" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 5, 2024

စစ်တပ်ရဲ့ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်း ၄ ရင်းကို သိမ်းလိုက်ပြီလို့ အေအေပြော

BBC
၅ မေလ၂၀၂၄ 

စစ်တပ်ရဲ့ ခမရ ၅၆၄ တပ်ရင်းကို ဧပြီလဆန်းပိုင်းမှာ သိမ်းခဲ့တယ်လို့ အေအေက ထုတ်ပြန်ခဲ့ပါတယ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ် စကခ(၁၅) အပါအဝင် ခမရ (၅၅၁)၊ ခမရ (၅၆၅)၊ ခမရ (၅၆၄) နဲ့ ခမရ (၅၅၂) တပ်ရင်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေမှာ ဘူးသီးတောင် တပ်မဌာနချုပ် စကခ (၁၅) နဲ့ ခမရ (၅၅၁) တပ်ရင်းတွေကို ဆက်တိုက်သိမ်းယူ နိုင်ခဲ့တာလို့ မေလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီ တပ်မ၊တပ်ရင်းတွေကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့သလို လက်နက်ချခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေ တွေကိုလည်း ဖမ်းဆီထားတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်ဗျူဟာ အောက်က တပ်ရင်းတွေဖြစ်တဲ့ ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နဲ့ အမတ (၃၇၈) တပ်ရင်းတွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း အေအေက ပြောပါတယ်။

အေအေပါဝင်တဲ့ ရှမ်းမြောက်က မြောက်ပိုင်းညီနောင် သုံးဖွဲ့က စစ်တပ်ကို တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ ရခိုင်ပြည်နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ကြားတိုက်ပွဲတွေ ပြန်ဖြစ်ပွား နေတာ ၆ လ နီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */