" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 10, 2023

တစ်နှစ်အတွင်းရိုဟင်ဂျာ ၃၅၀၀ ကျော် အဖမ်းခံရ

B B C 

ဘီဘီစီမြန်မာပိုင်း

၂၀၂၃ ဇန်နဝါရီ ၉ ရက် ။  

ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလာဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃၅၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင် ကျော် မိုးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၂ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရိုဟင်ဂျာတွေ အများဆုံးဖမ်းဆီးခံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ သူတို့ပြု စု ထားတဲ့ စာရင်းဇယားတွေကိုအခြေခံပြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာရင်း သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးရှိပြီး အများစုက ပင် လယ် ပြင်မှာသေဆုံးခဲ့ရတာလို့ သူကဆက်ပြောပါတယ်။ 

 ရိုဟင်ဂျာတွေဟာ နိုင်ငံအနှံ့က အကျဉ်းထောင် ၈၀ ကျော်မှာ အကျဉ်းချခံထားရပြီး ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေ တဲ့ ဧရာဝတီ တိုင်းမှာအများဆုံးအဖမ်းခံထားရတာဖြစ်ပါတယ်။

ရန်ကုန်မှာလည်း ရိုဟင်ဂျာ ရာကျော်အထိ အဖမ်းခံခဲ့ရပြီး မလေးရှားသွားဖို့ တစ်ထောက်နားချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို လဝက ဥပဒေနဲ့အရေးယူ ထောင်ချပြီး နေရပ်ပြန်ပို့တဲ့အကြောင်း ရိုဟင်ဂျာအရေးတက် ကြွလှုပ်ရှားသူတွေထံက သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးကြသူ တွေ ရဲ့ သတင်းတွေမကြာခဏထုတ်ပြန်လေ့ရှိပြီး တစ်နှစ်အတွင်း သူတို့ဖမ်းဆီးမိခဲ့တဲ့ အရေအတွက်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။ 

 Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */