" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 22, 2020

ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာပယ်ချ၊ အချုပ်အခြာအာဏာကို ဝင်မစွက်ရန် မြန်မာကိုယ်စားလှယ် ပြော

DVB
22 June 2020
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းတဲ့ ဆုံးဖြတ်ချက် အဆို မူကြမ်း ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၄၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေးမှာ အီးယူကိုယ်စား ခရိုအေးရှား အမြဲတမ်းကိုယ်စားလှယ် Ms. Vesna Batistic Kos က ဆုံးဖြတ်ချက်မူ ကြမ်း တင်သွင်းခဲ့တာပါ။

ဒီဆုံးဖြတ်ချက်အဆိုမူကြမ်းကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တွေ မဲခွဲဆုံးဖြတ်ကြရာမှာ ကန့်ကွက်မဲ ၂မဲ၊ ကြားနေမဲ ၈ မဲ၊ ထောက်ခံမဲ ၃၇ မဲနဲ့ အဆိုကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။

ဗြိတိန်၊ ဩစတြေးလျနဲ့ အီးယူနိုင်ငံတွေက ထောက်ခံမဲပေးကြပြီး၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတို့က မြန်မာ နိုင်ငံဘက်မှ ရပ်တည် ကန့်ကွက်မဲ ပေးခဲ့ကြကာ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံ၊ အိန္ဒိ ယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ ဆီနီဂေါ တို့က ကြားနေမဲပေးခဲ့ကြပါတယ်။

အဆိုပါဆုံးဖြတ်ချက်ကို မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့ လက်မခံဘဲ ပယ်ချတဲ့ အ ကြောင်း ကန့်ကွက် ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

လူ့အခွင့် အရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အပြုသဘောဆောင်ရေး၊ ထိပ်တိုက် မတွေ့ဆုံရေး၊ နိုင်ငံရေး သွတ်သွင်းမှုမရှိရေး၊ ဘက်လိုက်မှုမရှိရေး၊ တရားမျှတစွာ ဆွေးနွေးရေးနဲ့ တရားမျှတပြီး တန်း တူညီမျှရှိရေးတို့အပေါ် အခြေခံရမည်ဖြစ် ကြောင်း၊ နိုင်ငံတစ်နိုင်ငံ အပေါ် ဦးတည်သတ်မှတ်တဲ့ လုပ်ပိုင်ခွင့် အာဏာဟာ မြေပြင်အခြေအနေ တိုးတက်ကောင်းမွန် လာရေးကို အားပေးရာ မရောက်ဘဲ ပိုမိုဆိုးရွားစေ မယ်လို့ မြန်မာကိုယ် စားလှယ်က ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း၊ ရခိုင် ပြည် နယ်အရေး ကိစ္စဟာ မြန်မာနိုင်ငံ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုများစွာအနက် တစ်ခု မျှသာဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာအရ ပြစ်မှုကျူးလွန်သူတွေကို အရေး ယူရေး ပြည် တွင်း တရားစီရင်ရေးယန္တရားနဲ့ ဆောင်ရွက်နေပြီး မြန်မာပြည်တွင်း တာဝန်ခံမှု တာဝန်ယူမှု လုပ် ငန်းစဉ် ဆောင် ရွက်နေမှုကိုလည်း အသိအမှတ် ပြုရမယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဆုံးဖြတ်ချက်အဆိုမူကြမ်းဟာ လက်တွေ့အမှန်တရားကို လုံးဝထင်ဟပ်မှုမရှိ ကြောင်း၊ မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ကြုံတွေ့ နေရပြီး၊ နိုင်ငံတဝန်း ရေရှည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပြီး စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ကဏ္ဍများစွာ အောင်မြင်မှုများရရှိနေပြီ လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံပေါ်တွင် အဟန့်အတားတွေ ပြုလုပ်မယ့်အစား လက်ကမ်း ကူညီမှု ပြုလုပ်သင့်ကြောင်း၊ အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနည်းတူး ကိုဗစ်-၁၉ တစ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါရဲ့ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနေရတယ်လို့ ပြောပါ တယ်။

အီးယူရဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာတော့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတိုင်းရင်းသားအားလုံးကို နိုင်ငံ သားဖြစ်ခွင့် အပြည့်အဝပေးဖို့နဲ့ မဲပေးခွင့်ပေးဖို့၊ ရိုဟင်ဂျာတွေနဲ့ တခြား လူနည်းစုတွေကို ၂၀၂၀ရွေးကောက် ပွဲမှာ လွတ်လပ်မျှတစွာပါဝင်ခွင့်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ရိုဟင်ဂျာလို့ သုံးစွဲထားပေမဲ့ မြန်မာအစိုးရကတော့ ဒီအသုံးအနှုန်းကို တ ရားဝင်သုံးစွဲခြင်း မရှိပါဘူး။

ဓာတ်ပုံ- MOFA

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */