" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, January 12, 2023

ရန်ကုန်တွင်ဖမ်းမိသည့် ရိုဟင်ဂျာ ၇၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချ

DVB
12 January, 2023

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်းမြို့နယ်နဲ့ ရွှေပြည်သာတို့မှာ ဇန်နဝါရီ ၂ ရက်ကနေ ၆ ရက်အ တွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ ၁၄၈ ဦးထဲက ၇၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီ က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သန်လျင်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရိုဟင်ဂျာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၂ ဦးတို့ ကို လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တာ ဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

Wednesday, January 11, 2023

လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီး နင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု များကိုလည်းသိမ်းဆည်းရမိ

 

 

 

၂၀၂၃ ခုဇန္နဝါရီလ ၁၁ ရက်။ 

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင် မှု စာရွက်

မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အကြမ်: ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနှင့် လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုတစ် ခန်း၏ ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တစ်ပါတည်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Tuesday, January 10, 2023

တစ်နှစ်အတွင်းရိုဟင်ဂျာ ၃၅၀၀ ကျော် အဖမ်းခံရ

B B C 

ဘီဘီစီမြန်မာပိုင်း

၂၀၂၃ ဇန်နဝါရီ ၉ ရက် ။  

ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလာဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃၅၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင် ကျော် မိုးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၂ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရိုဟင်ဂျာတွေ အများဆုံးဖမ်းဆီးခံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ သူတို့ပြု စု ထားတဲ့ စာရင်းဇယားတွေကိုအခြေခံပြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာရင်း သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးရှိပြီး အများစုက ပင် လယ် ပြင်မှာသေဆုံးခဲ့ရတာလို့ သူကဆက်ပြောပါတယ်။ 

ဘိုကလေးမှာအဖမ်းခံရတဲ့ ရိုဟင်ဂျာတစ်ရာကျော် ထောင်ငါး နှစ်အထိချမှတ်ခံရ

RFA
RFA Burmese
2023.01.09

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာ ကလေး ၁၂ ဦး အပါအ ဝင် အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး တို့ကို စစ်ကောင်စီရဲ့ ဘိုကလေးမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၅ ရက်နေ့က ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချလိုက်တယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ထောင်ချခံလိုက်ရသူတွေဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

‘အထောက်အထားမဲ့’ ခရီးသွားလာခြင်းကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို ထောင်ချ 

မဇျ္စိမ
AFP
10 January 2023

“တရားဝင် အထောက်အထားများ” မပါရှိဘဲ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ကြိုးစားခြင်းကြောင့် ကလေးတစ် ဒါဇင်အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို ထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ်အထိ မြန်မာအာဏာပိုင်များက ပြစ်ဒဏ်ချမှတ် ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။

အဆိုပါ အုပ်စုကို ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်လက ဖမ်းဆီးမိခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် ပြစ်ဒဏ်ချခြင်း ဖြစ်သည်ဟု ဌာနေရဲတပ်ဖွဲ့ကို ကိုးကားပြီး Global New Light of Myanmar သတင်းက ဖော်ပြသည်။

ကလေးများကို စီးပွားရေးအချက်အချာ ရန်ကုန်အနီးက “လူငယ်လေ့ကျင့်သင်ကြားရေးကျောင်း” သို့ ဇန်နဝါရီ ၈ ရက် လွှဲအပ်ခဲ့ကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ယင်းသတင်းစာက ဖော်ပြသည်။

ရန်ကုန်တိုင်းတွင် နှစ်သစ်ကူး ရက်သတ္တပတ်အတွင်း ရိုဟင်ဂျာ ၁၃၆ ဦး ဖမ်းခံရ

BNI
Tuesday, January 10, 2023

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန္နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တပတ်တာ ကာလအတွင်း ရိုဟင်ဂျာဦးရေ ၁၃၆ ဦးအထိ ဖမ်းဆီးခံရသည်ဟု ရိုဟင်ဂျာများအရေး လုပ်ဆောင်နေသူများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် အမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၆၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် အမျိုးသားတစ်ဦး ပါဝင်သည်ဟု ပြောသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နှင်းပန်း ၁ လမ်း၊ အိမ်အမှတ် ၄၅ တွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။

မဲဆောက်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနှင့် ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ

DVB
10 January, 2023

ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သင်္ချိုင်း ကုန်းအနီး ကြံပင်တွေကြားမှာ ပုန်းအောင်းနေတဲ့ မြန်မာနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာကြောင်း သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ် နရဲစွန် ခြေမြန်တပ် ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၈ ရက်က မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းမုန့်ရွာ သု သာန်အနီး ကြံခင်းထဲကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကနဦးမှာ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိပြီး ပွဲစားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ် လို့ ဆိုပါတယ်။

အကူအညီတွေ လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဗွီအိုအေမြန်မာပိုင်း
VOA Policy
January 09, 2023

မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးစေမယ့် စစ်ဆင်ရေးတွေလုပ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ် ရှိပါပြီ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုှံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့အတွေ့အကြုံတွေကိုပြော ပြပါတယ်။ အကြမ်းဖက်မှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေအတွက်က ၁ သန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။

Monday, January 9, 2023

ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါး လိုက်ပါတဲ့လှေ အင်ဒိုနီးရှား မှာ ဆိုက်ကပ်

RFA
RFA Burmese
2023.01.08

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် လှေပေါ်တွင် လိုက်ပါလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Reuter

အမျိုးသမီးနဲ့ကလေးအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါးကို တင်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားအနောက်ဘက်ကမ်းကို မနေ့က ဆိုက်ကပ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ မှု စိုးရိမ်ဖွယ်ရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၀၈ ဇန္နဝါရီ၊ ၂၀၂၃
A wooden boat is used to carry RohingyaÊrefugees rest at a beach in Ladong village Indonesia, December 25, 2022.
 
မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်းတချို့က ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ရိုဟင်ဂျာမူဆလင်တွေ အစုလိုက်အပြုံလိုက် မကြာခဏဆိုသလို ခပ်စိပ်စိပ် အဖမ်းအဆီးခံရတဲ့ အနေအထားက အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ဟာ သူတို့ ဘဝရေရှည် နေထိုင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အာမခံချက်မရှိတာရယ် အသက်အန္တရာယ် လုံခြုံရေး အတွက်ပါ အထူးစိုးရိမ်ရတာမို့ အခုလို နည်းလမ်းပေါင်းစုံသုံးပြီး နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုး စားနေကြတာဖြစ်ပါတယ်။ ဒီလိုစွန့်ခွာထွက်ပြေးနေကြချိန် လမ်းခရီးမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ တရားစွဲဆို ထောင်ချခံရတာ နောက်ဆုံး အသတ်ခံရတဲ့အထိ ကြုံရတဲ့အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ တယ် လို့ လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ အကြောင်းစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Sunday, January 8, 2023

ရိုဟင်ဂျာ ၁၈၅ ယောက်တင်လာတဲ့လှေ အင်ဒိုနီးရှား အာ ချေး ကမ်းခြေကို ထပ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၈ ဇန္နဝါရီ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။
 

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေကို လှေနဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာကြတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့ ဒေသအချိန် နေ့လည် ၂ နာရီခွဲလောက်က ရောက်လာကြတဲ့ ဒီအသုတ်မှာ တစ်ဝက်လောက်က အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ အာချေးဘီဆာ ဘေးအန္တရာယ်ဌာန အကြီးအကဲ Ridwan Jamil က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Saturday, January 7, 2023

ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.06 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီ လ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ယောကျာ်းလေးက ၁၉ ယောက်၊ မိန်းကလေးက ငါးယောက်၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်က ယော ကျာ်းလေး တစ်ယောက်၊ မိန်းကလေးက နှစ်ယောက် စုစုပေါင်း ၂၇ ယောက်မိတာ”

ရွှေပြည်သာမြို့နယ်၌ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
6 January, 2023 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေး ရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

Tuesday, January 3, 2023

BURMA ACT 2022 မှာ ဘာတွေပါဝင်သလဲ

DVB
DVB | 3 January, 2023

BURMA ACT ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023 ကို အမေရိ ကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်က ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့လို့ ဥပဒေ စတင် အသက်ဝင်နေပြီဖြစ်ပါတယ်။ NDAA 2023 ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ BURMA ACT 2022 ကိုပါ တပါတည်း ထည့်သွင်းအတည်ပြုလိုက်တာ ဖြစ် ပြီး ဒီအထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒတွေ ပါဝင်သလဲဆိုတာကို အကြမ်းဖျင်း အကျဥ်းချုံး ဖော်ပြလိုက်ပါတယ်။

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ဟင်္သာတမြို့မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဓျာ ၃၉ ဦးကို တွေ့ရစဉ်။Citizen Journalist
 
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်း က ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ကိုးဦးနဲ့ မိန်းကလေး တစ်ဦးအပြင် ရိုဟင်ဂျာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အားလုံးဟာ ကျောက်သယ်ကားပေါ်မှာ လိုက်ပါလာကြတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းဖမ်း ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

Saturday, December 31, 2022

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ဒီဇင်ဘာလ၊ ၂၀၂၂

အသံဖိုင်များကို " နံနက်ပိုင်း/ ညနေပိုင်း" တွင်ကလစ်နှိပ်၍ နားဆင် နိုင်ပါ သည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင် နိုင်ပါသည်

ရက်စွဲ့သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဥ်
31.12.2022
VOA
VOA
VOA
3112.2022
BBC
BBC
BBC
31.12.2022
RFA
RFA
RFA

Friday, December 30, 2022

ယနေ့သတင်းစာများ ( ကြေးမုံ+ မြန်မာ့အလင်း ) ဒီဇင်္ဘာလ ၊၂၀၂၂

၂၀၂၂ ခု ဒီဇင်္ဘာလ၊ မြန်မာ့အလင်း သတင်းစာ

 31.12.2022

ယနေ့သတင်း (အမြန်ရှာရန်) 2022 ဒီဇင်္ဘာလ

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ ( ကလစ်လုပ်ပြီး ဖတ်ရှုရန် )    

(31.12.2022) စနေနေ့ မြန်မာသတင်းနှင့် နိုင်ငံတကာ သတင်းများ

BBC သတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင် ၇ နှစ်ထပ်ချ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်အထိရှိလာ 

ဖမ်းဆီးခံကျောင်းသားတွေအပေါ် နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်အမိန့်တွေ မြန်မြန်ချနေ 

နိုင်ငံတလျားကနေ ဖမ်းဆီးခံကျောင်းသား စာရင်းရောက်လာနေ

သေဒဏ်အထိ ချမှတ်ခံလာရတဲ့ ကျောင်းသူ ကျောင်းသားတွေ 

ဖမ်းဆီးခံကျောင်းသားတွေအပေါ် နှစ်ကုန်ပိုင်းမှာ ပြစ်ဒဏ်အမိန့်တွေ မြန်မြန်ချနေ  

နိုင်ငံတလျားကနေ ဖမ်းဆီးခံကျောင်းသား စာရင်းရောက်လာနေ 

သေဒဏ်အထိ ချမှတ်ခံလာရတဲ့ ကျောင်းသူ ကျောင်းသားတွေ

ပီလီ - တနိုင်ငံလုံး စည်းလုံးညီညွတ်စေခဲ့သူ  

မန္တလေးအောင်မြေသာစံမှာ ကျုးကျော် ဆိုပြီး နေအိမ်အလုံးတစ်ရာခန့် အဖျက်ခံရပြန် 

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှမိုးအောင် အပါအဝင် တိုင်းအဖွဲ့ရအဖွဲ့ဝင် အားလုံးနီးပါးကို စစ်ကောင်စီ ပြန်လွှတ် 

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိအမှုတွေနဲ့ စွဲဆိုထားမှု ဒီနေ့အမိန့်ချဖို့ရှိ 

ဘရာဇီး ဘောလုံး ဂန္ထဝင် ပီလီ အသက် ၈၂ နှစ်မှာ ကွယ်လွန် 

VOA သတင်းစာ

အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်  

NUG သံတမန်ရေးကြိုးပမ်းမှု ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်  

မြန်မာအကူအညီပါဝင်တဲ့ ကန်အသုံးစရိတ်ဥပဒေ အတည်ဖြစ်  

မြန်မာ့နိုင်ငံရေးပြောင်းလဲအောင် Deng Xijun ဘယ်လောက်စွမ်းနိုင်မလဲ  

ဘောလုံးဘုရင် Pele အတွက် ဂုဏ်ပြုဝမ်းနည်းစကားတွေ ဆိုနေကြ  

၂၀၂၃ ကိုဗစ်နဲ့ ကမ္ဘာ့ ရှေ့ရေး  

 တရုတ်နဲ့စစ်ရေးပူးပေါင်းမှု တိုးမြှင့်မယ်လို့ ရုရှားသမ္မတပြောဆို 

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအမှုများ ထောင်ဒဏ် ရနှစ်ချမှတ်ခံရ

တရုတ်ခရီးသွားဝင်ရောက်မှု မြောက်ကိုရီးယား ယာယီပိတ်ပင်  

ဂန္တဝင်ဘောလုံးသမားကြီး ပီလီ ကွယ်လွန် 

RFA သတင်းစာ 

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၃၃ နှစ်ထိချခံရတာကို နိုင်ငံတကာရှုတ်ချ 

မြန်မာ့အရေးအတွက် ဒေါ်လာ ၁၃၆ သန်းထက်မနည်း ကူညီဖို့ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုး 

လမ်းပြခေါ်သွားတဲ့ အရပ်သားသုံးဦးကို စစ်ကောင်စီသတ်ဖြတ်ခဲ့ 

ဒေါ်အောင်ဆန်းစုကြည် ထောင်ခုနစ်နှစ် ထပ်ချခံရ၊ စုစုပေါင်း ၃၃ နှစ်ထိကျခံရဖို့ရှိ 

ဒေါက်တာ ခလမ်ဆမ်ဆွန် မြစ်ကြီးနားအကျဉ်းထောင် အပို့ခံရ 

တောင်ငူမှာ DVB အလွတ်သတင်းထောက် အပါအဝင် ၁၃ ဦး ထောင်တစ်သက်ချခံရ 

မြိုင်မြို့နယ် မကြီးလေးပင်နဲ့ ကန်နက်ရွာက နေအိမ် ၁၀၀ ခန့် မီးရှို့ခံရ 

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသူ မနန်းတွယ်တာဦး ထောင် ၁၀ နှစ်ချခံရ 

မိုင်းပေါက် ငွေလိမ်ဂိုဏ်းတစ်ခုမှာ နောက်ထပ်မြန်မာနိုင်ငံသား ၁၂ ဦး ရောင်းစားခံရ 

ဆင်ဖြူစစ်ကြောင်းခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေ့စဉ်ဘဝ 

၂၀၂၂ အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ (အပိုင်း - ၃) 

အသက်နဲ့ရင်းပြီး နယ်မြေသစ်ရှာနေကြတဲ့ ရိုဟင်ဂျာများ 

Narinjara သတင်းများ

ရေခပ်သွားစဉ် သေလုနီးပါး ဦးခေါင်းကို အရိုက်ခံရသူအမျိုးသမီးက ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရန် တောင်းဆို

စစ်တွေတွင်အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်းအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် မောင်မျိုးချစ်စိုးကို နောက်လ ၁၃ရက်နေ့တွင် အမိန့်ချမည်

ရခိုင်ပြည်နယ်တိုးတက်ရေးလမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ရန်လိုသည်ဟု စစ်ကောင်စီဥက္ကဋ္ဌကပြောပြီး အောက်ခြေတွင်စစ်သားများကပြည်သူများအသုံးပြုနေသည့် ကားလမ်းများကိုပိတ်ထား  

ရသေ့တောင်တွင် ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပွား၍ ကျောင်းဆောင်တစ်ဆောင်ပျက်စီးဆုံးရှုံး

ဘူးသီးတောင်မြို့တည်နှစ် (၁၁၄) နှစ်မြောက်အထိမ်းအမှတ် ကဗျာရွတ်ပွဲ  

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်စတင်ကျင်းပမည့် ဆယ်တန်းသင်ရိုးစနစ်ဟောင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ရခိုင် တွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားကျောင်းသူ ၁၉၀၀၀ ကျော်ရှိ  

တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်း အမေရိကန်စစ်လေယာဉ်အနီး ၉ပေကွာ အထိ ချဉ်းကပ်ပျံသန်းခဲ့  

ဘရာဇီး ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ(၈၂-နှစ်) ကွယ်လွန်ရှာပြီ 

DMG သတင်းများ

သံတွဲတွင် တုတ်တုတ် (အိန္ဒိယသုံးဘီး) အသင်းဖွဲ့စည်းရန် ငွေးကြေး ကောက်ခံနေမှုအပေါ် ကာယကံရှင်များ လက်မခံ 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်က ဖြေဆိုမည့်သူနည်းသည့်အတွက် စာစစ်ဌာနများကို မြို့ပေါ်၌သာ ဦးစားပေးချပေးသွားမည် 

မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ် တွေ့ဆုံမှုမှာ ရွေးကောက်ပွဲသဘောထားများကို မေးမြန်းခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်သူများ ပြော 

စင်္ကာပူတွင် ကိုဗစ်တိုက်ဖျက်ရေး ပါဝင်ကူညီခဲ့သူ တစ်သိန်းကျော်ကို အစိုးရက ဂုဏ်ပြုဆုများ ပေးအပ်မည် 

သံတွဲ GTI ကျောင်းသားများကဲ့သို့ အချိန်ပိုင်းအလုပ်များ လုပ်ခွင့်ရရှိရန် ရခိုင်မှတက္ကသိုလ်ကျောင်းသားများ လိုလားနေ 

 တရုတ်ပြည်ကျန်ကျိုးမှာ ယာဉ်အစီးရေ ၂၀၀ ခန့် ဆင့်ကဲတိုက်မိပြီး တစ်ဦးသေ

 DVB သတင်းများ

စစ်တောင်းမြစ်ကူးတံတားတွင် ယာဉ်များကို စစ်ကောင်စီက ငွေကြေးတောင်းခံ

မုံရွာမြို့နယ်၊ သာစည်ထောင်သစ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ 

ပလမြို့နယ် ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ 

စစ်ရှောင်များကို ကူညီမှုဖြင့် ညောင်အုတ်ဆရာတော်နှင့် ရွာခံ ၇ ဦးအား စစ်ကောင်စီ ဖမ်းဆီး

MSME စီးပွားရေးလုပ်ငန်းများအတွက် ဖြည့်စွက်ရန်ပုံငွေ ကျပ် ၁၇၀ ဘီလီယံ ခွင့်ပြု 

စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၂ သန်းနီးပါးရှိလာ 

ဖားကန့်မြို့နယ်၌ မူကြိုကျောင်းအနီး လက်နက်ကြီးကျပြီး ၆ ဦးထက်မနည်း ဒဏ်ရာရ 

ရသေ့တောင်တွင် စစ်ရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်း မီးလောင်  

တက္ကသိုလ်ကျောင်းသူ နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် 

ဒေါနတော်လှန်ရေးရဲဘော်များ ရိုက်ကူးသည့် “ဖိုးမောင် ပြန်လာပြီ” ရုပ်ရှင်လက်မှတ်တစောင် ကျပ် ၂ သောင်းနှုန်း ဖြင့် ကြည့်ရှုနိုင် (နမူနာ)  

အိန္ဒိယက မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု ၁ နှစ် သက်တမ်းတိုးပြီးနောက် မြန်မာပြည်တွင်း ပဲဈေးကျလာ

ပူတာအိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ပါဝင်သည့် နွားသူခိုးအဖွဲ့ကို ဒေသခံများဖမ်းဆီး 

ရွေးကောက်ပွဲကျင်းပဖို့အပါအဝင် ၄ ချက်ကို အပစ်ရပ်တိုင်းရင်းသား ၅ ဖွဲ့နှင့် စစ်ကောင်စီ သဘောတူ လက်မှတ် ထိုး 

နှစ်သစ်ကူးပိတ်ရက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေကို လာရောက်သူများပြား

ရနောင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမား ၃၀ ဒဏ်ရာရ  

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်  

အင်းတော်တွင် ဈေးသည် ၄ ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး 

မုံရွာတွင် ပျူ‌စောထီးများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သဖြင့် ခင်ဦးပြည်သူ ၄ ဦး ဒဏ်ရာရ  

ပုလောနှင့် သရက်ချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ 

တေးရေးရယ်ဂျီ ကွယ်လွန်  

နှစ်သစ်ကူးညတွင်ပျော်ပါးရန် စစ်ကောင်စီက ညမထွက်ရအမိန့် တစ်ညတာ ဖျက်သိမ်း 

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရ  

နောင်ချိုမြို့နယ်အစပ်တွင် PDF ၈ ဦး ပစ်သတ်ခံရ 

NCA HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ် 

လောပိတဒေသခံ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး 

လောင်းလုံးက စစ်ရှောင်ပြည်သူများ ရိက္ခာနှင့် အကူအညီ လိုအပ်နေ

အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၆၈၅ ဦးရှိလာ    

 ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ အာဖဂန် သွားမည် 

မြောက်ကိုရီးယားဒရုန်းများ ကျူးကျော်မှုအပေါ် စစ်ရေးတုံ့ပြန်ပြင်ဆင်ရန် တောင်ကိုရီးယား သမ္မတ အမိန့်ပေး 

ဆားဘီးယားတိုင်းရင်းသားများအပေါ် ကာကွယ်ရန် အစိုးရ၏ကြိုးပမ်းမှု ရုရှား ထောက်ခံ 

ဗြိတိန်ရှိ လေဆိပ်ဝန်ထမ်းများ သပိတ်အသစ် စတင် 

ဖူးကက်လေဆိပ်တွင် အမေရိကန်ခရီးသွား ၁ ဦး ခုန်ချသေဆုံး 

ဥဇဘက်ကလေးငယ်များ သေဆုံးပြီးနောက် အိန္ဒိယကုမ္ပဏီ ချောင်းဆိုးပျောက်ဆေး ထုတ်လုပ်မှု ရပ်ဆိုင်း  

 Mizzimz သတင်းများ

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဒီဇင်ဘာ ၂၀၂၂)  

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး အကျယ်ချုပ်မှ ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရ 

ဖားကန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ် ရာရ 

Mytel တာဝါတွင်ဖြည့်မည့် ဆီပေပါများသိမ်းယူခြင်းကို PDF က ဓားပြတိုက်လုယက်ဟု ပုံဖျက်ရေးသား

စစ်ကောင်စီတပ် ပစ်ခတ်မှု အရပ်သား ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ 

ဘတ်ဂျက်ခွဲဝေခြင်းများကို ပြည်ထောင်စုလွှတ်တော်ကသာ အတည်ပြုဆုံးဖြတ်ရခြင်းဖြစ် ဟုဆို  

အကျဉ်းထောင်ထဲမှပေးစာ

ပုဂလိကဆေးရုံငါးခုပိတ်သိမ်းခံရသဖြင့် လူနာများအခက်အခဲဖြစ်နေဟုဆို 

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်လိုမှုများ မြင့်တက်နေခြင်းအပေါ် လွှတ်တော်အမတ် သတိပေး

ပါကစ္စတန်ဗဟိုအစိုးရသည် လွှတ်တော်အမတ်များကို ငွေဖြင့် စည်းရုံးရန် ကြိုးပမ်းနေဟု ကက်ရှ်မီးယားဒေသ ဝန်ကြီးချုပ် စွပ်စွဲ

စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ကိုဗစ်ထိန်းချုပ်မှုအကြား တရုတ် ရုန်းကန်နေရ 

တရုတ်တွင် ကိုဗစ်ကူးစက်ခံရသူ တစ်နေ့လျှင် လူ၃၇သန်းခန့် ရှိနိုင်ကြောင်း Financial Times သတင်းစာ ဖော်ပြ 

တရုတ် ဘတ်ဂျက်လိုငွေပြမှု ယွမ်၇ဒသမ၇ထရီလီယံထိ စံချိန်တင်ရှိလာ 

ထိုင်ဝမ်အတွက်လုံခြုံရေးအကူအညီများတိုးမြှင့်ပေးမည့်ဥပဒေကို အမေရိကန်သမ္မတ လက်မှတ်ထိုးပြီးနောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့် 

တရုတ်တွင်မီးသဂြိုလ်စက်များကို မအားလပ်အောင် အသုံးပြုနေရ

ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို တရုတ် ရှုတ်ချ 

တရုတ်တွင် DNA စိစစ်မှုကဲ့သို့ ခေတ်မီဆေးဘက်နည်းလမ်း အများအပြားအသုံးပြုလာခြင်းက စိုးရိမ်ဖွယ်ဖြစ်လာ 

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် တရုတ်က လေကြောင်းခရီးစဉ်များပြန်ဖွင့်သဖြင့် ပညာရှင်များ စိုးရိမ်နေ 

ဝီဂါမွတ်စလင် တရားဟောဆရာဟောင်းတစ်ဦး ရှင်ကျန်း အကျဉ်းထောင်တွင် သေဆုံး 

တရုတ်တွင် မြူပိတ်ချိန် အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုကြောင့် ၁ ဦးသေဆုံး 

Myanmar Now  သတင်းများ

ကျောင်းသားလူငယ်နှင့် တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချ 

စစ်ယူနီဖောင်းဖြင့် လူလုံးထွက်ပြလာသည့် ခရိုနီသူဌေးကြီး 

အလစ်အငိုက် ဝင်တိုက်ခံရသည့် ရွှေဘိုမှရွာတွင် သတ်ဖြတ်ခံရသူ ၆ ဦးရှိလာ

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်အားလုံးနီးပါး  

Irrawaddy သတင်းများ 

ဘောလုံးဘုရင်ကြီး ပီလီ ကွယ်လွန်ရှာပြီ 

လောင်းကစားတွေနဲ့ အာရုံလွှဲနေသလား 

စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ထောင် ၇ နှစ်စီ ထပ်ချခံရ

လာတော့မည့် တရုတ်ခရီးသည်များအား ကာကွယ်ဆေးထိုးပေးရန် ထိုင်းခရီးသွားဝန်ကြီး တောင်းဆို

တရုတ်မှလာသော ခရီးသည်များကို အမေရိကန်က ကိုဗစ်နိုင်တင်း စစ်ဆေးမည်

စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ RCSS နဲ့ NMSP ဘာကြောင့်မတက်သလဲ

ဒီပဲယင်း၌ ၄ ရက်အတွင်း ရွာ ၈ ရွာ စစ်တပ် မီးရှို့

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */