအောင် လုပ်ပိုင်ခွင့်လိုင်စင်ကိုလည်း ယူထားကြ သည်ဟု ဝါရင့် လေ့လာသူများက ယခုအခါ ထုတ်ဖော်ပြောနေကြပြီ ဖြစ်သည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားများ၊ တက်ကြွလှုပ်ရှားသူ များ နှင့် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့်ပတ်သက်ပြီးမရေတွက်နိုင်လောက် အောင် များသော ဇာတ်လမ်းများ ထွက်ပေါ်လာခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ လူ့အခွင့် အရေးအဖွဲ့များ ၏ အခန်းကဏ္ဍသည် ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုကို ရှာဖွေဖေါ်ထုတ်ရန်နှင့်နောက်ထပ်ချိုး ဖေါက်မှုများ မဖြစ်စေအောင် လုပ်ဆောင်ရာတွင် အရေးပါခဲ့သည်။

သို့သော် ၎င်းတို့၏ တင်ပြချက်များကို အမှန်တရားဖြင့် လမ်းညွှန် ထိန်းကျောင်းသင့်ပြီး ပုံကြီးချဲ့ခြင်းကို ရှောင် ကျဉ်သင့်ပေသည်။ အမှန်တရားက ဒီနေရာမှာ ပထမဆုံး ကျဆုံးရသူဖြစ်ပြီး ကျူးလွန်သူများကတော့ လွတ် မြောက်နေဆဲ ဆိုသည်ကို အမြဲလက်ကိုင်ထားသင့်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင်ပါရှိသော အောင်ဇော်၏ UN Rapporteur: Finding the Truth or Furthering False Narratives in Myanmar? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
You may also like these stories:

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */