နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂ဝ၁၉
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်၁၂ နာရီကျော် ခန့်မှ စပြီး မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့က တစ်ချိန်တည်း စပြတ် သွားတာပါ။ ရသေ့တောင်မြို့နဲ့ ဘူးသီးတောင် မြို့ ကြားက ၆၆ လိုင်းမှာ အဲဒီအနားမှာ ပြသနာ တစ်ခုဖြစ်နေတယ်။ အဲဒါ ဘယ်နားမှာရှိလဲ ကျွန်တော်တို့ လိုက်ရှာနေတုန်းပါ။ အဲဒါကို လုပ်ပြီးမှ လျှပ်စစ်မီး ပြန်ဆင်လို့ ရပါမယ်”ဟု မောင်တောမြို့နယ် လျှပ်စစ် အင် ဂျင်နီယာ ဦးအောင်အောင်လှစောက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက လျှပ်စစ်မီးပြန်ရရန်အတွက် အသီးသီးလုပ်ဆောင် လျက်ရှိ သော်လည်း ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် ဒေသခံများတွင် အခက်အခဲများ ဖြစ် ပေါ် လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့သို့ ဆက်သွယ်ရာ အစိုးရဝန်ထမ်း တစ်ဦးက “ လျှပ်မီးမရတာ မနေ့ကတည်းကဆိုတော့ အားလုံးအခက်အခဲပါ။ အစိုးရဌာနဆိုင်ရာတွေ၊ ဘဏ်တွေ၊ ဆေးရုံတွေ အကုန်လုံး အခက်အခဲဖြစ်သွား ပါ တယ်။ ဖုန်းတွေလည်း အားသွင်းလို့ မရတော့ဘူး။ လျှပ်စစ်မီးကို အားကိုးအားထားတဲ့ လုပ်ငန်းတွေ၊ ကား ဝပ်ရှော့ခ်တွ အကုန်လုံး ရပ်တန့်နေတယ်” ဟု ပြောကြားသည်။
မောင်တောမြို့မှ ဒေသခံတစ်ဦးဖြစ်သည့် ဦးမောင်လှကြည်က “ထမင်းချက်လို့ အဆင်မပြေဘူးလေ။ ညဆို ရင် မှောင်နေပြီ။ မီး မလာတော့ ထမင်းလည်း ချက်လို့ မရဘူး။ ထမင်းဆိုင်မှာ ထမင်းပါဆယ်ထုပ်တွေက ဝိုင်းအုံသွားကြတယ်။ တစ်ချို့ပြောတာကတော့ နောက် သုံးရက် လေးရက်လောက် မီးက ပြတ်နေဦးမယ် လို့ ပြောကြတယ်။ ”ဟု ပြောသည်။
ဘူးသီးတောင်မြို့တွင် ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၃ဝရက်နေ့မှစတင်၍ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့၌ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်ရရှိခဲ့ကြောင်းလည်း သိရသည်။

Link : Here
No comments:
Post a Comment