" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 12, 2019

AA ကို ကူညီထောက်ခံနေသည့် မြန်မာနိုင်ငံသားများ ကို အရေးယူနေဟု စင်ကာပူပြည်ထဲရေးထုတ်ပြန်

ငြိမ်းချမ်း ၊ကျော်သူမောင်ရန်ကုန်
Issue No. 2177, Friday, July 12, 2019

စင်ကာပူနိုင်ငံတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို ကူညီထောက်ခံနေသော မြန်မာနိုင်ငံ သားအုပ်စု တစ်စု ကို အရေးယူ ဆောင်ရွက်နေပြီး လူဝင်မှုဆိုင်ရာ အခွင့်အရေးများကို ပယ်ချ၍ နှင်ထုတ်မည်ဟု စင်ကာပူပြည် ထဲရေးဌာန (MHA) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသားများအနေ ဖြင့် ပြည်တွင်းနိုင်ငံရေး ပြဿနာ ကို စင်ကာပူသို့ သွင်းယူမလာရန် နှင့် မည်သည့် ပုဂ္ဂိုလ်မဆိုဖြစ်စေ၊ ဒေသခံဖြစ်စေ စင်ကာပူနိုင်ငံ လုံခြုံ ရေးအတွက် အန္တရာယ်ရှိသော ယင်းလုပ်ရပ်မျိုးတွင် ပါဝင်ပါက သေချာစွာ စစ်ဆေးခံရမည်ဟု MHA က ဇူလိုင် ၁၀ ရက်၌ ထုတ် ပြန်သည်။

မြန်မာအစိုးရကို ဆန့်ကျင် သော လက်နက်ကိုင်အကြမ်းဖက် မှုအတွင်း ထောက်ခံမှုရယူရန်နှင့် စည်းရုံးရန် စင်ကာပူကို စင်္ကြံတစ် ခုအဖြစ် အသုံးချခြင်းကြောင့် MHA က မြန်မာနိုင်ငံသားအချို့ကို အရေးယူဆောင် ရွက်နေသည်ဟု ထုတ်ပြန်သည်။ ထိုအရာက စင်ကာပူလုံခြုံရေး အန္တရာယ်ဖြစ်သည်ဟု ဆိုသည်။

စင်ကာပူသို့ လာရောက်လည်ပတ်သူ၊ အလုပ်လုပ်၍ နေ ထိုင်သော နိုင်ငံခြားသားများအနေ ဖြင့် မိမိတို့ ဥပဒေ များကို လိုက်နာ ရမည်ဟု ထုတ်ပြန်ချက်က ဆို သည်။ စင်ကာပူရှိ မြန်မာနိုင်ငံ သားများအနက် အများစုက ဥပဒေလိုက်နာပြီး မိမိတို့နိုင်ငံအတွက် ကူညီပေးနေသည်ကို MHA က အသိအမှတ်ပြုသည်ဟု ပါရှိသည်။ မိမိတို့ကြား လိုက်လျောညီထွေစွာ နေထိုင်နေသော ကျန်အသိုင်းအ ဝိုင်းတစ်ခုလုံး၏ အထောက်အကူဖြစ်မှုကို လူအ နည်းငယ်၏လုပ် ရပ်က အစွန်းအထင်း မဖြစ်စေ ရေး သတိထားရမည်ဟုဆိုသည်။

စင်ကာပူရှိ မြန်မာနိုင်ငံသား အုပ်စုတစ်စုသည် ULA/AA ကို ထောက်ခံကူညီပေးရေး မြန်မာအသိုင်း အဝိုင်း အဖွဲ့ဝင်အချို့ကို စည်းရုံးကာ စုဝေးခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများက ဖော်ပြနေသည်ဟု ပါရှိသည်။

စုံစမ်းမှုတွင် ပါဝင်သူများ သည် AA အတွက် ဘဏ္ဍာငွေ ထောက်ပံ့ခဲ့ပြီး လူတစ်ဦးက AA သို့လစဉ် ပုံမှန် ထည့်ဝင်ပေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ၎င်းတို့က စင်ကာပူတွင် ပြီးခဲ့သည့် လက ပြုလုပ်သည့် AA နှင့် ULA တည် ထောင်မှု (၁၀)နှစ်ပြည့်အခမ်းအ နား၌ ပါဝင်ခဲ့သည်ဟု ထုတ်ပြန် ချက်က ဆိုသည်။

 စုံစမ်းစစ်ဆေးခဲ့ သူများအနက် တစ်ဦးက AA ခေါင်းဆောင်တစ်ဦးနှင့် တိုက် ရိုက်ဆက်နွှယ်နေသည်ဟု ဆို သည်။

သို့သော် MHA ၏ ထုတ်ပြန် ချက်တွင် ဖမ်းဆီးစစ်ဆေးနေ သည့် မြန်မာနိုင်ငံသား အရေအ တွက်ကို ဖော်ပြ ခြင်း မရှိပေ။

စင်ကာပူရောက် ရခိုင်တိုင်း ရင်းသားများ၏ ပြောပြချက်အရ စင်ကာပူနိုင်ငံအခြေစိုက် ရခိုင် အသင်း (စင်ကာ ပူ)  ဥက္ကဋ္ဌနှင့် AA ဦးစီးချုပ်၏ ညီဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသားခြောက်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်း ဆီးထား ကြောင်း ပြောသည်။

စင်ကာပူရောက် ရခိုင်တိုင်း ရင်းသား ဖမ်းဆီးခံရမှု၊ MHA ၏ သတင်းထုတ်ပြန်ထားမှုနှင့် ပတ် သက်ပြီး စင် ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ အီးမေးလ်မှတစ်ဆင့်ယမန်နေ့က ဆက်သွယ်မေးမြန်းရာ အကြောင်းပြန် ခြင်း မရှိသေးပေ။

ရခိုင်အသင်း (စင်ကာပူ) ဥက္ကဋ္ဌ ဦးဟိန်းဇော်နှင့် ဒုဥက္ကဋ္ဌ၊ ပြန်ကြားရေးတာဝန်ခံအပါအဝင် လေးဦးကို ဇူလိုင် ၉ ရက်က ဖမ်း ဆီးခေါ်ဆောင်ခြင်းဖြစ်ပြီး ကျန် နှစ်ဦးကို ဇူလိုင် ၁၀ ရက်တွင် ထပ်မံဖမ်းဆီးခဲ့သည်ဟု စင်ကာ ပူ ရောက် ရခိုင်တိုင်းရင်းသားများ က ပြောသည်။

သို့သော် ဖမ်းဆီးစစ်ဆေးခံရ သူ ခြောက်ဦးအနက် နှစ်ဦးသည် ဇူလိုင် ၁၀ ရက် ညတွင် ရန်ကုန် မြို့သို့ ပြန် လည်ရောက်ရှိလာသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */