" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 2, 2019

ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တုံပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်တဲ့ ကုလ အထူးကိုယ်စားလှယ် Christine Schraner-Burgener ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံတင်ပြ ဆွေးနွေးပွဲမှာ မြန်မာသံအ မတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။ ကုလ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်နဲ့ ပတ်သက်လို့ သံအမတ်ကြီးရဲ့ အမြင်ကို မအင်ကြင်းနိုင်က စတင်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ကျနော်ကတော့ ဒီလောက်ပဲမှန်းပါတယ်။ သူပြောတာ တော်တော် လေး မျှမျှတတရှိပါတယ်။ အားနည်းချက်တွေလည်းပြောသလို ကျနော်တို့ လုပ်နေတာတွေကိုလည်း အသိ အ မှတ် ပြုတာလည်း အများကြီးပဲလေ။ နောက်သူက အဓိက မီးမှောင်းထိုးပြတာက ကျနော်တို့ အခက်အခဲတွေအများကြီးရှိတယ် အဲဒါ သဘောပေါက်ဖို့လိုတယ်။ အဲဒီအခက်အခဲတွေကို ကြားထဲကနေ အစိုးရကနေ ပြီးတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်ဆိုတာ ဒါကိုတော့ သူပြောသွားတယ်။ တဖက်ကလည်း အားနည်းချက်ဆိုတာကတော့ ကျနော်တို့ ဆက်ပြီးတော့ လုပ်ဆောင်ရမယ့်ဟာတွေ အများကြီးရှိတယ် ဒါ တွကိုလည်း သူပြောတာပေါ့လေ။ ဆိုတော့ အဓိကအားဖြင့် ပြောမယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ နိုင်ငံတ ကာအသိုင်းအဝိုင်းကနေပြီးတော့အပြုသဘောပဲ ဝိုင်းဝန်း ကူညီပြီးတော့ ပြဿနာဖြေရှင်းဖို့ဆိုတာကို အဓိ က ဦးတည်ချက်ထားပါတယ်။ ပြီးခဲ့တဲ့ ၄ ကြိမ်မြောက် ပူးတွဲလုပ်ငန်းဖွဲ့အစည်းအဝေးလည်းလုပ်ပြီးပြီ။ အဲဒီမှာ သူတို့ဘက်က ကမ်းလှမ်းတာ တခုရှိတယ် ဘာလဲဆိုတော့ သူတို့အနေနဲ့ ကျနော်တို့ ဘက်ကို လာပြီးတော့ ဒုက္ခသည်စခန်းမှာ လာပြီး ကွင်းဆင်းကြပါ။ ဘာတွေစီစဉ်ထားတယ်၊ ဘာတွေလုပ်ထားတယ် သိသင့်သိ ထိုက်တာတွေကို လာပြောပြပါ။ ဆိုတော့ ကျနော်တို့ဘက်ကလည်း အဲလိုဟာလည်းလုပ်ဖို့ဆိုပြီးတော့ ကျေ နာ်စဉ်းစားထားတာရှိတယ်ပေါ့ဗျာ။ ကျနော်တို့ Joint Working Group ကလည်း ရှိတဲ့အခါကျတော့ အဲဒီကေ နပြီးတော့ ဦးဆောင်ပြီးတော့ လုပ်ဖို့တော့ ရှိတာပေါ့။ အတိအကျကတော့ ရက်တွေဘာတွေ မသိရသော် လည်း ဇူလိုင်လထဲလောက်တော့ လွှတ်ဖို့အတွက် ကျနော်တို့ စိတ်ကူးရှိတယ်။ ဒါတွေ စီစဉ်နေတယ် သေ ဘာကတော့ ကျနော်တို့ကတော့ ကိုယ့်ဘက်က လုပ်စရာရှိတာကို ကျနော်တို့ လုပ်မယ် ဆိုတဲ့သဘောပေါ့ သူတို့ကို ရှင်းပြပြီးတော့ ကျနော်တို့ ဘာတွေပြင်ဆင်ထားတာရှိတယ်၊ ဘာတွေလုပ်ထားတာရှိတယ် ဆိုတာလည်း ပြောပြလို့ရတာပေါ့ အဲဒီသဘောပါပဲ။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ UN ဘက်က ထောက်ပြထားတဲ့အထဲမှာ ဒုက္ခသည်တွေ ပြန်လာရေး မြန်မာ ဘက် မှာ မူတည်နေတဲ့အချက်က ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချရတဲ့နေရာ မရှိသေးဘူးဆိုပြီးတော့ ထောက်ပြနေတာကနေ အခု AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ပါ တိုက်ပွဲတွေပြင်းထန်နေတဲ့အပေါ်မှာ သူ တို့ပြန် လာမယ့်အလားအလာ ပိုပြီးတော့ ဆိုးသွားတယ်ဆိုတဲ့အခြေအနေမှာရော သံအမတ်ကြီး ဘယ် လို မြင်ပါသလဲ။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ဒါကတော့ သူတို့ကတော့ အကြောင်းတခုပြီးတခု ရှာနေ တာ ပေါ့နော်။ ဟိုတုန်းက AA နဲ့ မဖြစ်ခင်ကတည်းက အကြောင်းပြနေတာပေါ့နော်။ အဆင်သင့်မဖြစ်ဘူး ဆို ပြီးတော့။ အခုကတော့ AA နဲ့ ဖြစ်တဲ့ကိစ္စပေါ်လာတော့ ပြစရာနောက်တခု တိုးလာတာပေါ့နော်။ အမှန်ကေ တော့ အကြောင်းအမျိုးမျိုးပြနေတာပေါ့နော်။ အဲဒီတော့ ဒီဟာကို ထွေထွေထူးထူးမပြောချင်ဘူး။ AA နဲ့ ဖြစ်တာကလည်း ဇန်နဝါရီထဲမှာ ဖြစ်တဲ့ကိစ္စ အဲဒီမတိုင်ခင် ကျနော်တို့က ၂၀၁၈ တခုလုံးမှာ ဖွင့်ထားတာ ပဲလေ။ သူတို့မလာတာကတော့ တပိုင်းပေါ့နော်။ ခုနပြောသလို AA နဲ့ ဖြစ်တဲ့ကိစ္စ တိုက်ပွဲတွေဖြစ်တဲ့ ကိစ္စ ကလည်း ဒါက ကျနော်တို့ ဘယ်လိုမှ မတတ်နိုင်တဲ့ကိစ္စ ဖြစ်နေတဲ့ ကိစ္စ ဒါကိုလည်း သူတို့ ဘာမှ မပြောလို့ မရဘူးလေ။ မင်းတို့တိုက်ပွဲရပ်ဆိုပြီးတော့ Resolution လည်းချလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါက ကျနော်တို့ ညှိနှိုင်းပြီးတော့ ကိုယ့်အချင်းချင်းဆောင်ရွက်ရမယ့်ကိစ္စပါ။

မအင်ကြင်းနိုင်။ ။ ဘင်္ဂလားဒေ့ရှ်အစိုးရက အခု တရုတ်ကို ချဉ်းကပ်နေတဲ့ ကိစ္စပေါ့နော်။ မြန်မာကို pressure ပေးဖို့ ဒုက္ခသည်တွေပြန်ခေါ်ရေးကိစ္စမှာ အခုဆိုရင် Sheikh Hasina က တရုတ်ကိုသွားပြီပေါ့လေ ၄ ရက်ခရီး စဉ်။ ဒီအပေါ်မှာ သံအမတ်ကြီးဘယ်လိုမြင်ပါသလဲ။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ ရှင်းရှင်းပြောရရင် ကျနော်တို့ ၂ နိုင်ငံတွေ့ဆုံပြီးတော့ သဘော တူ ညီထားတဲ့ ဒုက္ခသည်ကိစ္စကို ဖြေရှင်းဖို့ ၂ နိုင်ငံ ဆောင်ရွက်ရမယ်ဆိုတာ သဘောတူညီထားချက်လည်း ရှိ ပြီးပြီ။ လက်မှတ်လည်း ထိုးထားပြီးပြီ။ ကျနော်တို့လုပ်စရာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်း အလုပ်လုပ် ထား ပြီးပြီ။ ဒါကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့က ကျနော်တို့ ၂ နိုင်ငံအပေါ်မှာ တာဝန်ရှိတယ်။ အဲဒါကို သူတို့က မဟုတ်ဘူး ကျနော်တို့အပေါ် အကုန်လုံး အပြစ်ပုံချပြီးတော့ မြန်မာမှာတာဝန် ရှိတယ်ဆို တာကို ဒါကိုဖြစ်အောင် သူတို့ဘက်က လုပ်ရမယ့်တာဝန်တွေကို သူတို့မလုပ်ဘူး။ မလုပ်ပဲနဲ့ လက်ညှိး ထိုးပြီး တာ့ ကမ္ဘာပတ်ပြီးတော့မှ ပြောနေတဲ့အပြင် မြန်မာနဲ့ ၂ နိုင်ငံ သဘောတူချုပ်ဆိုထားတာတွေက အလုပ်မဖြစ် ဘူး အဲဒီတော့ UNဝင်ရမယ်၊ လုံခြုံရေးကောင်စီ ဝင်ရမယ်၊ ICC ဝင်ရမယ် ICJ ဝင်ရမယ်ဆိုတဲ့ အချိုးနဲ့တော့ ကျနော်တို့ မလုပ်စေချင်ဘူးလေ။

မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်းခဲ့တာပါ။


Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */