RFA
RFA Burmese
2023.12.07
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။ The KoKang
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်း သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) က ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ၊ ကုန်းကြမ်းစတဲ့ နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သား တွေဟာ နေရာအနှံ့ ထွက်ပြေးပုန်းအောင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က ရှောက်ကိုင်အုပ်စုနေရာတစ်ကြောမှာ ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ် ရာ ကျော်ကို MNDAA က ပစ်ခတ်ချေမှုန်းခဲ့ရာမှာ စကခ (၁၂) ရဲ့ စကခမှူးလည်း ပါဝင်တယ်လို့ ထုတ် ပြန်ထားတာပါ။
သေဆုံးသွားတဲ့ ဗိုလ်မှူးချုပ် အောင်ဇော်လင်း ရုပ်အလောင်းကို ပြန်ပို့ပေးဖို့ စစ်ကောင်စီကို ကမ်းလှမ်း ခဲ့ပေ မဲ့ စစ်ကောင်စီဘက်က အကြောင်းမပြန်ဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့...ဗိုလ်မှူးချုပ်အောင်ဇော်လင်းသေဆုံး တယ်လို့ ဆိုတာကို ငြင်းဆိုထားပြီး ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတယ်လို့ သူတို့ ထိန်းချုပ်ထား တဲ့ မီဒီယာတွေမှာ ဒီဇင်ဘာလ ၇ ရက်နေ့က ဖြေဆိုထားပါတယ်။
ကိုးကန့်ဒေသမှာ စစ်ကောင်စီက စကခ (၁၂)လက်အောက်ခံ တပ်ရင်း (၃၅၅) နဲ့ စကခ လက်အောက် ခံ တပ်ရင်း (၆၉)၊ တပ်ရင်း (၃၂၃) တို့ လှုပ်ရှားနေပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ရှီရှမ်းဒေသမှာ တပ်ရင်း (၆၉) က တပ်ရင်းမှူးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အစောပိုင်းကာလ မုံးကိုးဗျူဟာကုန်းကို ကိုးကန့်တပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေသိမ်း ယူတုန်းက လည်း တပ်မမှူးတစ်ယောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိုးကန့်ဒေသမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ ကျော်ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာ မိတ် အဖွဲ့တွေက သိမ်းယူထားပြီး စစ်ကောင်စီရဲ့ မီရှင့်ကုတ်၊ နန်ထင်မိန်၊ ရန်လုံကျိုင့်နဲ့ တာရွှေထန်စတဲ့ တပ်စခန်းတွေသာ ကျန်တော့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။
Link : Here
No comments:
Post a Comment