" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 7, 2023

ရွှေပြည်သာမြို့နယ်၌ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
6 January, 2023 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေး ရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“ကားနဲ့ လာခေါ်သွားတာပဲ၊ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။ သူတို့ကို ကွင်းဆက်နဲ့မိတယ်လည်း ပြောတယ်။ အိမ်ရှင်တွေကိုလည်း စစ်နေတယ်။”

မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက် တော်ဝင်လမ်း ဝိတိုရိယဆေးရုံအနီးမှာလည်း ဇန်နဝါရီ ၃ ရက် ည ၇ နာရီလောက် က ရိုဟင်ဂျာအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦး က ဒီဗွီဘီကို ပြောပါတယ်။

“၁ ရက်နေ့စပြီး ဆက်တိုက်မိတာ၊ ရန်ကုန်မှာ လေးကြိမ်၊ တချို့က ပွဲစားတွေက ငွေယူပြီး ကိုယ်လွတ်ရုန်းကြ တာ ရှိတယ်။ ရောက်ရင်ပြီးရော၊ အဖမ်းခံရတာ မခံရတာ မသိဘူး၊ အဲ့လိုပို့တာ။”

ဇန်နဝါရီ ၁ ရက်နေ့ကလည်း အရှေ့ဒဂုံမြို့နယ် တိုးကြောင်ကလေးဘူတာမှာ ပွဲစား ၂ ဦးနဲ့ ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီး မိခဲ့ သလို ဒီဇင်ဘာ ၂ ရက်ညပိုင်းကလည်း သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ မရမ်းကုန်း၊ သန်လျင်နဲ့ အရှေ့ဒဂုံမြို့နယ်တွေမှာ ဇန်နဝါရီ ၁ ရက်မှ ၆ ရက် နေ့ အထိ ရိုဟင်ဂျာစုစုပေါင်း အမျိုးသား အ‌ေယာက် ၇၀ နဲ့ အမျိုးသမီး ၆၆ ဦး၊ စုစုပေါင်း ၁၃၆ ဦး ဖမ်းဆီးရမိခဲ့ တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */