" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 15, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ COVID-19 ကာကွယ် ရေး တိုးလုပ်နေပြီလို့ ကုလသမဂ္ဂပြော

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 မေ၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ ဈေးတခုမှာ စုဝေးနေတဲ့ မြင်ကွင်း (မေ ၁၅၊ ၂၀၂၀)

  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတစ်ခုထဲမှာ ရိုဟင်ဂျာဒုက္ခသည်တယောက် COVID-19 ရောဂါကူးစက် နေ တယ်လို့ အတည်ပြုခဲ့ပြီးနောက် ကပ်ရောဂါ တုံ့ပြန်ရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်ပါတယ်။


UNHCR ပြောခွင့်ရ Andrej Mahecic
"ကုတုပလောင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် တစ်ယောက် COVID-19 ရောဂါကူးစက်နေတယ်လို့ အတည်ပြု ကြောင်း ဘင်္ဂလားဒေရှ့်အစိုးရက ပြောကြားတယ်။" လို့ UNHCR ပြောခွင့်ရ Andrej Mahecic ကပြောသွားတာပါ။ ဒါကြောင့် တုံ့ပြန်ဆောင်ရွက်မှုတွေ စတင်နေပြီလို့ သူကပြောပါတယ်။

"ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ COVID-19 ကပ်ရောဂါတုံ့ပြန်နိုင်ရေးအတွက် UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မတ်လထဲကစလို့ ဘင်္ဂလားဒေရှ့်အစိုးရနဲ့အတူ ကူညီပြင်ဆင်ထားပါတယ်။ အခု ကူးစက်သူ တစ်ယောက်ကို အတည်ပြုခဲ့ပြီးနောက် တုံ့ပြန်ရေးလုပ်ငန်းတွေ အားလုံးကို စတင်လိုက်ပြီဖြစ်ပါတယ်။" လို့ UNHCR ပြောခွင့်ရက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြော သွားတာပါ။

လူဦးရေထူထပ်ပြီး ရေနဲ့ မိလ္လာ စနစ်ကောင်းကောင်းမရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ ရောဂါကူးစက်မှုထိန်း ချုပ် နိုင်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရမယ်လို့လည်း သူကပြောပါတယ်။

ဂျီနီဗာမြို့ရုံးချုပ်မှာ ဒီကနေ့ပြုလုပ်တဲ့ နှစ်ပတ်တကြိမ်အစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့အစည်းတော်တော် များများ က ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ COVID-19 ရောဂါတုံ့ပြန်ရေး ဆောင်ရွက်မှုတွေကို ပြောသွား ကြပါတယ်။ ကုလသမဂ္ဂကလေးငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (UNICEF) ကလည်း လူနာကုတင် တွေ ပြင်ဆင်ထားတယ်လို့ ပြောခွင့်ရ Marixie Mercado ကပြောပါတယ်။

"အသက်ရှုလမ်းကြောင်းထိခိုက်သူတွေကို သီးခြားခွဲ ကုသမယ့် ကုတင် ၂၁၀ ဆံ့စင်တာကို UNICEF က စခန်းထဲမှာ ပြင်ဆင်နေပါတယ်။ ပထမ ကုတင်အလုံး ၉၀ ကို မေလ ၂၂ ရက်နေ့မှာ စတင်သုံးနိုင်မှာဖြစ်ပြီး ကျန်တဲ့ကုတင်တွေကတော့ မေလ ၃၀ ရက်နေ့ မတိုင်ခင် အသင့်ဖြစ်ပါမယ်။" လို့ UNICEF ပြောခွင့်ရကပြောပါတယ်။

တချိန်ထဲမှာပဲ ဝမ်းလေ ျှာ ဝမ်းပျက်လူနာတွေကို ကုသပေးနေတဲ့ဆေးခန်းမှာ သီးခြားခွဲစောင့်ကြည့်သူတွေ ကို ထားဖို့ ကုတင် ၃၀ ကို ပြင်ဆင်နေတာ နက်ဖြန် မေလ ၁၆ ရက်ဆို အသင့်ဖြစ်ပြီလို့ ဆိုပါတယ်။


SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ COVID-19 ပညာပေး ပိုလုပ် ပေးဖို့လိုလားနေ

ဒါ့အပြင် UNICEF နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ရိုဟင်ဂျာ ဒုက္ခသည် ၂၄၀,၀၀၀ အတွက် ရေနဲ့ ဆပ်ပြာ တွေ ပေးနေပါတယ်။ မတ်လထဲကစလို ဒုက္ခသည်စခန်းထဲမှာရော စခန်းပြင်က လူမှုအသိုင်းအဝိုင်းတွေ အ တွက်ပါ လက်ဆေးနိုင်မယ့် နေရာ ၄,၂၀၀ ကျော်ကို လုပ်ထားပေး တယ်လို့ UNICEF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကုတုပလောင်က ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀,၀၀၀ ခွဲလောက်ရှိနေတဲ့အတွက် သူတို့ကြား ရောဂါ ပျံံနှံ့မှု တားဆီးထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ လိုလာလိမ့်မယ်လို့ ဂျနီဗာမှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ဒီဒုက္ခသည်တွေထဲက အများစုဟာ ၂၀၁၇ ခုနှစ်ကုန်ပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေရဲ့နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးလာကြသူတွေဖြစ်ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ပဲလို့ ပြောကြားထားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */