" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 3, 2023

ဟင်္သာတမြို့မှာ ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဓျာ ၃၉ ဦးကို တွေ့ရစဉ်။Citizen Journalist
 
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့မနက်ပိုင်း က ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၁၀ ဦးအပါအဝင် စုစုပေါင်း ရိုဟင်ဂျာ ၃၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ကိုးဦးနဲ့ မိန်းကလေး တစ်ဦးအပြင် ရိုဟင်ဂျာ အမျိုးသား ၂၇ ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါဝင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အားလုံးဟာ ကျောက်သယ်ကားပေါ်မှာ လိုက်ပါလာကြတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေ ပူးပေါင်းဖမ်း ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"FAW ကား ကျောက်သယ်ကားပေါ်မှာ ပါလာကြတာ။ ဟင်္သာတအဝင် လယ်တီကွင်း ဂိတ်မှာ ယာဉ်ကိုစစ်ဆေး ဖို့ လုံခြုံရေးတပ်ဖွဲ့တွေက တားတော့ ရပ်မပေးဘဲ မောင်းပြေးတာ။ အနောက်ကနေ ဆိုင်ကယ်တွေနဲ့ လိုက်ဖမ်း ကြ တာပေါ့။ လယ်တီကွင်း ရပ်ကွက်ထဲ ပတ်မောင်းပြီးပြေးတာ။ FAW ကားဆိုတာက အမြန်မောင်းလို့မရ တော့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်က ထွက်ပြေးတယ်။ ကားပေါ်မှာပါလာတဲ့ သူတွေကလည်း ခုန်ချပြီး ရပ်ကွက်ထဲ ပတ် ပြေးကြသေးတာ။ ဟိုဘက်ကလည်း ဝိုင်းဖမ်းတော့ မိသွားတာပေါ့"

သူတို့ဟာ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ နေရပ်စွန့်ခွာလာကြသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်ကလား ဒါမှမ ဟုတ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကလားဆိုတာ တိတိကျကျ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိ အဲဒီရိုဟင်ဂျာ ၃၉ ဦးစလုံးကို ဟင်္သာတမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ် လို့လည်း ဒေသခံတွေ က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီးဦးမောင်မောင် သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့ ရိုဟင်ဂျာတွေဟာ အသွားအလာ ကန့်သတ် ခံ ထားရတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိတာနဲ့ စားဝတ်နေရေး ကျပ်တည်းတာတွေကြောင့် နေရပ်စွန့်ခွာ ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတွေဆီ မြန်မာနိုင်ငံကနေတဆင့် တရားမဝင်နည်းလမ်းတွေနဲ့ သွားနေကြရတာပါ။

RFA က သီးသန့်ပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလ ၂၁ ရက်အထိ ရိုဟင်ဂျာ ၁၆၅၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၇၁ ဦးကတော့ လဝက ဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချခံထားရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */