" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 2, 2019

မြန်မာအပေါ်ထိရောက်စွာ အရေးယူဖို့ Yanghee Lee တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
မသိင်္ဂီထိုက်
 Yanghee Lee

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်ချက်တွေနဲ့ ပတ် သက်လို့ အားရကျေနပ်မှု ရှိသလို အားမရစရာတွေလည်း ရှိတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ကုလသ မဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွေ ပြင်ပ သီးခြား ဆွေး နေးပွဲ တခုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုလိုက်တာပါ။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ ပြင်ပ မှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး Physicians for Human Rights အဖွဲ့က တနလာၤနေ့မှာ သီးသန့် ဆွေးနွေးပွဲ ကျင်ပပါတယ်။ မြန်မာနိုင်ငံတွင်း လူနည်းစုတွေ အပေါ် နိုင်ငံက ထောက်ပံ့ပေးထားတဲ့ အကြမ်း ဖက်မှု အမွေဆိုး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အ ခွင့်အရေး အထူးကိုယ် စားလှယ် မစ္စ ယန်ဟီးလီလည်း တက်ရောက်ခဲ့ပါတယ်။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက် ပြီး နိုင်ငံတကာရဲ့ ဆောင် ရွက်ချက်တွေကို သူက အခုလို ထောက်ပြ ပြောဆိုပါတယ်။

"အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC က ရိုဟင်ဂျာ အရေးကို ICJ နိုင်ငံတကာ တရားခုံရုံးကို လွှဲပြောင်း နိုင်ရေး အခု လုပ်ဆောင်နေတဲ့ အပေါ်မှာတော့ အားရကျေနပ်မိပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံကို ICC နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး တင်မယ့် အလားအလာကတော့ မသေ ချာပါဘူး။ ဒါက တော့ အားရစရာ မရှိပါဘူး။ ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာတွေ အတင်းအဓမ္မ မောင်း ထုတ်ခံရတဲ့ ကိစ္စကို ICC - နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးဘက်က ဘာတွေ လုပ်နိုင်မလဲ ဆိုတာကို အသေ အချာ ဆောင်ရွက်နေတဲ့ အ ပေါ်မှာတော့ အားရကျေနပ်စရာပါ။"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မူဆလင် အများစု နေထိုင်ရာ ဒေသတွေမှာ အကြမ်းဖက် မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ ဒီလူတွေ ဌာနေ ပြန်ရေး လုပ်ငန်းစဉ်ကလည်း အခုအချိန်ထိ အကောင်အထည် မပေါ်သေးပါဘူး။ ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက် ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူနိုင်ရေးကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက အခုလို တိုက်တွန်းပါတယ်။

"သက်သေအထောက်အထားတွေ စုဆောင်းမှုကို ကျမတို့ဘက်က ဆောင်ရွက်ပြီးပါပြီ။ ­သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တယား Independence Investigative Mechanism – IIM မြန်မြန်ဆန်ဆန် ဖြစ်လာဖို့ တိုက် တွန်း ထောက်ပံ့ပေးစေလိုပါတယ်။ ကျမတို့မှာ ရံပုံငွေ အများကြီး ရထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ စနစ်က အရမ်း နှေးကွေးပါတယ်။ စုံစမ်းရေး ယန္တရားက မလည်ပတ်နိုင်သေးပါဘူး။ ကျမတို့ ဘက်ကတော့ တာဝန်ရှိသူတွေကို တရားဥပဒေ အရ အပြစ်ပေးနိုင်ဖို့၊ အမှုဖွင့်နိုင်ဖို့ ဆောင်ရွက်စရာ အားလုံး ပြီးစီးသွားပါပြီ။ ကျမ အနေနဲ့ကတော့ တခြား တိုးတက်မှု တခုကိုလည်း တွေ့ချင်ပါတယ်။ အဲဒါကတော့ လူ မျိုး တုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတို့ အတွက် လုံခြုံရေး ကောင်စီဘက်က နိုင်ငံတကာ ခုံရုံးတခု ဖွဲ့စည်းဖို့ပါ။ ကျမဘက်က အခုနောက်ဆုံး ကြိုးစားနေ တာကတော့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ငန်းစဉ် Transitional Justice ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်သူ အားလုံး အတွက် အ ရေးယူဆောင်ရွက် စရာ တချို့လည်း ရှိပါသေးတယ်။"

ဆွစ်ဇာလန်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံ အတွင်း မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြစ် ဒဏ်ကင်းလွတ်သက်သာခွင့်နဲ့ စီးပွားရေးကို စစ်တပ်ပုံစံသွင်းခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ မြန်မာ့ အရေး တနလာၤနေ့က သီးသန့် ဆွေးနွေးပွဲမှာလည်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ် စားလှယ် မစ္စ ယန်ဟီးလီ ဆွေးနွေးခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက လူမျိုးတုံးသွားစေဖို့ထိ ရည်ရွယ်ဆောင်ရွက်ခဲ့ကြတယ် လို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က ပြောဆိုထားပြီး မြန်မာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တာ ဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အရေးယူဖို့လည်း တိုက်တွန်းနေတာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ ဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် လက်သင့်မခံပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် ယန်းဟီးလီကို ပြည်ဝင်ခွင့် ပိတ်ထားသလို ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ အချက်အ လက်ရှာ အဖွဲ့ဟာလည်း တဖက်စောင်းနင်း ဘက်လိုက်တယ်ဆိုပြီး အသိအမှတ် မပြုပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */