" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 12, 2024

မောင်တောတွင် စစ်ကောင်စီ၊ ARAနှင့် RSO တို့က AA ကို တိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်သား၊ ARAနှင့် RSO တို့၏ အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

Western News
ဖေဖော်ဝါရီ ၈

ရခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း တောင်ပြို (လက်ဝဲ-လက်ယ)ဗျူဟာ စခန်းတို့အား AA က တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်၊ ARAနှင့် RSO တို့က AA ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ်ရှိ တောင်ပြို လက်ယာ-လက်ဝဲ နယ်ခြားစောင့်တပ်စခန်းတို့ကို AA က သိမ်းပိုက်ချိန်တွင် ARA နှင့် RSO တို့က AA ကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းက ရက္ခိုင် တပ်တော် AA က သတင်းထုတ်ပြန်သည်။

ARA တပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့်တည်ဆောက်ထားသော အခိုင်အ မာစခန်း တစ်ခုဖြစ်သည့်အပြင် အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ) နှင့်ချိတ်ဆက်ထားသည်ကို တွေ့ရှိရကြောင်း AA က ဆိုသည်။

တောင်ပြို (လက်ဝဲ) စစ်ကောင်စီစခန်းနှင့် ARA ၏ အဓိကစခန်းသည် မီတာ (၁၀၀၀) တစ်ထောင်ကျော်သာ ဝေးပြီး ထိုသို့ အခိုင်အမာ စခန်းတစ်ခုရှိနေခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲနှင့် ARA အဖွဲကြား အပေးအယူနှင့် နားလည်မှုတို့ ရှိကြောင်း သိရသည်။

ထို့အပြင် နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲအစည်းတို့သည် ရင်းနှီးသော ဆက်ဆံရေးအပြင် အပေးအယူများနှင့် အတူ နားလည်မှုဖြင့်နေခဲ့ကြောင်း သုံ့ပန်းများကို AA က စစ်ဆေးရာတွင် သိရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

AA ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာငွေ ဆယ်သန်းဖြင့် ကြိုတင် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို ထွက်ပြေးဝင်ရောက်နိုင်ရန် အတွက်လည်း ARA အဖွဲထံ အကူအညီ တောင်းခံခဲ့ကြောင်း ဆိုသည်။ နယ်ခြားစောင့်တပ် တောင်ပြို (လက်ယာ)တွင် ရဲမှူး အောင်စည်သူအေး (နခခ-၂)နှင့် တောင်ပြို (လက်ဝဲ) တွင် ဒု-ရဲမှူးကြီး ကျော်နိုင်စိုးတို ဦးစီးခဲ့ကြောင်းနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA အဖွဲအစည်းတို့မှ အပေးအယူများ ရှိကြောင်း သိရသည်။

AA က သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ ယူသွားသောလက် နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက်များ၊ WY မူးယစ်ဆေးဝါး ၆၉ ထုပ်နှင့် ရေခဲ ၂၈ ထုပ်တိုကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ အလောင်းအမြောက်အမြားနှင့် ARA နှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရရှိခဲ့သည်။

ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ၂၀၀ကျော် နတ်မြစ်ကို ကျော်ဖြတ်ပြီး မောင်တော ဖက်ခြမ်းမှ ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက် ပြေးခဲ့ကြောင်း သိရသည်။ 

Western News-WN

FB Ref: Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */