" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Sunday, July 14, 2019

တိုက်ပွဲဖြစ်ပွားအပြီး ဘူးသီးတောင်မြို့နယ်နွားရုံ တောင် ရွာမှ နေအိမ်တချို့မီးရှို့ခံရဟုရွာသားများဆို

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာအနီး ဇူလိုင် ၁၃ ရက်နေ့ တိုက်ပွဲဖြစ်ပွား ပြီး
 နောက် လူနေအိမ်တစ်ချို့ မီးရှို့ခံခဲ့ရသည်ဟု ဒေသခံ ကျေးရွာသားများက ပြောသည်။

ယမန်နေ့ နေ့လယ် ၂ နာရီခန့်က နွားရုံတောင်ကျေးရွာ အရှေ့ဘက် တစ်မိုင်ခန့် အကွာ တောင်တန်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် AAတို့ အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မီးရှို့ ခံခဲ့ရသည်ဟု ပြော ဆိုသည်။

Saturday, July 13, 2019

( 14.07.2019 ) ကြေးမုံ သတင်းစာ

( 14.07.2019 ) မြန်မာ့အလင်း သတင်းစာ

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပြီး နွားရုံတောင်ကျေး ရွာ မီးရှို့ခံရဟုဆို

Khit Thit Media
ရန်ကုန်၊ ဇူလိုင် ၁၃



ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးတွင် ရခိုင်တပ်မတော် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး နွားရုံတောင်ကျေးရွာ မီးရှို့ခံရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ရေဘေးအန္တ ရာယ် HRW သတိပေး

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
13 ဇူလိုင်၊ 2019
ရိုဟင်ဂျာ ဒုက္ခသည်များ (ဇူလိုင်၊ ၀၄၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မုတ်သုံရာသီကာလ မိုးများပြီး ရေကြီး မြေပြိုတာ တွေကြောင့် ဒုက္ခသည် နေအိမ်တွေ အများအပြား ဆုံးရှုံးရမယ့်အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များ လာနိုင်တဲ့အထိ ဆိုးဆိုးရွားရွား ကြုံနေရတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ Human Rights Watch က ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ တပ်စွဲထားတဲ့ AA အဖွဲ့ထွက်ခွာ သွားဖို့ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-13
တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန် ရောက် ချင်းတိုင်းရင်းသားတွေ ၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့က လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြစဉ်
ဓါတ်ပုံ - ထက်အာကာ/ RFA 

ချင်းအမျိုးသားတပ်ဦးနဲ့ အစိုးရတို့ အပစ်ရပ်စာချုပ်မှာ သဘောတူထားတဲ့အချက်တွေအရ ချင်းပြည်နယ်ထဲ မှာ AA အဖွဲ့ တပ်စွဲနေတာကြာပြီဖြစ်လို့ ရေရှည်မှာမဖြစ်နိုင်တဲ့အတွက် ချင်းပြည်နယ်ထဲကနေ ထွက်ခွာပေး ဖို့ ချင်း တိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။

စင်္ကာပူ ရခိုင် အသင်း ခေါင်းဆောင် အချို့ကို AA အဖွဲ့ နဲ့ ဆက်စပ်ပြီး ငွေတု ပြုလုပ်မှု နဲ့ ဖမ်းဆီးတာလို့ ရဲ ကပြော

B B C
ဘီဘီစီ မြန်မာပိုင်း
13-07-2019   
 ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင် အချို့ကို AA အဖွဲ့ နဲ့ ဆက်စပ်ပြီး ငွေတု ပြုလုပ်တာနဲ့ ပတ်သက်လို့ဖော်ထုတ်ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့ ကထုတ်ပြောပါတယ် ။

ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ အမြန်လမ်းရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ သတင်းမှာ အခုလိုဖော်ပြတာ ဖြစ်ပါတယ်။

"စင်င်္ကာပူမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရခိုင်(စင်္ကာ ပူ) အသင်းမှ လူများကို ဖမ်းဆီး"

Tomorrow News Journal
Friday, July 12, 2019

 
စင်္ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်သော ရခိုင်(စင်္ကာပူ)အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်သည် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် (၂း၃၀)နာရီတွင် မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်အမှတ် UB 004 ဖြင့် စင်္ကာပူချန် ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ သတင်းတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

စင်္ကာပူမှ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦး နေပြည်တော် တွင် ဖမ်းဆီးခံထားရကြောင်း မိသားစုများပြော

နိရဉ္စရာ
ဇူလိူင် ၁၂/ ၂ဝ၁၉
စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးခံရပြီး ဇူလိူင်လ ၁ဝ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦးကို နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရရှိကြောင်း မိသားစုများက ပြောသည်။

ရခိုင်စစ်ဆင်ရေးကိုင်တွယ်နေသည့် ကစထမှူး အ ပြောင်း အလဲဖြစ်

နိရဥၥရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဇူလိူင် ၁၂/ ၂ဝ၁၉

ရခိုင်စစ်ဆင်ရေးကို ကိုင်တွယ်ဆောင်ရွက်နေသည့် မြန်မာတပ်မတော်မှ အမှတ် ၃စစ်ဆင်ရေးအထူး (ကစထ- ၃) ကွပ်ကဲရေးမှူး အပြောင်းအလဲဖြစ်သည်ဟု သတင်းရရှိသည်။

Friday, July 12, 2019

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ညီလာခံ ရိုဟင်ဂျာတွေ ဖိတ်ကြား

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇူလိုင်၊ 2019
အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback (မတ်၊ ၁၁၊ ၂၀၁၉)


ကမ္ဘာတ၀ှမ်း ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတခု ရှေ့ သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြော ပါတယ်။ အခု ကျင်းပမယ့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံကို ရိုဟင်ဂျာတွေ အပါအ၀င် နိုင်ငံ
ပေါင်း တဒါဇင်ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ကြောင်း အမေရိကန် ဘာသာရေး လွတ် လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback က ပြောပါတယ်။

( 13.07.2019 ) ကြေးမုံ သတင်းစာ

( 13.07.2019 ) မြန်မာ့အလင်း သတင်းစာ

ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ယမန်နေ့ကစပြီး လျှပ်စစ်မီးပြတ်တောက်နေ

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်၁၂ နာရီကျော် ခန့်မှ စပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့က တစ်ချိန်တည်း စပြတ် သွားတာပါ။ ရသေ့တောင်မြို့နဲ့ ဘူးသီးတောင် မြို့ ကြားက ၆၆ လိုင်းမှာ အဲဒီအနားမှာ ပြသနာ တစ်ခုဖြစ်နေတယ်။ အဲဒါ ဘယ်နားမှာရှိလဲ ကျွန်တော်တို့ လိုက်ရှာနေတုန်းပါ။ အဲဒါကို လုပ်ပြီးမှ လျှပ်စစ်မီး ပြန်ဆင်လို့ ရပါမယ်”ဟု မောင်တောမြို့နယ် လျှပ်စစ် အင် ဂျင်နီယာ ဦးအောင်အောင်လှစောက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းထောက်ပံ့

DMG
ဝံသ(မောင်တော) | DMG


မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရတို့အကြား ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာအရ အိန္ဒိယက ရခိုင်ပြည်နယ် မှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅)နှစ်တာ ကာလ အတွင်းမှာ အမေရိကန် ဒေါ်လာ ၂၅ သန်းထောက်ပံ့ပေးမယ်လို့ သိရပါတယ်။


AA ကို ကူညီထောက်ခံနေသည့် မြန်မာနိုင်ငံသားများ ကို အရေးယူနေဟု စင်ကာပူပြည်ထဲရေးထုတ်ပြန်

ငြိမ်းချမ်း ၊ကျော်သူမောင်ရန်ကုန်
Issue No. 2177, Friday, July 12, 2019

စင်ကာပူနိုင်ငံတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို ကူညီထောက်ခံနေသော မြန်မာနိုင်ငံ သားအုပ်စု တစ်စု ကို အရေးယူ ဆောင်ရွက်နေပြီး လူဝင်မှုဆိုင်ရာ အခွင့်အရေးများကို ပယ်ချ၍ နှင်ထုတ်မည်ဟု စင်ကာပူပြည် ထဲရေးဌာန (MHA) က ထုတ်ပြန်သည်။

Thursday, July 11, 2019

( 12.07.2019 ) ကြေးမုံ သတင်းစာ

( 12.07.2019 ) မြန်မာ့အလင်း သတင်းစာ

စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရ ဖြေဖို့ ငြင်းဆို

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-07-11

                                     

စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြား လိုက်ပါတယ်။

ရိုဟင်ဂျာတွေကို NVC ထုတ်ပေးမယ့် အစီအစဉ် ဖျက် သိမ်းပေးဖို့ BHRN တောင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
11-07-2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ။

■ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ထုတ်ပေးမယ့် NVC ခေါ် နိုင်ငံသားစိစစ်မှု သက်သေခံ ကတ် ပြား အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ လန်ဒန်အခြေစိုက် BHRN မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက်က အစီ ရင်ခံစာတခု ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */