" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 18, 2020

ကိုဗစ် ၁၉ တုန့်ပြန်အရေးယူမှု၌ နေရပ်စွန့်ခွာသူများကိုချန် ထားဟုဆို


Frontier
MYANMAR
Sunday, May 17, 2020
ကျော်လင်းထွန်း ရေးသားသည်။
စခန်းများ၌ ပြည့်ကျပ်နေသည့်အခြေအနေများ၊ ညံ့ဖျင်းသောဝန်ဆောင်မှုများနှင့် ဆက်သွယ်မှုနှင့် လှုပ်ရှားမှု များ တွင် ကန့်သတ်ချက်များရှိနေ၍ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရသူများမှာ ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်ရာ တွင် အခြားသူများထက်ပို၍ ခုခံနိုင်စွမ်းအားကျဆင်းလျက်ရှိသည်။
 
ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိလူတိုင်းနီးပါးမှာ တနည်းမဟုတ်တနည်း ထိခိုက်ခံရသည် မှန် သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာရပြီး ပြည့်ကျပ်နေသောစခန်းများတွင် နေရသူ များ မှာ ဗိုင်းရပ်စ်ပိုး၏ခြိမ်းခြောက်မှုကို ပိုမိုခံစားနေရသည်။

ပြည်တွင်းနေရပ်စွန့်ခွာသူ သိန်းပေါင်းများစွာကိုထောက်ပံ့ရန်နှင့် နေအိမ်ဟုမဆိုနိုင်သော လူပြည့်ကျပ်နေ သည့် စခန်းများတွင် ဗိုင်းရပ်စ်ရောဂါမှ သူတို့ကိုကာကွယ်ပေးရန် အစိုးရက လုံလောက်စွာဆောင် ရွက်ပေး ခြင်းရှိမရှိမှာ သံသယရှိဖွယ်ဖြစ်နေသည်။

နေရပ်စွန့်ခွာစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဘေးအန္တရာယ်စောင့်ရှောက်မှုပေးပြီး ဗိုင်းရပ်စ် ရောဂါ ပြန့်ပွားမှုကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ပေးနေကြောင်း အစိုးရဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူတို့ က ပြောသည်။

သို့ရာတွင် အစိုးရ၏ဟန်ပြတုန့်ပြန်မှုများနှင့် ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့နေရသော နေရပ်စွန့်ခွာ ရသူ တို့ ရင်ဆိုင်နေရသောအခြေအနေမှာ ကွာခြားလျက်ရှိကြောင်း ပြည်တွင်းနှင့်နိုင်ငံတကာ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် မြို့ပြအဖွဲ့အစည်း၏အစီရင်ခံစာများ၌ တွေ့ရသည်။

အေအေနှင့် အစိုးရတို့၏ ပဋိပက္ခအပါအဝင် အကြောင်းကြောင်းကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာရ သူ များ မှာ ကိုဗစ် ၁၉ အတွက် အကူအညီနှင့်ပတ်သက်၍ စွန့်စားရမှုအန္တရာယ်များပိုမိုမြင့်မားနေသည်။ ကချင်၊ ရှမ်းပြည် နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်ရှိ စခန်းများမှ အကူအညီပေးနေသောအဖွဲ့များကလည်း နေရပ် စွန့်ခွာရ သူ များ၏ ခုခံနိုင်စွမ်းကျဆင်းနေမှုဆိုင်ရာ စိုးရိမ်မှုများမှာတထေရာတည်းရှိနေသည်။

ကိုဗစ် ၁၉ ပြန့်ပွားမှုကာကွယ်ရေးဆိုင်ရာ အကူအညီပေးရေးလုပ်သားများ၏သွားလာမှုကို ကန့်သတ်လိုက်သဖြင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ရေးမှာ ပိုမိုခက်ခဲပြီး ခန့်မှန်းရခက်ခဲလာသည်။ ခရီးသွား လာခွင့် တောင်းခံမှုများကို “ကိစ္စရပ်တစ်ခုချင်းအလိုက်” စဉ်းစားဆုံးဖြတ်နေသဖြင့် ခွင့်တောင်းခံမှု အများစုကို အ တည်မပြုရသေးကြောင်း လူသားချင်း စာနာမှုအဖွဲ့အစည်းများကပြောသည်။

အထူးသဖြင့် ကချင်ပြည်နယ်ရှိ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ထိန်းချုပ်သည့်နေရာများရှိ စခန်းများ မှာ အစိုးရကန့်သတ်ချက်များကြောင့် တားမြစ်နယ်မြေများအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အေအေ၏ တိုက် ခိုက်မှု ကြောင့် ရခိုင်ပြည်နယ်မှ စခန်းထက်ဝက်ခန့်သို့ အကူအညီပေးရေးအဖွဲ့များ မသွားရောက်နိုင်သေး‌ပေ။




ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ကျောက်တလုံးစခန်းမှ တဲအတွင်း မူဆလင်အမျိုးသမီးတစ်ဦး ချက်ပြုတ်နေ စဉ်။ အေအက်ဖ်ပီ

ဝေဖန်ခံနေရသော အစိုးရအစီအမံများ

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၌ ဒေသစွန့်ခွာရသူ အများဆုံးရှိနေသည်။ အရေအတွက်အားဖြင့် ၁၃၀,၀၀၀ နီးပါး ရှိပြီး အများစုမှာ ၂၀၁၂ ခုနှစ် လူမျိုးစုအကြမ်းဖက်မှုကာလအတွင်း နေရာရွှေ့ပြောင်းခံရသည့် ရိုဟင်ဂျာ များနှင့် ၂၀၁၉ မှစပြီး တပ်မတော်နှင့် အေအေတို့တိုက်ခိုက်မှုများကြောင့် နေအိမ်စွန့်ခွာခဲ့ရသူများပါဝင် သည်။ နေရပ်စွန့် ခွာရသူ သိန်းပေါင်းများစွာမှာ အခြေအနေနိမ့်ကျပြီး ညစ်ပတ်ကာ လူများပြွတ်သိပ်နေသော နေရာများ၌ နေကြရ ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြောကြသည်။

“စခန်းတွေထဲကလူတွေက ကိုဗစ် ၁၉ ကို သိပ်ပူပန်နေကြပေမဲ့ အကာအကွယ်အစီအမံတွေ ရနိုင်တဲ့ အခွင့် အ လမ်း မရှိသေးပါဘူး။ အစိုးရတာဝန်ရှိသူတွေလာပြီး ကိုဗစ်ရောဂါအကြောင်း အသံချဲ့စက်နဲ့ပြော သွားပေမဲ့ နှာ ခေါင်းစည်းတွေ၊ ဆပ်ပြာခဲတွေ ပေးမသွားပါဘူး” ဟု ရခိုင်ဒေသရှိစခန်းများကို လူသား ချင်းစာနာမှု အကူအညီ ပေးနေသည့် ဗြိတိန်အခြေစိုက်ကုသိုလ်ဖြစ်အဖွဲ့တစ်ခုဖြစ်သော Al-Khair Foundation ၏ ဒေသဆိုင်ရာကိုယ် စားလှယ် မစ္စတာဘရိုက်အစ္စလမ်က ပြောသည်။

အစ္စလမ်သည် ၁၉၉၅ ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေ၌ မွေးဖွားသောရိုဟင်ဂျာ တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုတွင် နေရပ်စွန့်ခွာသူ တစ်ဦးဖြစ်လာခဲ့သည်။ စစ်တွေမြို့နယ်ရှိ စခန်း ၁၆ ခုအနက် တစ်ခုဖြစ်သော သက်ကယ်ပြင် နေရပ်စွန့်ခွာစခန်း၌နေထိုင်စဉ် သူသည် စစ်တွေ အခြေ စိုက် အင်န်ဂျီအို အဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ် ကင်သာ Kintha ၏ အစီအစဉ်များကို တက်ရောက်နိုင်ခဲ့သည်။

ရခိုင်နှင့် ရိုဟင်ဂျာအသိုက်အဝန်း နှစ်ခုစလုံးအတွက် အလုပ်လုပ်ပေးသည့် ရခိုင်ပြည်နယ်တွင်ရှားပါးသော PDI-Kintha သည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လူမှုရေးစည်းလုံးညီညွတ်မှုကို အလေးပေးဆောင်ရွက်သည်။ အမှု ဆောင်ဒါရိုက်တာဖြစ်သူ ရခိုင်လူငယ် ကိုကျော်ဆန်းလှိုင်က ဤအဖွဲ့ကို ၂၀၁၃ ခုနှစ်တွင်တည်ထောင်ခဲ့သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာစခန်းများရှိလူများအတွက် ကိုရိုနာရောဂါပြန့်ပွားမှု ကာကွယ်ရေးဆိုင်ရာ အစိုးရ ၏ အစီအမံများမှာ လုံလောက်မှုမရှိဟု ကိုကျော်ဆန်းလှိုင်ကယုံကြည်ထားသည်။ အဟန့်အတား အများ အပြား ရှိ နေပြီး ကာကွယ်ရေးအစီအမံများကို အကောင်အထည်ဖော်ရန် အမျိုးသားနှင့် အပြည်ပြည်ဆိုင်ရာ အင်န်ဂျီအိုများ ၏ ကြိုးပမ်းမှုကို အနှောက်အယှက်ဖြစ်စေကြောင်း သူကပြောသည်။

ချို့ယွင်းချက်အဖြစ်ဆုံးမှာ ရခိုင်ပြည်နယ်ရှိမြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ်ရှိမြို့နယ်တစ်ခုတွင် မိုဘိုင်း အင်တာ နက် အဆက်အသွယ်ဖြတ်တောက်ထားခြင်း ဖြစ်သည်။ မကြုံစဖူး လှုပ်ရှားမှုအဖြစ် အစိုးရသည် ဇူလိုင်လအတွင်း က မြို့နယ်ကိုးခုတွင် အင်တာနက်ဖြတ်တောက်ခဲ့သည်။ ရခိုင်ပြည်နယ် လေးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ တွင် စက်တင်ဘာလအတွင်းက အင်တာနက်များပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါ ရီလဆန်းပိုင်းက ပြန်ပိတ်ခဲ့ သည်။ မေ ၂ ရက်တွင် မောင်တောမြို့နယ်၌ အင်တာနက်ပြန်ဆက်ပေးခဲ့ သော် လည်း ကျန်မြို့နယ်များတွင်ဖြတ် ထားဆဲဖြစ်သည်။

ဗိုင်းရပ်ရောဂါကူးစက်မှုကြောင့်ထက် ပဋိက္ခများကြောင့် မြို့နယ်များအတွင်း အသွာအလာပိုမိုခက်ခဲလာ သည်။

“ပြီးခဲ့တဲ့ရက်အနည်းငယ်က (စစ်တွေကနေ) ကျောက်တော်ကိုသွားပြီး နေရပ်စွန့်ခွာစခန်းတွေမှာ ဗိုင်းရပ်စ် ပြန့် ပွားမှုအကြောင်း အသိပေးရအောင်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အေအေနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်တပ်နဲ့ အာဏာပိုင်တွေက မြို့နယ်ထဲကိုဝင်ခွင့်မပေးခဲ့ပါဘူး” ဟု သူက ဧပြီ ၃၀ တွင် ပြောသည်။

“ကျွန်တော့အမြင်အရ ရခိုင်ပြည်နယ်အစိုးရမှာ လိုအပ်တဲ့အစီအမံတွေကို အကောင်အထည်ဖော်ဖို့ အစွမ်း အစ မရှိပါဘူး။ ပြည်ထောင်စုအဆင့်ရဲ့ အသေးစိတ်ညွှန်ကြားချက်တွေရဖို့ စောင့်ရတဲ့အချိန်က တော်တော် ကြာ လွန်း ပါတယ်”

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာစခန်းများတွင် ရိုဟင်ဂျာ ၁၂၀,၀၀၀ ခန့်ရှိသော်လည်း ကိုဗစ် ၁၉ ကာကွယ်ရေး အစီ အမံများကို အစိုးရက အကောင်အထည်ဖော်ထားသည်မှာ “ဘာမှမရှိသလောက်” ဖြစ်ကြောင်း ရိုဟင်ဂျာအသိုက် အဝန်းကို ကိုယ်စားပြုသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း ကပြော သည်။

မိသားစုဝင်အများကြီးနေရသော နေရပ်စွန့်ခွာသူများ၏တဲငယ်လေးများတွင် တစ်ဦးနှင့်တစ်ဦး ခွဲနေရန်မှာ မဖြစ် နိုင်ကြောင်း သူကပြောသည်။

“ဒါက သူတို့အတွက် တော်တော်အန္တရာယ်များပါတယ်။ ပြီးတော့ သူတို့အားထားနေရတာကတော့ အလ္လာပါပဲ၊ အလ္လာကသာလျှင် သူတို့ကိုကယ်တင်နိုင်မှာပါ” ဟု သူကပြောသည်။

ရခိုင်ရှိအုပ်စုများအနက် နေရပ်စွန့်ခွာသူများကို ကူညီနိုင်သူများမှာ ရခိုင်လူမျိုးစုကွန်ဂရက် Rakhine Ethnics Congress ဖြစ်သည်။ ကွန်ဂရက်၏ခန့်မှန်းချက်အရ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူအရေအတွက်မှာ ၁၆၄,၂၁၁ ဦးရှိသည်။

ဤကိန်းဂဏန်းမှာ အသိအမှတ်ပြုနေရပ်စွန့်ခွာစခန်းများကို အခြေခံတွက်ချက်သော ပြည်နယ်အစိုးရ၏ ကိန်းဂ ဏန်းများထက် ၁၀၀,၀၀၀ ကျော်ပိုသည်။ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးအိမ်များ၊ သို့မဟုတ် အသိအမှတ် မပြုသောစခန်းများတွင် နေထိုင်သူများကို တရားဝင်ရေတွက်ထားသည့်စာရင်းများတွင်ထည့်သွင်းမထားကြောင်း ရခိုင်လူမျိုးစုကွန်ဂရက်ကပြောသည်။ ၂၀၁၉ ဇန်နဝါရီလနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် အိမ်နီးချင်း ချင်းပြည်နယ် တို့ မှ နေရပ်စွန့်ခွာသူဦးရေမှာ ၇၈,၀၀၀ ရှိကြောင်း ပြည်နယ်အစိုးရကိန်းဂဏန်း များကို အသုံးပြု၍ ကုလသမဂ္ဂ ကပြောသည်။

“အစိုးရတာဝန်ရှိသူတွေက မြို့တွေကစခန်းတွေကိုသာ သွားရောက်ကြပေမဲ့ မြို့တွေနဲ့ဝေးတဲ့၊ ဒါမှမဟုတ် ဝေး လံခေါင်းပါးတဲ့ ဒေသတွေကိုမရောက်ကြပါဘူး။ ပဋိပက္ခဖြစ်တဲ့ နေရာတွေကိုဘယ်တော့မသွားပါဘူး” ဟု ရခိုင် လူမျိုးစုကွန်ဂရက်၏အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“IDP တွေနဲ့ပတ်သက်တဲ့ အသုံးစရိတ်ဘတ်ဂျက်အရွယ်အစား၊ ဘယ်ကိစ္စတွေဆောင်ရွက်နေတယ်၊ ဘယ် ကိစ္စ တွေကတော့ ဆောင်ရွက်ပေးနိုင်တဲ့စွမ်းအားထက် ကျော်လွန်နေတယ် စတဲ့အချက်တွေအပါအဝင် အ စိုးရရဲ့စွမ်း အားအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ရိုးရိုးသားသားနဲ့ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ ပြီးတော့ သူ တို့က ကျွန် တော်တို့ CSO ၊ NGO တွေနဲ့ပူးပေါင်းဆောင်ရွက်မှုရှိရပါမယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်းတွေကို ညွှန်ကြားချက်တွေ ထုတ်သလို အမိန့်တွေပေးနေလို့တော့မရပါဘူး” ဟု သူကပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ကချင်ပြည်နယ်တွင်ရှိစခန်းများ၌ ကိုဗစ် ၁၉ အတွက် ပြင်ဆင်မှုအစီအမံများဆောင်ရွက်ရန် ပျက်ကွက်ကြောင်း အစိုးရကိုစွပ်စွဲပြောကြားခဲ့သည်။

ယခင်နှစ် စက်တင်ဘာ ၃၀ ရက်စာရင်းများအရ ကချင်ပြည်နယ်တစ်ခုလုံးရှိ စခန်း ၁၇၁ ခုတွင်နေထိုင်သူ ဦးရေ မှာ ၁၀၀,၀၀၀ ရှိပြီး အိမ်နီးချင်းရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀,၀၀၀ ရှိကြောင်း ကုလသမဂ္ဂ၏ လူ သားချင်း စာနာမှုရေးရာ ပေါင်းစပ်ညှိနှိုင်းမှုရုံးမှစာရင်းများအရသိရသည်။

“အစိုးရက စခန်းတွေကို ကန့်သတ်ပိတ်ဆို့ရန်သာ ညွှန်ကြားချက်များပေးပို့ပြီး အစားအစာ၊ နှာခေါင်း စည်း နဲ့ လက်သန့်ဆေးလိုပစ္စည်းတွေကို မပေးပါဘူး” ဟု ဒေါ်ခွန်ဂျာကပြောသည်။

ကချင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားဒေသများမှစခန်းများသို့ ဝန်ကြီးဌာနကပေးပို့ခဲ့သော်လည်း လက်ရှိ အ ခြေအနေအရ ပမာဏမှာ အကန့်အသတ်ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများပြသလျက်ရှိသည်။ ဧပြီ ၁၉ ရက်မှ ၂၈ ရက်အတွင်းနှာခေါင်းစည်း ၃,၅၀၀၊ ဆပ်ပြာတောင့် ၃,၅၀၀တို့ကိုပေးပို့ခဲ့သလို လက်ဆေးကန်နှင့် သာမိုမီတာ ခုနစ်ခုကိုပေးပို့ခဲ့ကြောင်း မေ ၄ ရက် က ထုတ်ပြန်သော ကုလသမဂ္ဂ၏အခြေအနေပြ အစီရင်ခံစာတွင်ဖော်ပြသည်။

ကချင်ပြည်နယ်မှာ ရရှိတဲ့အလှူငွေကို ပြည်ထောင်စုအစိုးရထံပေးပို့ပြီး သူ့အပြောအရ မဖြစ်စလောက်သာ ပြန်ရ သည်ဟု ခွန်ဂျာကပြောသည်။ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း( အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်၊ ဗန်းမော်မဲဆန္ဒနယ်-၁)နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းအလားတူ စွပ်စွဲမှုမျိုးကို Frontier ကိုပြောသည်။

“ကိုဗစ် ၁၉ ကိုတိုက်ဖျက်ဖို့ ကရင်ပြည်နယ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေဆီက အလှူခံစုစည်းပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရက ကောက်ခံရရှိတဲ့ရန်ပုံငွေတွေကို ဗဟိုအစိုးရနဲ့ ပြည်ထောင်စု ကျန်းမာရေးနဲ့ အား ကစား ဝန်ကြီးဌာနကို တိုက်ရိုက်ပေးရပါတယ်” ဟု ဒေါ်ခွန်ဂျာကပြောသည်။

“ဒါပေမဲ့ ရောဂါဒဏ်အများဆုံးခံရတဲ့ ကချင်လူထုဆီကိုတော့ ဆန်တစ်ထုပ်၊ နှာခေါင်းစည်းတစ်ခုတောင်မှ ပြန်မ လာပါဘူး”


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကရင်ပြည်နယ် နေရပ်စွန့် ခွာ စခန်း တစ်ခု၌ ကိုဗစ် ၁၉ ကာလထောက်ပံ့မှုများ ပေးအပ်စဉ်။ ဓာတ်ပုံ - လူကယ်ပြန်ဝန်ကြီးဌာန

‘ကျွန်တော်တို့ အလုံအလောက်ဖြည့်ဆည်းပေးနေပါတယ်’

နေရပ်စွန့်ခွာစခန်းများတွင် ကိုဗစ် ၁၉ ပညာပေးရေးနှင့် ကာကွယ်ရေးအစီအမံများအတွက် ထောက်ပံ့ ဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ အစိုးရဘက်မှပြောကြားချက်မှာ အရပ်ဘက်အဖွဲ့အစည်း တက်ကြွ လှုပ်ရှားသူများ နှင့် အင်န်ဂျီအိုများ၏ ပြောကြားချက်နှင့် သိသိသာသာကွဲပြားနေသည်။

“ကျွန်တော်တို့က IDP စခန်းတွေမှာ အသိပညာကိုမြှင့်တင်ပေးပြီး လက်ဆေးဖို့နဲ့ တခြားတစ်ဦးချင်း ကာ ကွယ် ရေးပစ္စည်းနဲ့ အထောက်အပံ့တွေကိုဖြည့်ဆည်းပေးနေပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကိုကိုနိုင်ကပြောသည်။ အမျိုးသား နေရပ်စွန့်ခွာစခန်းများတွင်ရှိသော လူဦးရေ ၂၅၀,၀၀၀ အ တွက် ဝန်ကြီးဌာနခွဲတမ်းမှ ကျပ် ၂ ဒသမ ၄ ဘီလျံဖိုးထောက်ပံ့ခဲ့ကြောင်း သူကပြောသည်။

နေရပ်စွန့်ခွာသူတွေအတွက် အစားအစာနှင့် အခြားလိုအပ်ချက်များကိုအစိုးရက ဖြည့်ဆည်းမပေးဘူးဟူ သော စွပ်စွဲချက်ကို သူကငြင်းဆိုသည်။ “ကျွန်တော်တို့ အလုံအလောက်ဖြည့်ဆည်းပေးနေပါတယ်” ဟုသူကပြောသည်။

စခန်းများကို NGOများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အသွားအလာကန့်သတ်ခြင်းမှာ နေရပ်စွန့်ခွာသူများ ၏ အကျိုးအတွက်ဖြစ်ကြောင်း ဒေါက်တာကိုကိုနိုင်ကပြောသည်။

“IDP တွေက ခုခံနိုင်စွမ်းအားတော်တော်နည်းတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ သူတို့က ပြင်ပ က လူတွေ၊ အထူးသဖြင့် NGO နဲ့ CSO အဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုမရှိဘဲ စခန်းထဲမှာသူတို့နေ မယ်ဆိုရင် သူ တို့ကို ဘယ်လိုလုပ် ရောဂါပိုးကူးနိုင်မှာလဲ”

“သူတို့သဘောရှိသလောက် ဆက်သွယ်မှုလုပ်ဖို့ ကျွန်တော်တို့ဘာကြောင့်ခွင့်မပြုနိုင်ရတဲ့အကြောင်းကို နားလည် ပေးဖို့ ကုလသမဂ္ဂနဲ့ NGOတွေကို ကျွန်တော်တို့စာပို့ထားပါတယ်”

သူတို့က အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနနှစ်ခုစလုံးကပြောသည်။

နေရပ်စွန့်ခွာသူများနှင့် ကုလသမဂ္ဂဝန်ထမ်းများ ပိုမိုလက်လှမ်းမီနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်း များ နှင့် ဦးစီးဌာနက စေ့စပ်ညှိနှိုင်းနေကြောင်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးချမ်းအေးကပြောသည်။

နေရပ်စွန့်ခွာစခန်းများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမဖြစ်စေရန် ကြိုးပမ်းမှုကိုထောက်ပံ့မှုပေး နေသော အဖွဲ့ များ တွင် Oxfam International နှင့် Solidarity International တို့ပါဝင်ပြီး နှာခေါင်းစည်းများနှင့်တကိုယ် ရေသုံး ပိုး မွှားသန့်စင်ရေး သေတ္တာများကိုဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည် နယ်တို့တွင် သတင်းအချက်အလက်ပေးသော လှုပ်ရှားမှုများဆောင်ရွက်ခြင်းနှင့် လက်ဆေး သောအထောက်အပံ့ ပစ္စည်းများတပ်ဆင်ပေးခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်ပေးသည်။

“ကိုဗစ် ၁၉ ကာကွယ်ဖို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုက စခန်းတွေမှာ လူတွေကျပ်ညပ်နေတာပါ။ တစ်ယောက် ယောက် ဖျားနာပြီဆိုရင် အိမ်ထောင်စုတွေနဲ့ မိသားစုဝင်တွေကို ခွဲထားဖို့ခက်ပါတယ်” ဟု Oxfam International ကို ထောက်ခံအားပေးသူနှင့် လှုပ်ရှားမှုပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါ်ရီမွန်ကပြောသည်။

“အစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း လက်လှမ်းမမီပါဘူး။ ဒါကြောင့် စခန်းမှာ ကိုဗစ် ၁၉ဖြစ်ရင်အကြီး အကျယ် ဒုက္ခရောက်နိုင်ပါတယ်”

အစိုးရ၏ကန့်သတ်ချက်များနှင့် ခရီးသွားလာခွင့်ကိုထုတ်ပေးရာတွင်ကြန့်ကြာမှုများကြောင့် စခန်းများကို ရောက် ရန်မှာလည်း စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းသူကပြောသည်။

“ကိုဗစ် ၁၉ ပြန့်ပွားမှုကာကွယ်ရေးလှုပ်ရှားမှုမှာ ဘယ်သူမှနောက်ကျန်မနေသင့်ပါဘူး။ IDP ဖြစ်ဖြစ်၊ ကျေး လက် ပြည်သူဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ်ပါ။ သူတို့အားလုံးက စောင့်ရှောက်မှုခံရဖို့အကျုံးဝင်ပါတယ်။ အဖွဲ့အစည်း တစ်ခု ခု အတွက် အကူအညီရဖို့အကန့်အသတ်ရှိနေရင် တနိုင်ငံလုံးအတွက် အန္တရာယ်အလွန် များပါ တယ်” ဟု ဒေါ်ရီ မွန်ကပြောသည်။

သို့ရာတွင် ပဋိပက္ခများက အစိုးရနှင့် NGO များကိုပါ အသွာအလာအကန့်အသတ်ဖြစ်စေသည်။ ချင်းပြည်နယ် တောင်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်တပ်မတော်တို့ တိုက်ပွဲပြင်းထန်မှုက ပလက်ဝမြို့သို့သွားသော ကုန်းလမ်း နှင့် ရေလမ်းများ အဆက်ပြတ်စေသည်။ အစားအစာပြတ်လပ်မှုကြောင့် လူစာနှင့် တိရစ္ဆာန်စာများပါ ပြတ်လျက် ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကပြောသည်။

ဧပြီ ၂၉ ရက်တွင် ပလက်ဝသို့သွားသော ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ယာဉ်တန်းတစ်ခုကို “အမည်မသိ သေ နတ်သမားများ”က တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းမှာအနည်းငယ်ဒဏ်ရာရှိပြီး မော်တော်ယာဉ်သုံးစီး ပျက်စီးခဲ့ သည်။ သို့သော်လည်း ယာဉ်တန်းမှာခရီးဆက်နိုင်ခဲ့ပြီး WFP ကမေ ၃ ရက်တွင် ပလက်ဝ၌ လူ ၃,၇၀၀ ကို အစား အစာအကူအညီများ ပေးနိုင်ခဲ့သည်။

“လူ့အဖွဲ့အစည်းတွေမှာ ချို့တဲ့မှုတွေအဆမတန်ဖြစ်နေတဲ့အတွက် အစားအစာအခြေအနေ ဆိုးရွားမလာ အောင် ရေရှည်ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးဖို့လိုပါတယ်” ဟုမြန်မာနိုင်ငံ WFP ၏ဌာနေဒါရိုက်တာ မစ္စ တာ စတီဖင် အန်ဒါဆင်ကပြောသည်။

ပဋိပက္ခကြောင့် ခရီးသွား၍မဖြစ်နိုင်လောက်သည့်အတွက် အစားအစာပြတ်လပ်နေကြောင်း ပလက်ဝမြို့ နယ် မီးဇာကျေးရွာစခန်းတွင် နေထိုင်သူ ၅၀၀ နီးပါးအနက်မှတစ်ဦးဖြစ်သူ ဆလိုင်းထွန်းတန်ကပြောသည်။

“ရွာနီးချုပ်စပ်ကျေးရွာတွေဆီက ကျွန်တော်တို့ ဆန်ရပါတယ်။ တောထဲသွားပြီး သားကောင်လိုက်တယ်။ ဟင်သီး ဟင်းရွက်နဲ့ မှိုရှာပါတယ်။ နေ့စဉ်လူသုံးယောက်ကနေ ငါးယောက်အထိရွေးပြီး အစာရှာထွက်ခိုင်း ပါတယ်” သူက ပြောသည်။

ပဋိပက္ခကြောင့် သားကောင်ရှာခြင်းနှင့် ဟင်းသီးဟင်ရွက်ရှာရခြင်းက အန္တရာယ်များသော်လည်း တခြားရွေးချယ် စရာလမ်းမရှိကြောင်း သူကပြောသည်။

“တိုက်ပွဲတွေကို ကျွန်တော်တို့ကြောက်တာပေါ့။ ဒါပေမဲ့ ဘာတတ်နိုင်မှာတုန်း” ဟုသူကပြောသည်။

ပဋိပက္ခများဖြစ်နေချိန်တွင် ကိုဗစ် ၁၉ အကြောင်းစဉ်းစားနိုင်သူ မရှိသလောက်ဖြစ်ပြီး အစိုးရထံမှဖြစ်စေ၊ အခြား သူများထံမှဖြစ်စေ ရောဂါနှင့်ပတ်သက်သောသတင်းကို သူတို့မရသေးကြောင်းသူကပြောသည်။

“ရောဂါက ကျွန်တော်တို့ဆီမရောက်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို တောတွေ၊ တောင်တွေနဲ့ တိုက်ပွဲတွေက ဝန်းရံနေလို့ပါ” ဟုသူကပြောသည်။



ကချင်ပြည်နယ် လိုင်ဇာမှ ဂျေယန်းစခန်းကို ဧပြီ ၂၂ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - နော်ဆိုင်း

အကူအညီမပါသော ပိတ်ဆို့ကန့်သတ်မှု

နေရပ်စွန့်ခွာရသူများအတွက် အခြားစိန်ခေါ်မှုမှာ စခန်းတွင်နေထိုင်သူများ အလုပ်လုပ်ရန် စခန်းမှထွက် ခွာခွင့်မ ရဘဲ စခန်းအများအပြားမှာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခံထားရခြင်းဖြစ်သည်။ ယခင်က အရွယ်ရောက် သူများ၊ အထူးသဖြင့် အမျိုးသားများမှာ လယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်အခြားကဏ္ဍများတွင် အ လုပ် လုပ်ရန် နေ့စဉ်စခန်းမှထွက်ခွာခွင့်ရှိသည်။

ကချင်ပြည်နယ်၊ ဗန်းမော် နှစ်ခြင်းခရစ်ယာန်အသင်း၏ စခန်းတွင်နေထိုင်သူ အသက် ၂၆ နှစ်ရှိ မရွိုင်းသည် စာပြ ဆရာမအဖြစ် လုပ်နေသော်လည်း စခန်းမှထွက်ခွာခွင့်မရသည်မှာ နှစ်လခန့်ရှိပါပြီ။

“ကျွန်မက ရွာနီးချုပ်စပ်ကိုမော်တော်ဆိုင်ကယ်နဲ့ အမြဲသွားပြီး ကျောင်းသားတွေကို စာသင်ပေးတယ်။ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်လလောက်ကစပြီး အရေးပေါ်အခြေအနေမှသာ အပြင်ကိုထွက်လို့ရပါတယ်။ ကျွန်မတို့မိသား ဝင် ငွေ ကို တကယ်ကိုထိခိုက်တာပါ။ ကျွန်မတို့က အလှူရှင်ကိုမှီခိုပြီး အထောက်အပံ့ကိုပဲမျှော်နေရပါတယ်” ဟု မရွိုင်းကပြောသည်။

တရုတ်နယ်စပ်တလျှောက် ကေအိုင်အိုထိန်းချုပ်ဒေသမှ စခန်းများတွင်နေထိုင်သော လူ ၄၀,၀၀၀ ခန့်အတွက် အထူးစိုးရိမ်ကြောင်း လူသားချင်းစာနာမှုအဖွဲ့များကပြောသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်မှစ၍ မြန်မာအစိုးရက ဤ ဒေသများသို့အကူအညီများဖြန့်ဖြူးပေးနေသော အပြည်ပြည်ဆိုင်ရာအကူအညီဖြန့်ဖြူးမှုများ ကိုပိတ်ပင်ခဲ့သည်။ ကိုဗစ် ၁၉ ပြန့်ပွားမှုကြောင့် နယ်စပ်ဒေသထိန်းချုပ်မှုများပိုမိုတင်းကျပ်လာပြီး ဒေသ တွင်းအကူအညီပေးရေး အဖွဲ့များ၏ စွမ်းဆောင်ရည်ကိုကျဆင်းစေခဲ့သည်။

ကချင်ပြည်နယ်တွင် အကြီးဆုံး နေရပ်စွန့်ခွာစခန်းတွင်နေထိုင်သူများအတွက် အများစုကပူပန်နေသည်မှာ အစား အစာဖူလုံရေးဖြစ်သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာနောက်ပိုင်း၌ မဲသဝေါဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် လှိုင်းဘွဲ့မြို့နယ်မြိုင်ကြီး ငူ နေရပ်စွန့်ခွာစခန်းတွင် နေရပ်ဒေသမှပြောင်းရွှေ့ခံရသူ ၅,၀၀၀ ကျော်ရောက်လာသည်။

ယခင်က သူတို့သည် အစိုးရ၊ ကုလသမဂ္ဂ ၊ ပြည်တွင်းအသင်းအဖွဲ့များနှင့် တသီးပုဂ္ဂလအလှူရှင်များထံမှ အ ထောက်အပံ့ကိုမှီခိုနေရကြောင်း စခန်းစီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦးဖြစ်သူ မနန်းမူက ဧပြီ ၂၉ ရက်က Frontier ကိုပြောသည်။

မတ်လနှောင်းပိုင်းက အစိုးရအရာရှိများသည်စခန်းသို့ရောက်လာကာ လက်ဆေးစင် သုံးခုနှင့် ဆပ်ပြာများ ကို ပေးခဲ့ပြီး ထိုနောက်ပိုင်းတွင် မည်သည့်အထောက်အပံ့မှမရတောကြောင်း မနန်းမူကပြောသည်။

“ကျွန်မတို့အရက် ၂၀ စာအတွက်ပဲ ဆန်ရှိပါတယ်။ အစိုးရ၊ ဒါမှမဟုတ် တခြားအလှူရှင်တွေက ကျွန်မတို့ကို နောက်ထပ်ပေးဖို့ရှိမရှိဆိုတာ ဘာအရိပ်အအရောင်မှ မတွေ့ရသေးပါဘူး” ဟု စခန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် မနန်းမူ က ဧပြီ ၂၉ ရက်က Frontier ကိုပြောသည်။

တချိန်တည်းမှာ ကိုရိုနာဗိုင်းရပ်ပြန့်ပွား လာမည်ကိုကြိုတင်ကာကွယ်သောအားဖြင့် အာဏာပိုင်တို့က စခန်း များ တွင်ထုတ်ပြန်ထားသော အကန့်အသတ်ဖြင့် ပိတ်ဆို့တားဆီးမှုက ဘင်္ဂါလီနေရပ်စွန့်ခွာသူများ၏ ဆင်းရဲ ချို့ငဲ့ သောလူနေမှုဘဝကို အဟန့်အတားပြုလျက်ရှိသည်။ တိုးတက်လာသော ကန့်သတ်ချက်များက ယခင် ကလုပ်နေ ကျအတိုင်း သူတို့မိသားစုများထောက်ပံ့ရေးအတွက် ကျပန်းလုပ်ငန်းကိုဆောင်ရွက်နိုင်ရန် ရိုဟင် ဂျာအများ အ ပြား ကို အဟန့်အတားပြုလျက်ရှိသည်။

ထွက်ခွာခွင့်ရသူများအတွက်ကုန်ကျစရိတ်မှာ နှာခေါင်းစည်းဖိုးဖြစ်ပြီး လုပ်ခနည်းသူများ အတွက်ကြီးမား သော ပမာဏဖြစ်သည်။

“စစ်ဆေးရေးစခန်းတွေမှာ အာဏာပိုင်တွေက နှာခေါင်းစည်းတပ်ဆင်ထားသူတွေ ကိုသာဖြတ်သန်းခွင့်ပေး ပါ တယ်။ ဒါက သူတို့ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ နှာခေါင်းစည်းဈေးက တစ်ခုကျပ် ၁,၀၀၀ လောက်ဖြစ်သွားတော့ တစ်နေ့ အလုပ်လုပ်နိုင်ဖို့ ရင်းနှီမြှုပ်နှံမှုတစ်ခုလိုဖြစ်နေတယ်” ဟု အစ္စလာမ် ကပြော သည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ - ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ် မာလိယံစခန်း၏တဲအနီးတွင် နှာခေါင်းစည်း ဝတ်ထားသူ တစ်ဦးအား ဧပြီ ၆ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လီ

ကျော်လင်းထွန်းသည် ယခင်က Myanmar Now၊ မော်ကွန်းနှင့် Myanmar Business Today တို့တွင် လုပ်ကိုင်ခဲ့ သည်။
 
Link : Here 
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */