" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 11, 2023

လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီး နင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု များကိုလည်းသိမ်းဆည်းရမိ

 

 

 

၂၀၂၃ ခုဇန္နဝါရီလ ၁၁ ရက်။ 

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင် မှု စာရွက်

မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အကြမ်: ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနှင့် လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုတစ် ခန်း၏ ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တစ်ပါတည်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ယခုထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ လက်ရှိ ထွန်းမင်းလတ်အပေါ် ရာဇ၀တ်ကြောင်းအရ စွဲဆို ထား တဲ့ကိစ္စနဲ့ မင်းအောင်လှိုင်ရဲ့မိသားစုအကြား ဆက်နွှယ်နေတာတွေအတွက် အရေးပါပြီး၊ သိမ်းဆည်းရမိ တဲ့ ပိုင်ဆိုင်မှုတွေအတွက် ငွေတွေဘယ်ကရလဲဆိုတာအပေါ် မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာစစ်တပ်က အကြီးတန်းမိသားစုဝင်တွေဟာ ထိုင်းဘဏ်တွေကို အသုံးပြုခွင့်ရနေတာ ဖော်ပြနေပြီး အ ကျယ်ချဲ့ ဆိုရရင် တနည်းအားဖြင့် ထိုင်းနိုင်ငံဟာ မြန်မာ စစ်တပ်ရဲ့ အမြစ်တွယ်နေတဲ့အကျင့်ပျက်ခြစားမှုတွေ ကရတဲ့ တရားမဝင် အမြတ်ငွေတွေ မြန်မာစစ်တပ်က အကြီးတန်းမိသားစုဝင်တွေ သိုဝှက်ထားဖို့နေရာတစ်ခု အဖြစ် ရှိနေတဲ့အချက်ဟာ ထင်ရှားပေါ်လွင်တဲ့ အထောက်အထားဖြစ်ပါတယ်”ဟုJFM က ဖော်ပြသည်။

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင် မှု စာရွက်စာတမ်းများပါဝင်သည်။ ယင်းကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က အောင်ပြည့်စုံ၏ ဖခင်ဖြစ်သူက ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည့် ရာဇဝတ်မှုများ ကျူးလွန်နေချိန် ဖြစ်သည်။ အဆိုပါ ကွန်ဒိုအခန်း၏ ကာလပေါက်စျေးမှာ ဘတ် ၃၃ သန်းခန့်(အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး) ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းရဲတပ်ဖွဲ့သည် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်ပိုင်ဆိုင်သည့် Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်းထွန်းမင်းလတ်လက်ဝယ်သိမ်းဆည်းရမိခဲ့သည်။

လက်ဝယ်တွေ့ရှိသည့်ပစ္စည်းများကိုသိမ်းဆည်းခဲ့သော်လည်း ပိုင်ဆိုင်မှုများကိုသိမ်းယူထားခြင်းမရှိသေးကြောင်း၊ ထွန်းမင်းလတ်ကိုစွဲဆိုထားသည့် ရာဇဝတ်မှုများနှင့် မင်းအောင်လှိုင်၏ သားသမီးများအကြား ဆက်နွယ်နေသည့် သက်သေအထောက်အထားများ ရှိနေသာ်လည်း ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်၏ သားသမီးများကို စုံစမ်းစစ် ဆေးမှုများ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း Justice For Myanmar က သိရှိနားလည်ထားသည်ဟု​ဖော်ပြထားသည်။

ထွန်းမင်းလတ်ကို Belle Grand Rama 9 ကွန်ဒို၌ ၂၀၂၂ စက်တင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး အမြင့်ဆုံး ပြစ် ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ အပြစ်ပေးနိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုများဖြင့် ဒီဇင်ဘာ ၁၃ ရက်တွင် စွဲချက်တင်ထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */