" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ကောင်စီတပ်. Show all posts
Showing posts with label စစ်ကောင်စီတပ်. Show all posts

Saturday, May 18, 2024

ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးဖြစ်ကြောင်း AA ထုတ်ပြန်

Mizzima
May 18, 2024 

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ဌာနချုပ်အပါအဝင် နောက် ဆုံးလက်ကျန်တပ်စခန်းများအားလုံးကို ယနေ့ မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီချိန်တွင် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA ) က ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်နဲ့ AA ကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး၊ နှစ်ရာနီးပါး ဒဏ်ရာရ

RFA
RFA Burmese
2024.05.18

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် မနက် ၄ နာရီတွင် တွေ့ရစဉ်။Citizen Journalist 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ လေကြောင်းနဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံးပြီး နှစ်ရာခန့် ဒဏ်ရာရခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က ပြောပါတယ်။

Thursday, May 9, 2024

မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီဖျက်ဆီးနေ

BNI
Thursday, May 09, 2024 


ရခိုင်ပြည်၊ မောင်တောဒေသတွင် AA ထိုးစစ်ကြောင့် တပ်ရင်း၊ တပ်မနှင့် တပ်စခန်းအများအပြား ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသောတံတားများကို ဆက်တိုက်ဖျက်ဆီးနေပြီး ၃ ရက်အတွင်း တံတား ၃ စင်း ကျိုးကျသွားပြီဖြစ်သည်။

Monday, May 6, 2024

ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချ (ဓာတ်ပုံ)

DVB
May 6, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးမှာ မေ ၄ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ဒုတပ်မမှူး အပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိစစ်သည် မိသားစုဝင်တွေရဲ့ ရုပ်သံကို ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ မေ ၆ ရက်မှာထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ လေးဦး သေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ

RFA
RFA Burmese
2024.05.06 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မစျေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေခိုလှုံနေတဲ့ စာသင်ကျောင်းကို မေလ ၄ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် လူလေးဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Sunday, May 5, 2024

စစ်တပ်ရဲ့ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်း ၄ ရင်းကို သိမ်းလိုက်ပြီလို့ အေအေပြော

BBC
၅ မေလ၂၀၂၄ 

စစ်တပ်ရဲ့ ခမရ ၅၆၄ တပ်ရင်းကို ဧပြီလဆန်းပိုင်းမှာ သိမ်းခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ပါတယ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ် စကခ(၁၅) အပါအဝင် ခမရ (၅၅၁)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄) နဲ့ ခမရ (၅၅၂) တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

Friday, May 3, 2024

မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟုဆို

Western News
 မေ ၃ ၂၀၂၄

(ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ)


ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ကျီးကန်းပြင် ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်လည်း လက်နက်ချအညံ့ခံခဲ့ကြောင်း ခိုင်လုံသော သတင်း ရင်း မြစ်ထံမှ သိရသည်။

Friday, April 5, 2024

နှစ်ပတ်သင်တန်းတက်ပြီး ပြည်တွင်းစစ်ထဲဝင်တိုက်ရတဲ့ရိုဟင်ဂျာတွေ

BBC
၄ ဧပြီ ၂၀၂၄ 

စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာတွေ
 
မြန်မာစစ်တပ်က ရိုဟင်ဂျာရာနဲ့ချီကို စစ်သင်တန်းပေးပြီး ပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခိုင်းတယ်လို့ ကိုယ်တိုင်စစ်မြေပြင်ရောက်ပြီးစစ်တိုက်ခဲ့ရတဲ့ အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောပါတယ်။

Friday, March 29, 2024

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

Thursday, March 28, 2024

စစ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.28

                        ရခိုင်ပြည်နယ် စစ်တွေမြို့အား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု ဒုံးပြင်ရွာမှာ မတ်လ ၂၇ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သားနှစ်ဦးက လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီနေ့ ပြောပါတယ်။

Friday, March 22, 2024

စစ်တပ်က လူမျိုးရေး အသုံးချဖို့ ကြိုးစားတာ (ရုပ်/သံ)

ဧရာဝတီ
22 Mar 2024

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောက်မှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာတွေကို အသုံးချနေတယ် လို့ စောင့်ကြည့်လေ့လာနေသူတွေက ပြောကြပါတယ်။ 

Thursday, March 21, 2024

ဘူးသီးတောင်မြို့နယ်၌ စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို ရိုဟင်ဂျား

DVB
March 20, 2024 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာလူမျိုးတွေက “AA အလိုမရှိ"၊ “စစ်ပွဲအလိုမရှိ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။

Sunday, March 10, 2024

စစ်တွေမှာ လူနေလူထပ်တဲ့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ သေဆုံးသူ ၇ ဦးအထိရှိလာ

BBC
10.03.2024 

စစ်တွေမြို့က ပြည်နယ်ကောင်စီရုံးအနီးမှာ လုံခြုံရေးတင်းကျပ်ထားတာကို ၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းကမြင်တွေ့ ရတာဖြစ်ပါတယ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေက ‌အောင်မင်္ဂလာရပ်ကွက်ထဲကို မတ်လ ၉ ရက်ညပိုင်းမှာလက်နက် ကြီးကျခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိမြင့်တက်လာတယ်လို့ သိရပါတယ်။

စစ်တွေမြို့ပေါ်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာခုနစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.10

စစ်တွေမြို့ပေါ် ကသည်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အကြား လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်အကြားကို မတ်လ ၉ ရက်နေ့ည ၁၁ နာရီကျော်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Tuesday, February 27, 2024

စစ်မှုမထမ်းလို၍ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်တချို့ ထွက်ပြေး

Myanmar Now
စထွန်းအောင်
ဖေဖေါ်ဝါရီ ၂ရ ၂၀၂၄

၂၀၁၈ အတွင်းက မောင်တောမြို့တွင်း စစ်ဆေးရေးဂိတ်တွင် တွေ့ရသည့် ရဲများ (ဓာတ်ပုံ - EPA)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဏာသိမ်းစစ်တပ်က စစ်ပညာသင်ကြားပေးရန် လူစာရင်းကောက်ယူခြင်း၊ စစ်သင်တန်းကို တက်သုတ်ရိုက် စီစဉ်နေခြင်းတို့ကြောင့် ရိုဟင်ဂျာလူငယ် ဒါဇင်နဲ့ချီပြီး စခန်းမှ ထွက်ပြေးခဲ့ကြသည်။

Friday, February 23, 2024

ဘူးသီး‌တောင်တွင် လူနေရပ်ကွက်အထိ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်‌နေ၍ အရပ်သားပြည်သူများ ထိတ်လန့်စိုးရိမ်နေကြရ

Narinjara
ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၄ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်နှင့် နီးစပ်သည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်သဖြင့် အရပ် သားပြည်သူများ ထိတ်လန့်စိုးရိမ်နေကြရသည်ဟု သတင်းရရှိသည်။

Monday, February 12, 2024

မောင်တောတွင် စစ်ကောင်စီ၊ ARAနှင့် RSO တို့က AA ကို တိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်သား၊ ARAနှင့် RSO တို့၏ အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

Western News
ဖေဖော်ဝါရီ ၈

ရခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ဝဲ-လက်ယ)ဗျူဟာ စခန်းတို့အား AA က တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်၊ ARAနှင့် RSO တို့က AA ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Saturday, February 10, 2024

စစ်ကောင်စီတပ်တွေ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်းစစ်မျက်နှာ

မိုးမခ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ 


ပေါက်တော၊ ပလက်ဝ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့ မြို့တွေ နဲ့ အဆိုပါ မြို့တွေရှိတဲ့ နေရာဒေသတွေမှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေ၊ စကခ လို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ်တွေ၊ ဗျူဟာအရ အချက်အချာကျပြီး မြေပြင်အနေအထားအရ အပေါ်စီးရတဲ့ ဗျူဟာကုန်းလို စစ်စခန်းတွေကို လွန်ခဲ့တဲ့ ၂ လကျော်အတွင်း Arakan Army, AA က တခုပြီးတခု၊ တမြို့ပြီး တမြို့ သိမ်းယူခဲ့တာ သတင်းတွေထဲ တွေ့မြင်နေရတာ ဖြစ်ပါတယ်။

Friday, December 8, 2023

ကိုးကန့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စကခမှူး သေဆုံးခဲ့ကြောင်း MNDAA ထုတ်ပြန်

RFA
RFA Burmese
2023.12.07

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။ The KoKang

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

Thursday, December 7, 2023

ဘူးသီးတောင်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
December 7, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာက ဒေသခံ အမျိုးသား ၄ ဦးကို ဒီဇင်ဘာ ၇ ရက် မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ရွာမရခိုင်ကျေးရွာမှ ဦးရွှီမောင် (၄၅နှစ်)၊ ဦးအောင်ဇံ (၆၀နှစ်)၊ ဦးဖြူထွန်း (၅၀ နှစ်) နဲ့ ဦးမောင်သန်းဝင်း (၅၃ နှစ်) တို့ ဖြစ်ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */