Tuesday, January 10, 2023

‘အထောက်အထားမဲ့’ ခရီးသွားလာခြင်းကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို ထောင်ချ 

မဇျ္စိမ
AFP
10 January 2023

“တရားဝင် အထောက်အထားများ” မပါရှိဘဲ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ကြိုးစားခြင်းကြောင့် ကလေးတစ် ဒါဇင်အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို ထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ်အထိ မြန်မာအာဏာပိုင်များက ပြစ်ဒဏ်ချမှတ် ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။

အဆိုပါ အုပ်စုကို ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်လက ဖမ်းဆီးမိခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် ပြစ်ဒဏ်ချခြင်း ဖြစ်သည်ဟု ဌာနေရဲတပ်ဖွဲ့ကို ကိုးကားပြီး Global New Light of Myanmar သတင်းက ဖော်ပြသည်။

ကလေးများကို စီးပွားရေးအချက်အချာ ရန်ကုန်အနီးက “လူငယ်လေ့ကျင့်သင်ကြားရေးကျောင်း” သို့ ဇန်နဝါရီ ၈ ရက် လွှဲအပ်ခဲ့ကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ယင်းသတင်းစာက ဖော်ပြသည်။

ဗုဒ္ဓဘာသာ အများစု မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး တစ်ခါတစ်ရံ ခရီးသွားရန် ခွင့်ပြုချက် တင် ရ သည့် မွတ်စလင်လူနည်းစုများအတွက် ရှုတ်ချချိုးနှိမ်သော အသုံးအနှုန်းဖြစ်သည့် “ဘင်္ဂါလီ” ဆိုသော အသုံး အ နှုန်းဖြင့် အဆိုပါ အုပ်စုကို ယင်းသတင်းက သုံးစွဲဖော်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုအတွင်း သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများနှင့် ကြုံတွေ့ရသော ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ ကြသည်။

လူအစုပြုံလိုက် ထွက်ပြေးခြင်းနောက် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရသည်။

နှစ်စဉ်နှစ်တိုင်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများနှင့် မြန်မာနိုင်ငံတို့မှ ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် မွတ် စလင်အများစု မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ဆီ ရောက်ရှိရန်အတွက် အန္တရာယ်များသော ခရီးကို စွန့် စား သွားရောက်ကြသည်။

တနင်္ဂနွေနေ့က အမျိုးသမီးနှင့် ကလေးငယ်များ အများစုပါဝင်သော ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါးသည် အင်ဒို နီးရှားအနောက်ဘက် ကမ်းရိုးတန်းသို့ ရောက်ရှိလာကြပြီး နိုဝင်ဘာလမှစကာ ငါးကြိမ်မြောက် ရောက်ရှိမှုဟု အာ ဏာပိုင်များအရ သိရသည်။

ပြီးခဲ့သည့်နှစ်က အန္တရာယ်ပြွန်းသော ခရီးကို ကြိုးစားဖြတ်သန်းခဲ့သည့် ရိုဟင်ဂျာ ၂,၀၀၀ ကျော်ထက်မနည်း ရှိနိုင် သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR အရ သိရသည်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */