" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2024

စစ်တပ်က လူမျိုးရေး အသုံးချဖို့ ကြိုးစားတာ (ရုပ်/သံ)

ဧရာဝတီ
22 Mar 2024

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောက်မှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာတွေကို အသုံးချနေတယ် လို့ စောင့်ကြည့်လေ့လာနေသူတွေက ပြောကြပါတယ်။ 

စစ်တပ်ဟာ ရိုဟင်ဂျာတွေကို စစ်ရေးဘက်မှာ အသုံးပြုမှုတွေရှိနေသလို နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်တဲ့ လှုပ်ရှားမှုတွေမှာလဲ အသုံးပြုမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ဒီလိုလုပ်ရက်တွေဟာ စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ် နည်းပရိယာယ်တွေဖြစ်ပြီး ထိလွယ်ရှလွယ်တဲ့ လူမျိုးရေးအဓိကရုဏ်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးကျူးလွန်နေတာဖြစ်သလို ရိုဟင်ဂျာတွေကို ချနင်းနေတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။ 

အဲဒီအဓိကရုဏ်းတွေကြောင့် ရိုဟင်ဂျာတွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသလို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘဂ်လားဒေ့ရှ်မှာ လက်ရှိအချိန်ထိ မပြန်နိုင်သေးဘဲ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေဟာလည်း အခုချိန်ထိ နေရပ်ရင်းမှာ ပြန်လည် နေထိုင်နိုင်ခြင်း မရှိသေးပါဘူး။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */