" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 14, 2020

ရိုဟင်ဂျာတို့ရှေ့ရေး ဝေဝါးဆဲ - ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးဆောင်းပါး

VOA
 ဗွီအိုအေ (မြန်မာဌာန)
14 ဇွန်၊ 2020
မဆုမွန်
ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာဒု္ခသည်စခန်းတွေ ထဲက ဒုက္ခသည်တွေရဲ့ မရေရာတဲ့ အနာဂတ်နဲ့ မသေချာသေးတဲ့ အိမ်အပြန်လမ်းတွေအကြောင်း မဆုမွန် စုစည်း တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေရဲ့နောက် ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ဒေသခံရခိုင် ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ရိုဟင်ဂျာ မွတ် စလင် ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတာပါ။

ကုတုပလောင် ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာဒုက္ခသည်အချို့။ (မေ ၁၅၊ ၂၀၂၀)

အခုဆိုရင်တော့ အဲဒီ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာ နေထိုင်ခိုလှုံခဲ့ကြရတာ သုံးနှစ်ကျော်ရှိလာပြီ ဖြစ်ပေမယ့် လို့ နေရပ်ရင်းပြန်ဖို့က မရေမရာ အနာဂတ်ကလည်း မသေမချာ ဖြစ်နေဆဲပါ။ သိန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အထူးသဖြင့် လူမမည်ကလေးငယ်လေးတွေနဲ့ လူငယ်လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက် တွေ ပျောက်နေပြီး ဘာမှ ရေရာမှုမရှိ မှေးမှိန်နေဆဲပါလို့ ပြောလာသူကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း တ မန်းသားကျေးရွာအုပ်စု အထက်တန်းကျောင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာလုပ်ခဲ့သူ ကုတုပလောင် ဒုက္ခသည်စခန်းက ကိုကာ မေလ်ပါ။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ အထူးသဖြင့် ကလေးငယ်တွေအတွက် မြန်မာစာသင်ရိုးညွှန်းတမ်း ပြု စုပြီး စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့အတူ ကလေးတွေကို စာသင်ကြားပေးနေတဲ့အကြောင်း ပြော ပြပါ တယ်။

“ကျနော်က တမန်းသားအုပ်စု အထက်တန်းကျောင်းက လုပ်အားပေး ကျောင်းဆရာ တယောက်ပါ။ ကလေး တွေရဲ့ဘဝ နောင်လာနောက်သားတွေရဲ့ဘဝ ပျက်စီးဆုံးရှုံးသွားမှာစိုးလို့ ကျနော်က အာရခမ် ဒေသ၏ ပရ ဟိတ အသိုင်းအဝိုင်းနဲ့ ပညာရေးကွန်ရက်ဆိုပြီး ထူထောင်ပြီးတော့ အဲဒီမှာ ကျောင်းဆရာ ဆရာမ ၅၀၀ ကျော်လောက် ရှိတယ်။ သူတို့ကို မြန်မာ့ Curriculum System နဲ့ ကျောင်းဆရာနဲ့ ဆရာမ တွေ၊ ကလေးတွေ ကို ဒီမှာကစာသင် ဖို့ နေရာမရှိလို့ အိမ်ရဲ့ အခန်းတခန်းထဲမှာ ကျောင်းသားတွေ စုပြီး တော့ မြန်မာ့ Curriculum စနစ်နဲ့ စာသင်ပေး တာရှိတယ်။ ကျနော်တို့ ကလေးတွေရဲ့ဘဝတွေ ဆုံးရှုံး သွားမှာစိုးလို့ UNHCR, UNICEF ပေါင်းပြီးတင်ပြထားတာ ရှိတယ်။ ရခိုင်မှာ ၃ တန်း ၄ တန်း ကျောင်း တက် ခဲ့တဲ့ ကလေးလေးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်လာတာ ၃ နှစ်ကျော်သွားပြီ။ ၄ တန်း ၅ တန်း တက်လို့ရအောင် Certificate လေးတခု လုပ်ပေးပါဆိုပြီး ကျနော် မေတ္တာရပ် ခံ ထားတာ ရှိပါတယ်။”

ဒုက္ခသည်စခန်းတွေထဲမှာ အခုချိန်အထိ ယာယီရွက်ဖျင်တဲလေးတွေ၊ နောက် ကုလက ဆောက်လုပ်ပေး ထားတဲ့ အုတ်ခံအပေါ်ယံ တဲအိမ်လေးတွေမှာ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက် ကြီး ရွယ်အို အဘိုး အဘွားတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ စုပြုံပြွတ်သိပ် နေကြရပြီး လေဝင်လေထွက် မကောင်း တဲ့အပြင်တကိုယ် ရေ ကျန်းမာရေးအတွက်ရော၊ မိုးလေပြင်းတဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ပါ ကြံ့ခိုင်တဲ့အိမ်တွေ မဟုတ်ဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဧပြီ ၂၄၊ ၂၀၁၉)

ဘာလုခါလီ ဒုက္ခသည်စခန်း အမှတ် ၉ မှာ ခိုလှုံနေထိုင်တဲ့ ဦးအီစလံကတော့ ရခိုင်ပြည်နယ်မောင်တောဇာတိဖြစ် ပြီး သူတို့ မိဘဘိုးဘွားစဉ်ဆက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြတာပါ။ သူကိုယ်တိုင်ကတော့ မူလတန်းပြ ကျောင်းဆရာတယောက် ဖြစ်ပါတယ်။ သူက မောင်တောက ကုလ လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းတွေ မှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခဲ့သူ ဦးအီစလံက နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်၊ ပြင်ပကိုလည်း ထွက် ခွင့်ပိတ်ပင်ထားတဲ့ ဒီ ရိုဟင်ဂျာဒုက္ခသည်တွေ အများစုရဲ့ နိစ္စဓူဝ လုပ်ငန်းတွေကို ပြော ပြပါတယ်။

“ဒီဒုက္ခသည်စခန်းထဲမှာ ငွေကြေးရှိတဲ့သူတွေက ဈေးဆိုင်တွေနဲ့ ဈေးရောင်းကြတယ်။ တချို့ စာတတ် ပေ တတ် ဆိုရင် ကုလသမဂ္ဂ အဖွဲ့အစည်း NGO ထဲမှာ သူတို့က အလုပ်ဝင်ရောက် လုပ်ကိုင်ကြတာ ရှိပါ တယ်။ ဒီ့ပြင်လူ တွေ က ကျပန်းအလုပ်တွေ အပြင်မှာသော်လည်းကောင်း စခန်းတွင်းမှာသော်လည်းကောင်း သူတို့လုပ်ကိုင်နေ ကြတာ ရှိပါတယ်။ ဆယ်ကျော်သက် ကလေးတွေကတော့ မြန်မာစာသင် ကျောင်း၊ အင်္ဂလိပ်စာ သင်ကျောင်း တွေ၊ ဘာသာရေး အာရဘီကျောင်းတွေမှာ ဆက်ပြီးတော့ ပညာသင် ကြ တယ်။ ကလေးငယ် သေးသေးလေး တွေ က ဘာသာရေးကျောင်း မူလတန်းအဆင့်မှာ တက်ကြတာရှိ တယ်။ နောက် မူလွန်  ကျောင်း မှာလည်းဆက် သင်ကြတာရှိတယ်။ အခု ဗလီကတော့ လူစုလူဝေး မလုပ် ရတော့ လူနည်းနည်းနဲ့ပဲ ဗလီတက်ကြရတယ်။ အခုကတော့ ဈေးဆိုင်တွေက အကုန်ပိတ်ခိုင်းထားတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားငါးကိုတော့ မနက်တပိုင်း ညနေတပိုင်း ဖွင့်ပေးတာ ရှိပါတယ်ခင်ဗျာ။”


ရိုဟင်ဂျာ IDP တွေ နေရပ်ရင်းမှာ အခြေချနိုင်ရေး DHRP ပါတီ တိုက် တွန်း 

စခန်းတွင်းက ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ARSPH ငြိမ်း ချမ်းရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင် ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဦးMohib Ullah က တော့ ၂၀၁၉ ခုနှစ်တုန်းက အမေရိကန်ပြည် ထောင်စုမှာ အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံ ခွင့် ရပြီး ရိုဟင်ဂျာအရေး တင်ပြနိုင်ခဲ့သူပါ။ သူဟာ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်ကနေ ရုက္ခဗေဒ ဘွဲ့ရ ခဲ့ပြီး အထက်တန်းကျောင်းဆရာ လုပ်နေရာက ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်း ရေး စစ်ဆင်ရေး အတွင်း အသက်မသေ လွတ်မြောက်လာ ခဲ့ သူ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေထဲကအထူးသ ဖြင့် လူငယ်တွေ အနာဂတ်မဲ့နေတဲ့အရေး စိုးရိမ်နေပြီး တော့ သူဖြစ်ချင်တဲ့ဆန္ဒကို ပြောပြပါတယ်။

“ကျနော်တို့ ဒီဒုက္ခတွေ ခံလာရတာ ၃ နှစ်ရှိပြီ။ ဘာမှကို အခြေအနေက တိုးတက်လာတာ မရှိဘူး။ ကျနော် တို့ ကလေးတွေ ဒီမှာ အခု ၃ နှစ်ရှိပြီ။ ကလေးတွေဘဝ ပျက်စီးကုန်ပြီ။ ကျနော်တို့ဟာ လူသားတွေပါ။ လူ သားဖြစ် တဲ့အတွက် လူသားအခွင့်အရေးနဲ့အညီ ပညာသင်ယူခွင့်၊ ပညာသင်ကြားခွင့် ပေးပါလို့။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ Refugee တွေရဲ့ဘဝကို ကိုယ်ချင်းစာပြီး ကူညီဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ ကိုယ့်နိုင်ငံကိုပဲ ကိုယ်ပြန်သွားချင်တာပါ။ သူများနိုင် ငံတွေကို မသွားချင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ကို မြန်မာနိုင်ငံက ပြန်လက်ခံပြီးတော့ ပြန်ခေါ်မယ့် ရက်ကိုပဲ စောင့်ဆိုင်းနေတာပါ။ ကျနော်တို့လည်း သွားဖို့အတွက် အသင့်ပါ။”
မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုကြည့်နေသည့် ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။ (အောက်တိုဘာ ၂၇၊ ၂၀၁၇)


နယ်မြေရှင်းလင်းမှုတွေအတွင်း လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအ ကျယ် ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတာပါ။ ရခိုင်ပြည် တွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုတွေ၊ ကာယကံရှင်တွေကို ဦးအီစလံတို့လို ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ ဦးဆောင်ပြီး ဒုက္ခ သည် စခန်းပေါင်းစုံကို သွားရောက်ပြီးတော့ တွေ့ဆုံမေးမြန်း မှတ်တမ်းသက်သေတွေ ပြုစုပြီး တရားမျှတမှုရရေးဆောင်ရွက်ပေးခဲ့တယ် လို့ ပြောပြပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေက ကိုယ့်ရဲ့နေရပ် ပြန်နိုင်ရေးနဲ့ တရားမျှတမှု ရရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ လာတိုင်း ဒီမှာ လူတွေ ကျူးလွန်ခံရတဲ့ အထောက်အထားတွေ သူတို့ဘက်ကိုတင် ပြခဲ့တယ်။ နောက် ICC, ICJ ကိုလည်း ကျနော်တို့က စခန်းတိုင်း စခန်းတိုင်းကို ကွင်းဆင်းပြီးတော့ ကျူး လွန် ခံခဲ့ရတဲ့ အ ထောက်အထားတွေကို စုစည်းပြီးတော့ တင်ပြခဲ့ပါတယ်ခင်ဗျ။ တရားမျှတမှုရဖို့ ကျနော်တို့က မျှော်လင့်ပါတယ်။ နစ်နာဆုံးရှုံးခဲ့ရသူတွေ နောက် သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုတွေအပေါ်မှာ ကုလသ မဂ္ဂ အဖွဲ့အစည်းကရော နိုင်ငံတကာ အဖွဲ့အစည်းဘက်ကရော ဒီလူတွေအပေါ်မှာ တရားမျှတမှုရဖို့ ဆောင် ရွက်ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခ သည်အရေး အပေါ်မှာ မှန်ကန် သော လမ်းကြောင်းဘက်ကနေ ရပ်တည်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”

ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့သမျှ ဒုက္ခသည်တွေကတော့ ဘယ်နိုင်ငံ ဘယ်ဒေသကိုမှ ခရီး မဆက် လိုဘဲ မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်ရှင်သန်ခဲ့တဲ့ ရခိုင်ပြည်နယ် နေရပ်ရင်းကို ပြန်လိုကြပြီး တကယ်လို့များ ဖြစ်နိုင်ရင် ဒီကနေ့ပြန်ပြီး မနက်ဖြန် ရခိုင်မှာ ထမင်းလက်ဆုံ စားချင်တဲ့စိတ် ရှိပါတယ်လို့ ပြော ကြပါတယ်။

“ကျနော်တို့ ဒီဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည် အများကြီးမှာ အများစုကတော့ ပြန်ချင်တာပဲ။ ကျနော် တို့လို ချင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ မသွားနိုင်တာ၊ ဒါပေမယ့် ကျနော်တို့ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးကို မြန်မာ အစိုးရက ဒီနေ့ပေးရင် မနက်ဖြန် အဲဒီမှာသွားရင် ထမင်းစားချင်တဲ့သူတွေ အများကြီးပါ။ ကျ နော်တို့ အမြန်ဆုံး ပြန်သွားမှာဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း အကြိမ်ကြိမ် ပြောထားတာရှိတယ်။ International Community ကိုလည်း အကြိမ်ကြိမ် ပြောထားတာရှိတယ်။ ဒါပေမယ့် ဘယ်နှစ်ခုနှစ်ရောက်မှ လုပ်ပေးမှာလဲ ဆို ပြီးတော့ ကျနော်တို့ကတော့ စောင့်မျှော်လင့်နေဆဲပါ။” လို့ ကုတုပလောင် ဒုက္ခသည်စခန်း က ကိုကာမေလ် က ပြောပါတယ်။

ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးအီစလံကတော့...

“ကျနော်တို့ရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကတော့ ကိုယ့်နိုင်ငံကိုပဲ ပြန်ချင်စိတ် အများကြီးပါ။ ကိုယ့်နိုင်ငံပြန် ရေး ကိုပဲ အဓိက လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကလွဲပြီး တခြားနိုင်ငံကိုသွားဖို့ စိတ် ဆန္ဒ မရှိပါ ဘူး ခင်ဗျာ။ ကျနော်တို့ မူလရရှိခဲ့တဲ့ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး အပြည့်နဲ့ နေရပ်ရင်း ပြန်ဖို့ အရေး ကိုပဲ အဓိက အလေးထားပါတယ်ခင်ဗျာ။” လို့ ပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ် ဆိုတဲ့ စွဲချက်ကို ငြင်းပယ်ပြီး လက်ရှိ ICJ တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေဆဲ ဖြစ်ပြီးတော့ ဒီသိန်း ချီတဲ့ ဒုက္ခ သည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ သဘော တူညီမှုတွေ လက်မှတ်ရေး ထိုးထားသလို ပူးပေါင်းလက်တွဲ လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက် တောင်းဆိုချက်တွေနဲ့ လက်ရှိအခြေ အနေတွေ ကို မဆုမွန် စုစည်းတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */