Saturday, May 18, 2024

ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးဖြစ်ကြောင်း AA ထုတ်ပြန်

Mizzima
May 18, 2024 

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ဌာနချုပ်အပါအဝင် နောက် ဆုံးလက်ကျန်တပ်စခန်းများအားလုံးကို ယနေ့ မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီချိန်တွင် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA ) က ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

“ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟလက် အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်သည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ သိမ်းပိုက်ခဲ့သည့် တပ်စခန်းများမှာ ဘူးသီးတောင် ဗျူဟာ ဌာနချုပ်၊ အမတ(၃၇၈)၊ ခမရ(၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ ထောက်ပို့တပ်ရင်းနှင့် အင်ဂျင်နီယာတပ်ရင်း GE တပ်များဖြစ်ကြောင်း AA က ဖော်ပြသည်။

ယင်းအပြင် မေ ၁၆ ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၈)၊ မေလ ၁၄ ၇က်နေ့တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း လေးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မေလ ၁၃ ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၃) တို့ကို အသီး သီး သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဘူးသီးတောင်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှိတော့ပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်လျက်ရှိသဖြင့် ဘူးသီးတောင်မြို့ ပတ်ဝန်း ကျင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသောကြောင့် အနီးဝန်းကျင်ကျေးရွာမှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန် AA က သတိပေးထားသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင် ဘူးသီးတောင်အ ခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်မိသားစုဝင် ဦးရေ ၂၀၀ကျော် လက်နက်ချအညံ့ခံ ခဲ့ ကြောင်း AA က မေလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်အပါအဝင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း မြို့များကို အာရက္ခတပ်တော် မှ သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */