Friday, July 12, 2019

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ညီလာခံ ရိုဟင်ဂျာတွေ ဖိတ်ကြား

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇူလိုင်၊ 2019
 အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback (မတ်၊ ၁၁၊ ၂၀၁၉)
 
ကမ္ဘာတဝှမ်း ဘာသာရေးဖိနှိပ်မှုတွေ ဖြစ်ပေါ်နေတာတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတခု ရှေ့ သီတင်းပတ်အတွင်း ဝါရှင်တန် ဒီစီမြို့မှာ ကျင်းပမယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြော ပါတယ်။ အခု ကျင်းပမယ့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံကို ရိုဟင်ဂျာတွေ အပါအဝင် နိုင်ငံပေါင်း တဒါဇင် ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ကြောင်း အမေရိကန် ဘာသာရေး လွတ် လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး Sam Brownback က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သံအမတ်ကြီး Brownback က ထည့်သွင်းပြောဆိုသွားတာမှာတော့ -

“ဒီညီလာခံကို တက်ရောက်ကြားနာမယ့်သူတွေ စာရင်းထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ကိုယ်စားလှယ်တွေလည်း ပါဝင်မယ့်အကြောင်း၊ ညီလာခံကို တက်ဖို့အတွက် အမေရိကန် ပြည် ထောင်စုနဲ့ သဘောထားချင်း တိုက်ဆိုင်တဲ့ နိုင်ငံတွေကိုသာ ဖိတ်ကြားထားတာကြောင့် မြန်မာ အစိုးရ ကိုယ် စား လှယ်တွေ ပါမှာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကိုတော့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံ လို့ သတ်မှတ်မ ထားကြောင်း ပြောကြားခဲ့ပါတယ်။”

တရုတ်နိုင်ငံ ရှင်ဂျန်းဒေသက မွတ်ဆလင် လူနည်းစုတွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း သမ္မတ Donald Trump အစိုးရက မီးမောင်းထိုး တင်ပြနေပြီး အဲဒီ အခွင့်အရေးချိုးဖောက်မှုမှာ ပါဝင်သူတွေ နဲ့ ထိတွေ့ ဆက်ဆံတဲ့ ကုမ္ပဏီတွေကို အရေးယူမယ့် ပိတ်ဆို့မှုတွေလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။

ညီလာခံကို ဖိတ်ကြားထားသူတွေထဲ မကြာသေးခင်က San Diego မြို့က ဂျူးဘုရားမှာ ဖြစ်သွားခဲ့တဲ့ ပစ်မှု၊ နယူးဇီလန်နိုင်ငံ ဗလီကျောင်း ပစ်ခတ်မှု၊ သီရိလင်္ကာမှာ Easter Sunday နေ့မှာ တိုက်ခိုက်ခံခဲ့ရမှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ အတွင်း သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */