" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 28, 2020

အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက် လား အချက်လား

ဧရာဝတီ
နန်းလွင်
28 July 2020
၂၀၁၂ နိုဝင်ဘာလ ဘားရက်အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ဝဲ) နှင့် ၂၀၂၀ ဇန်နဝါရီ ရှီကျင့်ဖျင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု (ယာ) / နိုင်ငံတော်အတိုင်ပင်ခံရုံ

မကြာသေးမီက မြန်မာနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ သံရုံးများအကြား လူမှုကွန်ရက်တွင် အ ငြင်းပွားမှုသည် မြန်မာနိုင်ငံကို အင်အားကြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုအတွင်း သို့ ရောက် ရှိ စေသည်။ အမေရိကန် သံတမန်တဦး၏ အတွေ့အမြင်ဆောင်းပါးတွင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင် ငံ၏ လုပ်ဆောင်မှုများနှင့် ဟောင်ကောင်ကို အပြင်းအထန် ဖြိုခွဲခြင်းသည် မြန်မာနိုင်ငံအပါ အဝင် အိမ်နီးချင်း နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးကြောင်း စွပ်စွဲသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကချင်ပြည်နယ်မှ စည်းကမ်းမဲ့ ငှက်ပျောသီး စိုက်ခင်း များ၊ မေးခွန်းထုတ်စရာဖြစ်နေသော သတ္တုတူးဖေါ်ရေးနှင့် သစ်တောကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုများနှင့် အဂ တိလိုက်စားမှုများနှင့် အကြွေးဖြင့် တည်ဆောက်မည့် လုပ်ထုံးလုပ်နည်းအရ ထိန်းကြောင်းမှုကို မြန်မာနိုင်ငံဆုံး ရှုံးသည့် အခြေခံအဆောက်အအုံနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းများဖြင့်ထိပါး ခြိမ်းခြောက်နေ ကြောင်း အမေ ရိကန် သံတမန်က သတိပေးသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင် အလျှင်အမြန် ပျက်စီး ခြင်းမှာ အဂတိ လိုက် စားမှုနှင့် တရုတ်နိုင်ငံက ညံ့ဖျင်းစွာ စီမံသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့်ဖြစ်ကြောင်း လည်း သူထောက်ပြသည်။

အမေရိကန်သံရုံး၏ ပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သံရုံးက အထက်ပါဆောင်းပါးကို ရေး သားသူ သည် တရုတ်နိုင်ငံကို အကြီးအကျယ် အသရေဖျက်ကာ နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုပျက်စီးအောင် တရုတ်နှင့်မြန်မာနိုင်ငံအကြားဆက်ဆံရေးတွင် သွေးကွဲအောင် ပြုလုပ်ရန်ကြိုးစားခြင်းဖြစ် ကြောင်း ပြော သည်။ ထိုဆောင်းပါးသည် မစားရသော စပျစ်သီးကို ချဉ်သည်ဟုပြောသော အမေရိကန်၏ တရတ်မြန်မာဆက် ဆံရေး အပေါ် သဘောထားကို ပြသနေရုံသာမက ပြည်တွင်းပြဿနာများနှင့် အတ္တဆန်သော နိုင်ငံရေး အမြတ်ထုတ်မှုမှ အာရုံလွှဲရန်ကြိုးစားသည့် အမေရိကန်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အားထုတ် မှုဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။

လက်တွေ့တွင် ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံများအပါအဝင်အရှေ့တောင် အာရှနိုင်ငံများမှ အမေရိကန် သံရုံးများကလည်း တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သည့် အမေရိ ကန်နိုင်ငံ၏ ပိုမိုတင်းမာသော သဘောထားကို လွန်ခဲ့သောအပတ်က တပြိုင်နက် ထုတ်ပြန်ကြေညာသည်။

ပိုမိုပြင်းထန်သည့် လမ်းကြောင်းမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယို၏ ဇူလိုင်လ ၁၃ ရက်နေ့က ကြေညာချက်မှ မူဝါဒအပြောင်းအလဲ ကြောင့် ဖြစ်ကြောင်း အမေရိကန် သံရုံးပြောခွင့် ရသူတဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ ထိုအပြောင်းအလဲအရ အမေရိကန်ပြည်ထောင်စုသည် တောင်တရုတ်ပင်လယ် မှ ပိုင်နက်တောင်းဆိုမှုများ နှင့်ပတ်သက်ပြီး အရှေ့တောင်အာရှ ကမ်းခြေနိုင်ငံများသည် နိုင်ငံတကာဥပဒေ အရ ၎င်းတို့အချုပ်အခြာအာဏာ အခွင့်အရေးများ ဆုပ်ကိုင်ထားခြင်းအပေါ် အမေရိကန်နိုင်ငံ၏ ထောက်ခံ မှုကို ပိုမိုခိုင်မာစေသည်။

တချိန်တည်းတွင် ထိုအပြောင်းအလဲသည် ပင်လယ်ပြင်လွတ်လပ်မှုကိုလည်းထောက်ခံပြီးတောင်တရုတ်ပင်လယ် မှ ဥပဒေနှင့်မညီသော ရေကြောင်းပိုင်နက်ကို အတင်းအကျပ် တွန်းအားပေးခြင်းကို အသုံးပြုသည့် တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၏ အားထုတ်မှုကိုလည်း အမေရိကန်ပြည်ထောင်စု ဆန့်ကျင်ကြောင်း အထက် ပါ အမေရိကန် သံရုံးပြောခွင့်ရသူက အီးမေးလ်တစောင်တွင် ဖေါ်ပြထားသည်။

၂၀၂၀ ဇန်နဝါရီ တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် နေပြည်တော်အခမ်းအနား အစီအစဉ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ်/ နိုင်ငံတော်အတိုင်ပင်ခံရုံး

အမေရိကန်နိုင်ငံ၏ ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများကို ထောက်ခံရန် ဖြစ်ပုံရသည်။ သို့သော် ဝါရှင် တန်နှင့် ဘေ့ဂျင်းအကြား အပြန်အလှန်စွပ်စွဲချက်များကြောင့် ဒေသတွင်းနိုင်ငံများ သည်မည်သည့်ဖက် ကိုမျှမ လိုက်အောင် ကြိုးစားရင်း အကျပ်အတည်းကိုလည်း ဖြစ်စေသည်။

အမေရိကန်ပြည်ထောင်စုသည် ဗိုင်းရပ်ကူးစက်မှုကြောင့် အပြင်းအထန်ခံစားနေရပြီး ထရမ့်အစိုးရသည် တရုတ် အား တရားခံရှာနေသောကြောင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံကို တွန်းအားပြန်လည် ပေးရန် အရှေ့ တောင်အာရှရှိ အမေရိကန် သံရုံးများ အင်အားစုခြင်းသည် အံ့သြစရာမဟုတ်ကြောင်း ဘန် ကောက်မှ ချူလာ လောင်ကွန် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ လုံခြုံရေးနှင့် နိုင်ငံတကာဆက်ဆံရေးအင် စတီကျု ပါမောက္ခနှင့် ညွှန်ကြားရေးမှူး သစ်တင်နန် ပေါင်ဆဒ်ဟိုင်ရက် က ပြောသည်။

“အမေရိကန်-တရုတ် အားပြိုင်မှုမှာ ခတ်ကွင်းပြင်တဲ့နေရာက မြန်မာတနိုင်ငံတည်း မဟုတ်ဘူး။ အရှေ့ တောင် အာရှတခုလုံး ပိုမိုကျယ်ပြန့်တဲ့ စစ်မြေပြင်ဖြစ်နိုင်တယ်” ဟု သူပြောသည်။

ဝါရှင်တန်သည် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများကို မဟာမိတ်ပြုလုပ်ထားပြီး ဗီယက်နမ်းကို ခိုင်မာသည့် ပူးပေါင်း ဆောင်ရွက်သော နိုင်ငံအဖြစ် သတ်မှတ်ထားကာ တရုတ်လိုလားသော ကမ္ဘောဒီးယားနှင့် လာအိုမှအပ ကျန် နိုင် ငံ များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံကို အင်အား အပြင်းထန်ဆုံး တွန်းအားပေးနိုင်မည့် နယ်ပယ်အဖြစ်မြင်ကြောင်း ထိုပါမောက္ခက ရှင်းပြသည်။

“ဒါကြောင့် တရုတ်ကို သူ့ခြံစည်းရိုးနားမှာ ရင်ဆိုင်တာ အမေရိကန်အတွက် သေနင်္ဂဗျူဟာ အရ အဓိပ္ပါယ်ရှိ တယ်” ဟု သူပြောသည်။

မြန်မာ့မြေမှ အမေရိကန်-တရုတ် အားပြိုင်မှုအမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ ဆန့်ကျင်သည့် လှုပ် ရှား မှု စတင်လုပ်ကိုင်သောအခါ အရှေ့တောင်အာရှမှ တရုတ်သံရုံးများအနက် မည်သည့်သံရုံးမျှ မြန်မာနိုင်ငံရှိတရုတ် သံရုံးလောက် အပြင်းအထန် တုံ့ပြန်ခြင်း မရှိပေ။

“စစ်အေးတိုက်ပွဲသစ် မြန်မာနိုင်ငံကိုရောက်လာကြောင်း ထင် ရှားနေပြီ” ဟု ဝါရင့် မြန်မာ့ရေးရာလေ့လာသူ ဘာတေးလ် လင့်တနာက ပြောပြီး အကျိုးဆက်များမှာ မြန်မာနိုင်ငံက မည် သို့ တုံ့ပြန်ဆောင်ရွက်မည် ဆို သည်အပေါ်တွင် အကြီးအကျယ် မူတည်နေကြောင်း သူပြောသည်။

ဤနေရာတွင် မေးစရာရှိလာသော ကျိုးကြောင်းဆီလျှော်သည့် မေးခွန်းတခုမှာ အမေရိကန်ပြည် ထောင်စု သည် ဟောင်ကောင်နှင့် တောင်တရုတ်ပင်လယ်မှ ဖြစ်ရပ်များကို တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံမှ လုပ်ဆောင်မှု များနှင့် ယှဉ်ကာ တရုတ်ကို မည်သည့်အတွက် ရန်စ ရသနည်းဟူသော မေးခွန်းဖြစ်သည်။ တရုတ်နှင့် မြန်မာ တို့သည် နယ်နိမိတ်ခြင်းထိစပ်နေသော်လည်း ထိုပြဿနာများနှင့် မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတခုမှာ အမေရိကန်သည် မြန်မာပြည်သူများ၏ တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ် များကို အကောင်းဆုံးအသုံးချခြင်းဖြစ်နိုင်သည်။ မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် အထိသံလက်သီးဖြင့်အုပ်ချုပ်ခဲ့သော စစ်အစိုးရလက်အောက်တွင် ရောက်နေချိန်တွင် စစ်အစိုးရခေါင်းဆောင်ပိုင်းက အတိုက်အခံများနှင့်တိုင်းရင်းသား များကို သွေးထွက်သံယို ဖြိုခွဲသောကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုဖြင့် စွပ်စွဲခံ ရတိုင်း တရုတ်သည်ပြည်တွင်း ပြည်ပတွင် တနိုင်ငံတည်းသော မဟာမိတ်ဖြစ်နေသည်။ ၎င်း၏ ထောက်ခံမှု အတွက် အလဲအလှယ်အဖြစ်တရုတ် နိုင်ငံကို နိုင်ငံမှ သတ္တုတွင်းများ၊ သစ်တောများမှသည် ရေနံနှင့် သဘာ ဝဓါတ်ငွေ့အထိ သယံဇာတများ ထုတ်ယူ ခွင့် ပေးရသည်။

ထို့အပြင် ဆိုင်းငံ့ထားသော မြစ်ဆုံစီမံကိန်းမှသည် လက်ပံတောင်းကြေးနီစီမံကိန်းနှင့် လက်ရှိ ရပ်ဝန်းနှင့် လမ်း အစီအစဉ် စီမံကိန်းများ အပါအဝင် တရုတ်စီမံကိန်းကြီးများ၏ အများစုသည် အတင်းအကျပ်ရွှေ့ ပြောင်းခိုင်းခြင်း နှင့် ၎င်းတို့လယ်မြေများ၏ သဘာဝပတ်ဝန်းကျင် အဆင့်ကို ထိခိုက်စေခြင်းဖြင့် ဒေသခံပြည် သူများ၏ ဘဝကို အကြီးအကျယ် ထိခိုက်စေသောကြောင့် ဒေသခံများ၏ ဆန့်ကျင်မှုကို ခံကြရသည်။ တ ရုတ်သည်ဒေသခံပြည်သူ များ၏ ကံကြမ္မာကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မြန်မာနိုင်ငံမှသယံဇာတများကိုထုတ်ယူနေမည်ကိုဒေသခံပြည် သူများ စိုးရိမ်ကြသည်။

အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းမှာ အိန္ဒိယ သမုဒ္ဒရာသို့ ဘင်္ဂလားပင်လယ်အော်မှတဆင့်တိုက်ရိုက်ဆက် သွယ်နိုင်ပြီး တရုတ်နှင့် အိန္ဒိယအကြားတွင် တည်ရှိသော မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါ မှုဖြစ်နိုင် သည်။ ထိုပင်လယ်အော်ရှိ ရမ်းဗြဲနှင့် မဒေးကျွန်းမှ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များတွင် တရုတ် တို့ရှိနေခြင်း ကြောင့် ထိုဒေသရေကြောင်း လုံခြုံရေးသည် အမေရိကန်အတွက်လည်း စိုးရိမ်စရာဖြစ်သည်။

မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေးတွင် တရုတ်နိုင်ငံ၏ သြဇာကြီးထွားနေခြင်းသည်လည်း အမေရိကန်နိုင်ငံ၏ စွပ်စွဲ ချက်များကို ကန့်ကွက်ရာတွင် ပြင်းထန်မှု နောက်ကွယ်မှ အကြောင်းရင်းဖြစ်နိုင်သည်။ ဒေါ်လာ ဘီလျံ များစွာ တန် သော ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများအပြင် တရုတ်နိုင်ငံသည် အစိုးရနှင့် တရုတ်နယ်စပ်မှတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင်ကြားဝင်ဆောင် ရွက် သော အခန်းမှပါ ဝင်နေသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာကြောင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံသူများ သည် မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အခြေအနေအရ ရှောင်ရှားနေသောကြောင့် စီးပွားရေးအရ တရုတ် သည် မြန်မာအတွက် အ ရေး ပါသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ်ဖြစ်သည်။

၂၀၁၂ နိုဝင်ဘာ အိုဘားမားနှင့် ဟီလာရီကလင်တန်တို့ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်နေအိမ်သို့ လာရောက်လည်ပတ်စဉ်/ AP Photo/Khin Maung Win,Pool

တရုတ်-မြန်မာဆက်ဆံရေးကို ချိုးနှိမ်ရန် အမေရိကန်များ၏ အားထုတ်မှုသည် ခါချင်ကောင် မာန်ကြီးပြီး တောင် ကြီးကို ဖြိုမည့်အကြံ အတိုင်း ကျဆုံးရမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ရန် ကုန်ရှိ တရုတ်သံရုံးက ဖေါ်ပြသည်။

“တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ရွှေလမ်းငွေလမ်းတွင် လျှောက်ရန် မြန်မာနှင့်အတူ ပူးပေါင်းဆောင်ရွက် ပြီး ခေတ်သစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ပူးတွဲရေးသား မည်” ဟုလည်း ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနှင့် တောင်တရုတ်ပင်လယ်နှင့်ဟောင်ကောင်ပြဿနာများကို မည်သည့်အတွက် နှိုင်းယှဉ်ပြောကြား ရပါ သနည်းဟု မေးမြန်းသောအခါ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးပြောခွင့်ရသူတဦးက ၎င်းတို့အနေဖြင့် ထို ပြဿနာ များကို ထောက်ပြရခြင်းသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထောက်ခံသောကြောင့်ဖြစ် ကြောင်း ဧရာဝတီ သတင်းဌာနသို့ပြောကြားခဲ့သည်။

    “မိမိတို့သည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ၏မူဝါဒ များ နှင့်အပြုအမူများအတွက်စိုးရိမ်သည်”ဟုလည်းထိုပြောခွင့်ရသူကဆိုသည်။


ကြားနေနိုင်ငံခြားရေးမူဝါဒ

တရုတ်နှင့် အမေရိကန်တို့အကြား အငြင်းပွားမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ နိုင် ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရချိန်မှ စတင်ပြီး အနီးအဝေးမှ နိုင်ငံများနှင့် ဆက်ဆံရာတွင် အ ပြန် အ လှန်အကျိုးစီးပွားကို အခြေခံပြီး စိတ်ကောင်းစေတနာကောင်း ထားကာ ကြားနေသော နိုင်ငံခြား ရေး မူဝါဒကို ထိန်းသိမ်းထားသောကြောင့် အင်အားကြီးနိုင်ငံများအနေဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထား ရန် တိုက်တွန်းသည်။

“မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများအကြား ကောင်းမွန်သော ဆက်ဆံရေးကိုသာ တွေ့မြင်လိုသည်။ ထိုသို့ ကောင်းမွန်သော ဆက်ဆံရေးသည် မြန်မာအပါအဝင် ASEAN နိုင်ငံများ၏ အကျိုးစီးပွားဖြစ်သည်” ဟု နိုင်ငံခြား ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ထို့ကြောင့် အင်အားကြီးနှစ်နိုင်ငံအကြား ထိုအငြင်းပွားမှုသည် မြန်မာနိုင်ငံအပေါ်မည်သို့ သက်ရောက်နိုင် သ နည်း။

အမေရိကန်-တရုတ်အားပြိုင်မှုသည် မြန်မာနိုင်ငံအတွက် သြဇာအာဏာအချို့ဖြစ်စေမည်ဟု လုံခြုံရေးနှင့် နိုင်ငံ တ ကာလေ့လာရေးအင်စတီကျုမှ သစ်တင်နန် ပြောသည်။ “သို့သော် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ပိုင်းသည် ဦးတည်ချက်များကို စိတ်တွင် ရှင်းရှင်းထားပြီး မည်သည့်ဖက်နှင့်မျှ အလှမ်းကွာမသွားစေဘဲ ကျွမ်းကျင်စွာ လမ်း ကြောင်းရှာဖွေရမည်” ဟု သူသတိပေးသည်။

၂၀၂၀ ဇန်နဝါရီ နေပြည်တော်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဆိုက်ရောက်လာစဉ်/ နိုင်ငံတော်အတိုင်ပင်ခံရုံး

မြန်မာအစိုးရက မြန်မာနိုင်ငံသည် ကြားနေသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်ဟု ကြေညာနေစေကာ မူ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာကြောင့်အနောက်နိုင်ငံများက ပစ်ပယ်ထားသောကြောင့် မြန်မာက တရုတ် နိုင်ငံဖက်သို့ ယိမ်းနေခြင်းကို လေ့လာသူအများအပြားက ဝေဖန်ကြသည်။ အိုဘားမားအစိုးရခေတ်က မြန်မာနိုင် ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နွေးထွေးသော ဆက်ဆံရေးရှိသည်။ သို့သော် ၂၀၁၆ ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက် ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာပြစ်တင် ဝေ ဖန်မှုဖြစ်လာသော အခါ အခြေအနေပြောင်းလဲသွားသည်။ ထိုကြောင့် ထိုပြဿနာနှင့် ပတ်သက်ပြီး အမေရိ ကန်နိုင်ငံက ကုလသမ ဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအပေါ်ဆုံးဖြတ်ချက်များချရန် အမေရိကန်က အ ကြိမ်ကြိမ်တွန်းအားပေး နေချိန်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ၊ ကုလသမဂ္ဂတွင် ထောက်ခံမှုများဖြင့် ဝင်ရောက်လာသည်။

တောင်တရုတ်ပင်လယ်နှင့်ဟောင်ကောင်အခြေအနေတွင် မြန်မာနိုင်ငံနှင့် ချိတ်ဆက် ရည်ညွှန်းပြောကြား သော အမေရိကန်ကြေညာချက်အရ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ရိုဟင်ဂျာ ပြဿ နာသာမက အခြားကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားလာသည့် သဘောဖြစ်ကြောင်း မြန်မာ့အရေးလေ့ လာသူ ဆွီဒင် သ တင်းစာဆရာ လင့်တနာက ယူဆသည်။

“ဒီကိစ္စကြောင့် အနောက်တိုင်းက မြန်မာနိုင်ငံကို ကျောခိုင်းလိုက်တာဟာ တရုတ်နိုင်ငံကိုပဲ အကျိုးရှိစေ မယ်ဆို တာကို အနောက်နိုင်ငံတွေက သဘောပေါက်လာတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

(Nan Lwin ၏ New Challenge for Myanmar as US Seeks to Loosen China’s Grip in Southeast Asia ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */