" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 3, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး

ဧရာဝတီ
Muktadir Rashid
3 June 2020

ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသရေး စခန်းတခု UNHCR က ဖွင့်ထားသည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိဆေးရုံတခုတွင် တနင်္ဂနွေနေ့က သေဆုံးသော အသက်အရွယ်ကြီးရင့်သူ တဦး၏ ဓါတ်ခွဲခန်းနမူနာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒေသခံအရာရှိများ၏ အဆိုအရ တနင်္လာနေ့က သိရ သည်။ လူဦးရေးထူထပ်သည့် ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်အရှိန်မြှင့်လုပ်ဆောင် သွားမည်ဟုလည်း ထိုအရာရှိများပြောသည်။
ကွယ်လွန်သူမှာ ကုတုပလောင်စခန်းမှ အသက် ၇၁ နှစ်အရွယ် အဘူလ်ခိုင်ယာ ဆိုသူဖြစ်ကြောင်း ထိုစခန်း တွင် နေထိုင်သူများပြောသည်။ သူ့ကို ယူခီယာ ခရိုင်ခွဲမှ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Médecins Sans Frontières )က ဖွင့်လှစ်ထားသည့် ဆေးရုံတွင် တင်ထားစဉ်သေဆုံးခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များနှင့် ဒေသခံအသိုင်းအဝန်းအတွက် ဆေးဖက်ဆိုင်ရာ အဆောက် အအုံများနှင့်လူ ၁၉၀၀ ထားနိုင်သည့် သီးခြားခွဲထားရေးဌာနတခု ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း ဒေသခံအရာရှိ များက အင်္ဂါနေ့တွင်ပြောသည်။ ကုတုပလောင်စခန်းမှ လူအများစုပါဝင်သော လူ ၁၅၀၀၀ ခန့်၏ သွားလာနေ ထိုင်မှုများကိုလည် ကန့်သတ်ထားကြောင်း သိရသည်။

“ဒါဟာ ကိုဗစ်-၁၉ ကြောင့် ရိုဟင်ဂျာတွေထဲမှာ ပထမဆုံးသေဆုံးမှုပဲ” ဟု ကော့ဗဇားခရိုင်မှ အဆင့်မြင့် ကျန်းမာ ရေး အရာရှိ မာဘူဘာရာမန်က အင်္ဂါနေ့တွင် အတည်ပြုပြောကြားသည်။

“သူနဲ့ပတ်သက်တဲ့ အစီရင်ခံစာ အပြည့်အစုံတော့မရသေးဘူး” ဟုလည်း သူပြောသည်။

သေဆုံးသူနှင့်အဆက်အသွယ်ရှိသူများကို ခြေရာခံရှာဖွေနေကြောင်း လူ တဒါဇင်ခန့်ကို သီးခြားခွဲထားပြီး ဖြစ် ကြောင်း ကော့ဗဇားမှ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင် (RRRC) မှ အရာ ရှိများ ပြောသည်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရသောကြောင့် ထိုသူကို ဆေးရုံတင်ထားခြင်းဖြစ်ကြောင် ဒုက္ခသည် ကယ် ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာ မိုဟာမက် ရှမ်ဆူ ဒိုဇာပြောသည်။ သူ့ထံမှ ဓါတ်ခွဲ ခန်းနမူနာ ကို သူမသေဆုံးမီ နာရီပိုင်းကရယူခဲ့ပြီး နောက်တနေ့တွင် ရောဂါပိုးကူးစက်ကြောင်း တွေ့ရခြင်း ဖြစ်သည်။

မေလ ၃၀ ရက်နေ့အထိ ဒုက္ခသည် ၃၃၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရပြီး ဆေးစစ်ချက်ရယူခဲ့ရသည် ဟု အရာရှိများပြောသည်။ ဒိုဇာ၏ အဆိုအရ ထိုလူနာများအနက် ၂၉ ဦး (သေဆုံးသူမပါ)တွင် ရောဂါ ပိုးကူးစက် ကြောင်းတွေ့ရပြီး ကုသရေးစခန်းများတွင် သီးခြားခွဲထားကြောင်း သိရသည်။ ကူးစက်ခံရသူ များ တွင် ကလေး များ မှ သက်ကြီးရွယ်အိုများအထိ ပါကြောင်းလည်း သူပြောသည်။

ဒုက္ခသည် စခန်းများမှလူ ၁၅၀၀၀ ကျော်ကို သွားလာနေထိုင်မှု ကန့်သတ်ထားကြောင်း နှင့် ၎င်းတို့အတွက်နေ့စဉ် အစားအသောက်နှင့် လိုအပ်သူများအတွက် အထူးအစီအစဉ်များ ချမှတ်လုပ်ဆောင်နေကြောင်းထို ဘင်္ဂလားဒေ့ရှ် အရာရှိက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ “ကူးစက်ခံရတဲ့သူ အများစုက ကုတုပလောင် စခန်းကလူတွေပဲ” ဟုလည်း သူပြောသည်။

RRRC သည် ဧပြီလ ၈ ရက်နေ့မှစတင်ပြီး ဒုက္ခသည်စခန်းများတွင် အရေးပေါ်အဆင့် သတ်မှတ်ထားသည့် နေရာ များ တွင် လူသားချင်းစာနာမှု လုပ်ငန်းများကို ကန့်သတ်ထားသည်။

မေလ ၁၄ ရက်နေ့က ဒုက္ခသည်များအကြား ပထမဆုံး ကိုဗစ်-၁၉ ကူးစက်မှုကို တွေ့ရပြီးနောက်လေးရက်အကြာ မေလ ၁၈ ရက်နေ့တွင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ သီးခြားခွဲထားကုသရေးဌာ န (SARI ITCs) နှစ်ခုကို ကော့ဗဇားတွင် ထူထောင်ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး၏ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဆိုင်ရာ လက်ထောက်ဆက်သွယ်ရေးအရာရှိ မော့စတာဖာ မိုဟာမက် ဆက် ဇက် ဟိုစိန်က ကြေညာ ချက် တစောင်တွင် ဖေါ်ပြသည်။

“လပ်တလော ကုတုပလောင်တွင် ကုတင် ၅၀ ဆန့် ကုသရေးစခန်းတခုနှင့် ယူခီယာတွင် ၁၄၅ ကုတင်ဆန့် ကုသ ရေး စခန်းတခုဖွင့်ထားပြီးဖြစ်သည်။ ကော့ဗဇာခရိုင်တခုလုံးတွင် ဒုက္ခသည်များသာမက ဒေသခံများအ တွက်ပါ ကုတင်ပေါင်း ၁၉၀၀ ဆန့်သည့် SARI ITCs ဌာန ၁၂ ခုအထိ ဖွင့်ရန် ရည်မှန်းထားသည်” ဟု ထို ကြေညာချက် တွင် ဖေါ်ပြထားသည်။

သတင်းအချက်အလက်များသည် ကိုဗစ်-၁၉ ကို ကာကွယ်ရာတွင် အထိရောက်ဆုံးဖြစ်ကြောင်းနှင့် လူသား ချင်း စာနာမှုဆိုင်ရာ အကူအညီပေးသူများက ရေဒီယို၊ ဗီဒီယို၊ ပိုစတာနှင့် သတင်းစကားများကို နယ်မြေခံ ဘာသာစ ကား၊ မြန်မာဘာသာစကားနှင့် ဘင်္ဂလီ ဘာသာစကားများဖြင့် ဆက်သွယ်လုပ်ဆောင်နေကြောင်း Inter Sector Coordination Group (ISCG) က မေလတွင် ထုတ်ပြန်ကြေညာထားသည်။

သို့သော် စခန်းများတွင်နေထိုင်သူများသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး အင်တာနက်အသုံးပြုခွင့်မရ သောကြောင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုမရသလောက်ပင်ဖြစ်နေကြောင်း ရိုဟင်ဂျာ ကျောင်းသားကွန်ရက်မှ အမှုဆောင်ဒါရိုက်တာ ဆွေယက်ဒိုလာက ကြေညာချက်တ စောင် တွင် ဖေါ်ပြ သည်။

အင်တာနက်ကန့်သတ်ချက်များရုတ်သိမ်းခြင်းသည် လူကုန်ကူးမှု တားဆီးရေးနှင့် ကမ္ဘာတဝှမ်းကူး စက်ရော ဂါ ကာကွယ်ရေးအတွက် အလွန်အရေးကြီးကြောင်း သူပြောသည်။

“ကိုဗစ်-၁၉ နှင့်ပတ်သက်သော သတင်းအချက်အလက်လုံလုံလောက်လောက်ရလျှင် မိမိတို့ပြည်သူများသည် ထို ကူးစက်ရောဂါကို ၎င်းတို့ဖာသာကာကွယ်နိုင်မည်ဖြစ်သည်” ဟု လည်း ထိုကြေညာချက်တွင် ဖေါ် ပြထား သည်။

“ဒုက္ခသည်စခန်းများတွင် လူကျပ်နေသောကြောင့် လူမှုခွဲခြားနေထိုင်ခြင်းသည် မဖြစ်နိုင်သဘောက်ဖြစ်နေ သည်။ လက်များကိုဆေးကြောရန် သန့်ရှင်းရေးပစ္စည်း လုံလောက်စွာမရှိပေ။ အစိုးရမဟုတ်သည့် နိုင်ငံ တကာအဖွဲ့ အစည်းများမှ ရရှိသည့် နှာခေါင်းစည်းများသည်လည်း လုံလောက်စွာကောင်းမွန်ခြင်း မရှိပေ” ဟုလည်းထိုကြေ ညာ ချက်ကဆိုသည်။

ကူးစက်ရောဂါနှင့် ရောဂါထိန်းချုပ်ရေးနှင့်သုတေသနဌာန၏အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တနင်္လာနေ့ အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပေါင်း ၄၉၅၃၄ ခုရှိပြီး ထိုရောဂါကြောင့် သေဆုံးသူ ၆၇၂ ဦးရှိကာ သေဆုံး မှုနှုန်း ၁.၃၆ ရာခိုင်နှုန်းရှိနေသည်။

(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ First Rohingya Death From COVID-19 Reported in Bangladesh Refugee Camp ကို ဘာသာပြန်ဆိုသည်။)

You may also like these stries:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */