" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလသမဂ္ဂ. Show all posts
Showing posts with label ကုလသမဂ္ဂ. Show all posts

Monday, June 22, 2020

ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာပယ်ချ၊ အချုပ်အခြာအာဏာကို ဝင်မစွက်ရန် မြန်မာကိုယ်စားလှယ် ပြော

DVB
22 June 2020
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းတဲ့ ဆုံးဖြတ်ချက် အဆို မူကြမ်း ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။

Friday, May 15, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ COVID-19 ကာကွယ် ရေး တိုးလုပ်နေပြီလို့ ကုလသမဂ္ဂပြော

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 မေ၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ ဈေးတခုမှာ စုဝေးနေတဲ့ မြင်ကွင်း (မေ ၁၅၊ ၂၀၂၀)

  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုထဲမှာ ရိုဟင်ဂျာဒုက္ခသည်တယောက် COVID-19 ရောဂါကူးစက် နေ တယ်လို့ အတည်ပြုခဲ့ပြီးနောက် ကပ်ရောဂါ တုံ့ပြန်ရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်ပါတယ်။

Tuesday, May 12, 2020

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
12 မေ၊ 2020

Wednesday, February 26, 2020

ကုလလူ့အခွင့်အရေးကောင်စီမှာ ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြော

VOA
 ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 ဖေဖော်ဝါရီ၊ 2020 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ မှာ မိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)
မြန်မာ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ် အရေး ယူဖို့ စိတ်ဆန္ဒရှိသလိုပဲ၊ အရေးယူနိုင်စွမ်းလည်း ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသ မဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။

Monday, December 30, 2019

မြန်မာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်း လျာထား

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဒီဇင်္ဘာ၂၀၁၉
မြန်မာအတွက် နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်းသုံးဖို့ ခွဲဝေလျာထား

မြန်မာနဲ့ ဆီရီးယားက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ကုလသမဂ္ဂရဲ့ စုံစမ်းရေး လုပ်ငန်း စဉ်တွေမှာ သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် ဘတ်ဂျတ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီဇင်ဘာ ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံ

DVB
30 December 2019

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ကို မကြာ မီကပဲ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်း ရင်းသား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီး ထိန်းသိမ်းထား စဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ပါဝင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါ အ ဝင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှု တွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ညီလာခံက တိုက်တွန်းလိုက်ပါတယ်။

Sunday, December 29, 2019

မြန်မာလူ့အခွင့်အရေး ချိုးဖောက်မှု ကုလရှုတ်ချ

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်္ဘာလ၊ 2019
ကိုအောင်လွင်ဦး

ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့်မြင်ကွင်း။ (ဓာတ်ပုံ - UN)
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေအ ပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂက ချမှတ်လိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့တုန်းက မဲခွဲခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ မြန်မာနိုင်ငံဘက်က ပယ်ချခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ ကုလအဆိုကို မြန်မာအစိုးရ အပြင်းအထန် ကန့်ကွက်

B B C
ဘီဘီစီ မြန်မာပိုင်း
2019-12-29
  ရိုဟင်ဂျာတွေဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတယ်လို့ ကုလက ပြောပါတယ်။

 ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို မြန်မာအစိုးရကိုယ်စားလှယ်က အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

Saturday, December 28, 2019

မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-28
ကုလသမဂ္ဂအထွေထွေညီလာခံကို ၂၀၁၉၊ ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပစဉ်
Photo: REUTERS


မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြား လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေ အပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆုံးဖြတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-28

■ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေ အပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

Saturday, August 10, 2019

FFM ထုတ်ပြန်ချက်ကိုကန့်ကွက်ကြောင်း ဆန္ဒပြ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-10
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းနဲ့ FFM အဖွ့ဲကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ၂၀၁၉၊ သြဂုတ် ၁၀ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ် ဓါတ်ပုံ - ကျော်လွင်ဦး/ RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက် ကြောင်းနဲ့ FFM အဖွ့ဲကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့ အမျိုးသားရေး လှုပ်ရှားသူ တစ်ရာကျော် ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

Monday, August 5, 2019

မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာ မှာ သတင်းစာရှင်းမည်

၂၀၁၈ စက်တင်ဘာ တုန်းက မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ Geneva တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီး ပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။

Tuesday, July 2, 2019

မြန်မာအပေါ်ထိရောက်စွာ အရေးယူဖို့ Yanghee Lee တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
မသိင်္ဂီထိုက်
 Yanghee Lee

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ် သက်လို့ အားရကျေနပ်မှု ရှိသလို အားမရစရာတွေလည်း ရှိတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ကုလသ မဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေ ပြင်ပ သီးခြား ဆွေး နေးပွဲ တခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်တာပါ။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တုံပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

Thursday, June 27, 2019

ကုလလူ့အခွင့်ရေးကောင်စီမှာ ရခိုင်အရေး မြန်မာတင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဇွန်၊ 2019
မသိင်္ဂီထိုက်
ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ကိုယ်လိုချင်တာကိုဘဲ ပြင်ပ ကမ္ဘာ အနေနဲ့ ရွေးချယ်ပြီးထောက် ပြ ပြောဆိုလို့ ရပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက် ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အတွင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေကို အလေးထား ပြောဆိုသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

Thursday, June 20, 2019

ကုလအတွင်းရေးမှူးချုပ် နှုတ်ထွက်ပေးဖို့ ရိုဟင်ဂျာ အဖွဲ့တွေ တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-20

ကော့ဇ်ဘဇားဒေသ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ ဇွန်လ ၁၆ ရက်နေ့ကတွေ့ရစဉ် AFP Photo
                                         
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ကိုင်တွယ်ဆောင်ရွက်ချက်တွေ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့အခြေ အနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အပါအဝင် ထိပ်တန်း အရာ ရှိကြီးတွေ ရာထူးကနေ နှုတ်ထွက်ဖို့နဲ့ အာဆီယံအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးနဲ့ သုံးသပ်ရေးအဖွဲ့ ERAT ရဲ့ အစီရင်ခံစာက မြန်မာအစိုးရရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးရာ ရောက်တဲ့အတွက် ပယ်ဖျက်ပေးဖို့ ရိုဟင်ဂျာအဖွဲ့အ စည်း တွေက တောင်းဆိုလိုက်ပါတယ်။

Tuesday, June 18, 2019

ရိုဟင်ဂျာဒုက္ခသည်အရေး ကုလသမဂ္ဂအားနည်းချက် ရှိခဲ့ကြောင်း အတွင်းရေးမှူးချုပ်လက်ခံ

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-06-18
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres,Photo: OLGA MALTSEVA / AFP

မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့တွေရဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် မွတ်စလင်များအရေး ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ အ တွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လက်ခံလိုက်ပါတယ်။ ဒီအစီအရင်ခံစာပါ အကြံပြုချက်တွေ ကို အကောင်ထည်ဖော်ခြင်း ရှိ မရှိ ဆက်ပြီးစောင့်ကြည့်သွားမယ်လို့လည်း သူကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေး ကုလအဖွဲ့တွေ အားနည်း ချက်ရှိခဲ့ကြောင်း အတွင်းရေးမှူးချုပ် လက်ခံ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-18
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို တွေ့ရစဉ်
Photo: OLGA MALTSEVA / AFP

မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့တွေရဲ့ ချို့ယွင်းအားနည်းချက်တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် မွတ်စလင်များအရေး ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်း အစီရင်ခံစာကို ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က လက်ခံလိုက်ပါတယ်။ ဒီအစီအရင်ခံစာပါ အကြံပြုချက်တွေ ကို အကောင်ထည်ဖော်ခြင်း ရှိ မရှိ ဆက်ပြီးစောင့်ကြည့်သွားမယ်လို့လည်း သူကပြောပါတယ်။

ကုလမှာ တိကျတဲ့ မူမရှိလို့ ရခိုင်အရေး ထိရောက် အောင် မကူညီနိုင်ခဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
18 ဇွန် 2019

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ လုပ်ပုံကိုင်ပုံ နည်းနာတွေ မှားယွင်းခဲ့တယ်၊ ဖွဲ့စည်း မှု စနစ် ယန္တရားအရကို အပြစ် အနာအဆာတွေ ရှိနေတယ်လို့ ဝေဖန်ထားတဲ့ အစီရင်ခံစာ တစ်စောင်ဇွန်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထွက်လာပါတယ်။

ဒီ အစီရင်ခံစာကို ကုလသမဂ္ဂရဲ့ ထိပ်တန်း တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတဲ့ ဂွာတီမာလာ ဝါရင့် သံတမန် ဂတ်(ထ) ရိုဇင်ထဲလ် Gert Rosenthal က ရေးသားတာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */