" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 27, 2019

ကုလလူ့အခွင့်ရေးကောင်စီမှာ ရခိုင်အရေး မြန်မာတင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဇွန်၊ 2019
မသိင်္ဂီထိုက်
ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ကိုယ်လိုချင်တာကိုဘဲ ပြင်ပ ကမ္ဘာ အနေနဲ့ ရွေးချယ်ပြီးထောက် ပြ ပြောဆိုလို့ ရပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက် ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အတွင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေကို အလေးထား ပြောဆိုသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို အခြေခံပြီး နိုင်ငံရဲ့ ဒီမိုကရေစီ စနစ် အတွက် ပိုင်းဖြတ် ကြိုးပမ်းနေပါတယ်။ မြန်မာပြည်သူတွေ လိုလားပြီး ထိုက်တန်တဲ့ အလုံးစုံ ဖွံ့ဖြိုးတိုး တက်ရေးကို မြှင့်တင်ပေးနိုင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေး မြှင့်တင်ဆောင်ရွက်မှုတွေကို အစိုးရက အ ပြည့်အ၀ ဆောင်ရွက်နေပါတယ်။ ဒီတိုးတက်မှုတွေက မြန်မာ့ ဒီမိုကရေစီ အသွင်းကူုးပြောင်း ရေးမှာ အံ့သြမှင် သက်ဖွယ် ဖြစ်လာမယ်လို့ ဂျီနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ တပ်မတော်ကြား တိုက်ပွဲတွေ ကြောင့် အရပ်သားတွေ သေကြေ၊ ဒဏ်ရာရမှု၊ နောက် သံသယနဲ့ ဖမ်းဆီးခံရမှုတွေ၊ စစ်ရှောင် ထွက်ပြေးကြ ရ သူတွေ ဌာနေမပြန်နိုင် ဖြစ်နေတဲ့ အခြေအနေတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာဘက် က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်နီးပါးက ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် သိန်းချီပြီး ဘင်္ဂ လားဒေရှ့်ဘက် ထွက်ပြေးရသူတွေ နေရပ်ရင်း မပြန်နိုင်သေးသလို၊ ကချင်နဲ့ ရှမ်းပြည်နယ်တွင်းမှာလည်း စစ်ရှောင် ဒုက္ခသည်တွေ ရှိနေဆဲ အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မြန်မာကို တစိုက်မတ်မတ် ဖိအားပေး နတာပါ။ အင်္ဂါနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန် အစည်းအဝေးတွင်းမှာတော့ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အပြောင်းအလဲ လုပ်နေချိန်မှာ နေထိုင်နေကြတဲ့ ကျနော်တို့ကတော့ အပြင်က စောင့်ကြည့်သူတွေနဲ့ ကိစ္စရပ်တွေ အပေါ် ရှုမြင်ချက် မတူပါဘူး။ အပြင် ကမ္ဘာအနေနဲ့ ကိုယ်လိုချင်တဲ့အကြောင်း အရာကိုဘဲ ရွေးနိုင်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်အောင် ချဉ်းကပ်ပါ တယ်။ ရခိုင် ပြည် နယ်တွင်းက ပြသနာတွေဟာ အမျိုးစုံနေပြီး ဘက်ပေါင်းစုံကနေ တပြိုင်တည်း ဖြေရှင်းဖို့ လိုအပ်ပါတယ်။ အဲဒီထဲမှာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးလည်း ပါပါတယ်။ လူ့အခွင့်အရေး အတွက် ကာလရှည် ရုန်းကန် လှုပ်ရှားခဲ့ကြတဲ့ ကျနော်တို့ ခေါင်းဆောင်ပိုင်း အနေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုမျိုးကို လက်သင့်မခံပါဘူး။”

ဆက်လက်ပြီး ဖြေရှင်းဆောင်ရွက်သွားရမယ့် အခက်အခဲတွေ ရှိတယ်ဆိုတာကို မြန်မာဘက်က အပြည့်အ၀နား လည်ကြောင်း၊ မြန်မာ အပေါ်မှာ ဖိအားပေးတာတွေ၊ အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေကတော့ အခြေအနေ ပြေ လည်ရေး အတွက် အထောက်အကူ မဖြစ်ဘူးလို့လည်း ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲ တမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောဆိုပါတယ်။

“လူ့အခွင့်အရေး မြှင့်တင် မှုတွေ တဖက်မှာ ဆောင်ရွက်နေတာနဲ့ အတူ မြန်မာ၊ တရုတ် အပါအဝင် နိုင်ငံ အ တော်များများ ရင်ဆိုင်နေရတဲ့ အကြမ်းဖက် ဝါဒနဲ့ အစွန်းရောက်မှု တွေကိုလည်း လစ်လျူရှုထားလို့ မရနိုင် ပါဘူး။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ အစွန်းရောက်မှုကို အမြစ်ဖြုတ် ရှင်းလင်းနိုင်ရေး ဆက်ပြီး လုပ် ဆောင် သွားမှာပါ။ ဥက္ကဌကြီး ခင်ဗျား နိဂုံးချုပ်ရမယ်ဆိုရင်တော့ မြန်မာအနေနဲ့ကတော့ နိုင်ငံတွင်း ပြသနာ တွေ ဖြေရှင်းရေး ကြိုးပမ်းမှုတွေ လျင်လျင်မြန်မြန် ဆောင်ရွက်ဖို့ ၊ နိုင်ငံတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ခိုင်မာအားကောင်းလာရေးတို့ အတွက် မိတ်ဆွေတွေ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ ဘက်ကနေ အပြု သဘောနဲ့ ပံ့ပိုး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်။”

တနလာၤနေ့က စတင်လိုက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန် အစည်းအဝေး အတွင်းမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံတွင်း ရခိုင်အရေး ကိစ္စကို အလေးထားပြီး ကောင်စီမှာ တင်ပြခဲ့တာပါ။

“ရခိုင်နဲ့ ချင်းပြည်နယ်တွင်း လူသားချင်း စာနာထောက်ကူမှုနဲ့ မီဒီယာတွေ ကန့်သတ်ခံထားရတာကြောင့်သတင်း အချက်အလက်တွေ ရရှိရေးမှာ အကန့်အသတ် ရှိနေပါတယ်။ ဒါပေမယ့် အခု ဖြစ်နေတဲ့ တိုက်ပွဲတွေ အတွင်း စစ် တပ်ဘက်ကနေ လက်နက်ကြီးတွေ၊ လေကြောင်းက တိုက်ခိုက်မှုတွေနဲ့ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေပါတယ်။ နောက် ဘက်အားလုံးမှာ သေဆုံးမှုတွေနဲ့ အရပ်သားတွေ အပေါ် အကြီး အကျယ် ထိခိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။ စွပ်စွဲ ပြောဆိုချက်တွေ အရဆိုရင်တော့ အခု တိုက်ပွဲ ပဋိပက္ခတွေက ရိုဟင်ဂျာတွေ ထပ်ပြီး ထွက်ပြေးသွားစေဖို့ သူတို့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက် တခု အဖြစ် သုံးလာမယ့်အရေးကိုလည်း စိုးရိမ်ပါတယ်။ အခုဆိုရင် ရခိုင်၊ ရိုဟင်ဂျာ၊ မြို၊ ဒိုင်းနက် နဲ့ ခမီ အရပ်သား ၃၅၀၀၀ လောက် တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရပါတယ်။ အစိုးရဘက်က လူသားချင်း စာနာကူညီ မှုတွေ ဆိုင်းငံ့လိုက်တာကြောင့် အနည်းဆုံး လူပေါင်း ၉၅၀၀၀ အတွက် အသက်ကယ် ကူညီရေး အ ထောက်အပံ့တွေကို ဖြတ်တောက်သလိုလည်း ဖြစ်သွားစေပါတယ်။”

ရခိုင်မြောက်ပိုင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေ ဆက်ပြီး ဖိနှိပ်ခံနေရတဲ့ အထောက်အထားတွေရှိကြောင်း၊ ဒုက္ခ သည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒအလျောက် ဌာနေပြန်နိုင်မယ့် အခင်း အကျင်းမျိုး ဖော်ဆောင်မှုကလည်း မရှိသလောက် ဖြစ်နေတယ်လို့လည်း ထောက်ပြသွားတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သုံးစွဲနေတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်ကတော့ လက်သင့်မခံပါဘူး။ 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */