" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 6, 2024

ဘူးသီးတောင် စကခ ၁၅ က ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချ (ဓာတ်ပုံ)

DVB
May 6, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးမှာ မေ ၄ ရက်နေ့က လက်နက်ချ အညံ့ခံခဲ့ကြတဲ့ ဒုတပ်မမှူး အပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိစစ်သည် မိသားစုဝင်တွေရဲ့ ရုပ်သံကို ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ မေ ၆ ရက်မှာထုတ်ပြန်ပါတယ်။

အဲဒီရုပ်သံမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သား ၅၀၀ နဲ့အထက် ရှိနိုင်ပြီး အဲဒီအထဲမှာ မွတ်စလင်တပ်သားတချို့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
ဘူးသီးတောင်မြို့ကနေ ၃ မိုင်လောက်အကွာမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို AA တပ်တွေ မေ ၂ ရက်မှာ အပြီးသိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်မချဘဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 

အခု ဖမ်းဆီး ရမိသူတွေဟာ စကခ ၁၅ ကို တလကြာဝိုင်းရံပိတ်ဆို့ပြီး ၁၂ ရက်ကြာ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေချိန်မှာ လုံဝမလွတ်မြောက်နိုင်တော့အတွက် လက်နက်ချအညံ့ခံ ခဲ့ကြတာလို့ AA က ပြောထားပါတယ်။

စကခ ၁၅ နဲ့ ဘူးသီးတောင် ဗျူဟာလက်အောက်ခံ တပ်ရင်း ၁၂ ရှိတဲ့အထဲမှာ စကခ ၁၅နဲ့ ခြေမြန်တပ်ရင်း ၄ ခုထက်မနည်းကို AA က သိမ်းပိုက်ရရှိထားပြီး ကျန်တပ်ရင်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စကခ ၃ ခုရှိတဲ့အထဲက စကခ ၉ ကျောက်တော်နဲ့ စခက ၁၅ ဘူးသီးတောင်တို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့ တပ်စခန်းတိုင်းကို သိမ်းပိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“ဒီအချိန် AA က စစ်ကောင်စီရဲ့ တပ်စခန်းမပြောနဲ့ တပ်မကိုလည်း သိမ်းနိုင်တယ်။ AA ရဲ့ ထိုးစစ်ဗျူ ဟာတွေက ဗျူမြောက်သလို စစ်ကောင်စီက စိတ်ဓာတ်ရော တိုက်ခိုက်ရေးပါ ပျက်စီးနေတာကြောင့် တိုက်တိုင်းကို အောင်မြင်နိုင်တယ်။”

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ 


ဆက်စပ်သတင်းများ— 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */