" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 11, 2020

AA နှင့် ARSA ရှိသည့်နေရာများ အပစ်ရပ်မကြေညာခြင်း မှာ အချက်သုံးချက်ကြောင့်ဟု တပ်မတော်ရှင်းလင်း

7DAY
အောင်ဇော်ထွန်း
 May 11, 2020
အပစ်ရပ်ကြေညာမှုတွင် AA ကို ချန်မထားသင့်ဟု TNLA ပြော
လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦး (ဓာတ်ပုံ − mpa)

ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA)နှင့် ARSA အဖွဲ့ရှိသည့်နေ ရာများကို အပစ်ရပ်မကြေညာ ခြင်းမှာ၎င်းတို့၏အကြမ်း ဖက် လုပ်ရပ်များ လုပ်ဆောင်ခြင်းအပါ အဝင် အချက်သုံးချက်ကြောင့်ဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အနေဖြင့် နိုင်ငံ တော်မှအကြမ်းဖက်ဟုသတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်း များ ရှိသည့် နေရာ များမှအပ ကျန်နယ်မြေများ၌ မေ လ ၁၀ ရက်မှ ဩဂုတ် ၃၁ရက်အထိ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲ ထား ကြောင်း မေလ ၉ ရက်ညပိုင်း၌ ထုတ်ပြန်ခဲ့ရာ အပစ်ရပ်ကြေညာ ချက်အရ AA အဖွဲ့ တည်ရှိရာ နေရာများ အကျုံးမဝင်ပေ။

ARSA နှင့် AAတို့၏အကြမ်း ဖက်လုပ်ရပ်များကြောင့် ARSA ကို ယခင်အစိုးရလက်ထက်တွင် အကြမ်းဖက် အဖွဲ့ အဖြစ် သတ် မှတ်ကြေညာခဲ့ပြီး AA ကို မကြာ သေးမီ(ယခုနှစ်မတ်လ ၂၃ရက်) က မတရားအသင်း အဖြစ်လည်း ကောင်း၊ အကြမ်းဖက်အဖွဲ့အ ဖြစ်လည်းကောင်း ကြေညာခဲ့ပြီး ဖြစ်သည်ဟု တပ်မတော် ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။ မည်သည့် နိုင်ငံတွင်မှ အကြမ်းဖက်အဖွဲ့အ စည်းနှင့် ညှိနှိုင်းခြင်းမရှိဟု ၎င်းက ပြောသည်။

‘‘သူတို့နေရာတွေကို အပစ် ရပ်ပေးလိုက်တယ်ဆိုတာမျိုးက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လက်တွေ့မကိုက်ဘူး။ နံပါတ်(၂) လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေ အနေနဲ့ မကိုက်ညီဘူး။ နံပါတ် (၃)က ဒီနေရာတွေ အပစ်ရပ်ပေးလိုက် တယ်ဆိုရင် ပြည်သူလူထု က ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်။ ပိုပြီးတော့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို ပိုပြီး ထိ ပါးလာမယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အကြမ်းဖက်အဖွဲ့ AA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အဆင့်တူ မသတ် မှတ်နိုင်ဟု လည်း ၎င်းကဆိုသည်။

‘‘အကြမ်းဖက်အဖွဲ့အစည်း ဆိုတာ EAO မဟုတ်ပါဘူး။ EAO သည် သူတို့ရဲ့ နိုင်ငံရေးရည်မှန်း ချက်နဲ့ လူ မျိုးရေး ရည်မှန်းချက် ဒီ ဟာတွေ တောင်းဆိုတာဖြစ် တယ်။ တောင်းဆိုပြီး လက်နက် ကိုင်ပြီး တိုက်ပွဲ ဝင်နေ တယ်လို့ ပြောလို့ရတယ်။ အကြမ်းဖက်လုပ် ရပ်တွေ တချို့က ကျူးလွန်တာရှိ တယ်။ သို့သော် AA ကတော့စပြီး ဖြစ်လာ က တည်းကတိုင် သူတို့ သည် အကြမ်းဖက်လုပ်ရပ်တွေ ကို ကျူးလွန်နေ တဲ့အဖွဲ့ဖြစ် တယ်။ အကြမ်းဖက် အဖွဲ့ အစည်းနဲ့ EAO နဲ့အဆင့်အတန်း ချင်းလည်းမတူ ပါဘူး’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်အချို့ကမူ တပ်မတော်၏ အပစ်ရပ်ကြေညာ မှုတွင် AA ကို ချန် မထားသင့် ကြောင်း မှတ်ချက်ပြုသည်။

AA ကို ချန်လှပ်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများအ ပေါ် သက်ရောက်မှု ဖြစ်စေနိုင် ကြောင်း AA ၏ စစ် ရေး၊ နိုင်ငံ ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် တ အာင်းအဖွဲ့(TNLA) ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးမိုင်း အိုက်ကျော် က ပြောသည်။

‘‘အဓိက တိုက်ပွဲပြင်းထန်နေ တာက ရခိုင်ပြည်နယ်မှာ ဖြစ် တယ်။ အဲဒါကျတော့ မပါဘူး။ တကယ်ပြင်း ထန်တဲ့ နေရာကျ တော့ ဘာဖြစ်လို့ချန်လှပ်တာလဲ။ စစ်ရှိန်လျှော့ချင်တယ်ဆိုရင် တ ကယ်ဖြစ်တဲ့နေရာလည်း ပါသင့် တယ်။ နောက်တစ်ခုက ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေမှာ AA က ကျွန်တော်တို့နဲ့ အမြဲတမ်းပါ တယ်။ မဟာမိတ် အဖွဲ့တွေ ဖြစ် တယ်။ AA က အကြမ်းဖက်ကြေ ညာခံရတာလည်းရှိတယ်။ တစ် ဖက်ကလည်း အပစ်ရပ်ကြေညာ တဲ့ အခါမှာလည်း မပါဘူး။ အဲဒီ လိုဆို ဆွေးနွေးတဲ့ အချိန်အခက် အခဲရှိတယ်။ တိုက်တွန်း ချင်တာ က အဓိက တော့ တိုက်ပွဲမဖြစ် အောင်၊ တကယ့်မြေပြင်မှာ စစ်ပွဲ မဖြစ်အောင် လုပ်ချင်လို့ရှိရင် ထိုး စစ် ကတော့ လျှော့ဖို့ တော့ လို တယ်’’ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

TNLA၊ AA၊ ကိုးကန့် အဖွဲ့(MNDAA)နှင့် ကချင်အဖွဲ့ (KIA) လေးဖွဲ့ပူးပေါင်းပြီး ၂၀၁၉ အတွင်းက အစိုးရ နှင့်အပစ် အ ခတ်ရပ်စဲရေး ညှိနှိုင်းမှု ငါးကြိမ်ပြု လုပ်ခဲ့သည်။ ထပ်မံညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ထားသော် လည်း မတ်လ ၂၃ရက်တွင် AA ကို အ ကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ် ကြေညာလိုက်၍ ဆွေးနွေးပွဲဖြစ် ရန် ပိုမိုခက်ခဲနေသည်။

တပ်မတော်၏ ယခုအပစ် ရပ်ကြေညာချက်သည် ကုလ သမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်၏ အပစ်အ ခတ် ရပ်စဲရေး ပြုလုပ်ရန် တိုက်တွန်းချက်အပေါ် အခြေခံထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း NCA လက်မှတ် ထိုး ထားသည့် ပအိုဝ်းလက်နက် ကိုင်အဖွဲ့ (PNLO) ဒုဥက္ကဋ္ဌခွန်မြင့် ထွန်းက ပြောသည်။

‘‘ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးချုပ် အဓိကပန်ကြား ချက်က ဘက်နှစ်ဖက်စလုံး တိုက် ပွဲတွေ တိုက် နေ ကြတဲ့သူတွေအ ကုန်လုံးအနေနဲ့ ဒီနေ့ COVID-19 ကို ကမ္ဘာ့အရေးအနေနဲ့ ပါဝင် ဆောင်ရွက်ဖို့လိုတဲ့အ တွက် ဘာ မှ ကန့်သတ်ချက်တွေမရှိဘဲနဲ့ဆို တာ မစ္စတာဂူတာရက်စ်က ထုတ် ပြန်ထားတာဖြစ်ပါတယ်။ 
 
ကျွန်တော်တို့အမြင်မှာကတော့ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ ပန်ကြားချက်ကိုခြွင်းချက် မရှိ ဘဲ အပြည့်အဝအတိုင်း လိုက် နာဆောင်ရွက်တာက အကောင်း ဆုံးပါ’’ဟု ၎င်းကပြောသည်။

ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရ သောကြောင့် ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများရပ်တန့်ပေးကြရန် ကု လသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာ ရက်စ်က ယခုနှစ်မတ်လ ၂၃ ရက်တွင်တိုက်တွန်း ပြောကြားထားကြောင်း၊ ယခု အပစ်ရပ်ကြေ ညာခြင်းမှာမြန်မာ နိုင်ငံတွင်COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းများ ပိုမိုထိရောက် လျင် မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင် ရေးနှင့် ထာဝရငြိမ်းချမ်းရေးအ တွက်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

တပ်မတော်ဘက်က အပစ် ရပ် မကြေညာမီကတည်းက ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ် ပွားမှု မရှိသ လောက် နည်းပါးခဲ့ပြီး ရှမ်းမြောက်ဒေသ၌လည်း တိုက် ပွဲများ လျော့နည်းခဲ့ကြောင်း ငြိမ်း ချမ်းရေးနှင့်လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ်(MIPS) အမှု ဆောင်ဒါရိုက်တာ ဒေါက်တာမင်း ဇော်ဦးက မှတ်ချက်ပြု သည်။

‘‘အရင်တုန်းက အပစ်အ ခတ်ရပ်စဲရေးလုပ်တုန်းက ရခိုင် မပါဘူးဆိုတဲ့ အနေအထားနဲ့ အခု လည်း အဲဒီ သဘော မျိုးတော့ သက်ရောက်ပါတယ်။ ရခိုင်ပြည် နယ်မှာ ရှိတဲ့စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေမယ့် သ ဘော။ ဒါပေမဲ့ တခြားနေရာတွေမှာ တပ်မတော် အနေနဲ့ ထိုးစစ်မလုပ်ဘူးဆိုတဲ့ သဘောကို ပြောတာ’’ ဟုမှတ်ချက် ပြုသည်။

ရခိုင်ပြည်နယ်အတွင်းတိုက် ပွဲများဆက်ရှိနေသော်လည်း တပ် မတော်ဘက်က အဓိကလုပ် ဆောင်သည့် စစ် ဆင်ရေးမှာ ပို့ ဆောင်ဆက်သွယ်ရေးလမ်း ကြောင်းများ ဖွင့်နိုင်ရေးအတွက် AA နေရာယူထားသည့် နေရာ များကို တိုက်သည့်အဆင့်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘တကယ့် AA စခန်းကြီးတွေ တောထဲမှာ AA စခန်းကြီးတွေရှိ တယ်။ ရှိတာတွေကိုတော့ တပ်မ တော်ဘက် က စစ်ဆင်ရေးလုပ် တာ မတွေ့သေးဘူး’’ ဟု ဒေါက် တာမင်းဇော်ဦးက ပြောသည်။

ယခု တပ်မတော်၏ အပစ် ရပ် မကြေညာမီကတည်းက ကချင်၊ ကရင်နှင့် ရှမ်းလက်နက် ကိုင်အဖွဲ့များက တစ် နိုင်ငံလုံးအ ပစ်ရပ်စဲရေးကို ဖော်ဆောင်ရန် တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */