11-07-2019
■ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ထုတ်ပေးမယ့် NVC ခေါ် နိုင်ငံသားစိစစ်မှု သက်သေခံ ကတ် ပြား အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ လန်ဒန်အခြေစိုက် BHRN မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက်က အစီ ရင်ခံစာတခု ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက မြန်မာအာဏာပိုင်တွေ လက်ထဲမှာ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုရောက် ရှိနေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ ရှိပြီးသားဖြစ်တဲ့ အတွက် NVC ထုတ်ပေးဖို့မလိုဘဲ ရိုဟင်ဂျာတွေကို သူတို့ထွက်ပြေးလာခဲ့တဲ့ မူလနေရပ်တွေကို ပြန်ပို့ရမှာ ဖြစ်တယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။
ဒါ့အပြင် BHRN အစီရင်ခံစာမှာ မြန်မာအစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို ကုလသမဂ္ဂ လူ့အခွင့်အေ ရး ဆိုင်ရာ ကြေညာစာတမ်း နဲ့အညီ ပြင်ဆင်ရေးဆွဲဖို့၊ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့နဲ့ လက်ရှိ ၇ခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ တစ်သိန်းနှစ်သောင်းကျော်ကို မူလနေထိုင် ရာဒေသတွေ ပြန်လည်နေထိုင်ခွင့်ပေးပြီး တခြား မြန်မာနိုင်ငံသားတွေနည်းတူ တန်းတူအခွင့်အရေးတွေ ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အခုလို ပြောကြားချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကို မသိရသေးပါဘူး။ ဒါပေမယ့် မြန်မာအစိုးရ အာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုခြင်း မရှိသလို ဘင်္ဂလားဒေ့ရှ်က ပြန်လာလိုတဲ့ ထွက်ပြေးဒုက္ခသည်တွေအနေနဲ့ သက်သေအထောက်အထား တခုခုပြနိုင်သူတွေကို လက်ခံပြီး ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ အညီ စိစစ်မယ်လို့ ပြောကြားထားပါတယ်။
လင့်၊

No comments:
Post a Comment