" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 13, 2019

စင်္ကာပူ ရခိုင် အသင်း ခေါင်းဆောင် အချို့ကို AA အဖွဲ့ နဲ့ ဆက်စပ်ပြီး ငွေတု ပြုလုပ်မှု နဲ့ ဖမ်းဆီးတာလို့ ရဲ ကပြော

B B C
ဘီဘီစီ ၿမန္မာပိုင္း
13-07-2019   
 ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင် အချို့ကို AA အဖွဲ့ နဲ့ ဆက်စပ်ပြီး ငွေတု ပြုလုပ်တာနဲ့ ပတ်သက်လို့ဖော်ထုတ်ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့ ကထုတ်ပြောပါတယ် ။

ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ အမြန်လမ်းရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ သတင်းမှာ အခုလိုဖော်ပြတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး လှရီကတော့"အမြန်လမ်းမှာ ဖမ်းတာ နေပြည်တော်ကိုမေးပါ ၊ရန်ကုန် မှာဖမ်းတာကလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကဖမ်းတာ မဟုတ်ဘူး၊ အထူးသတင်းတပ်ဖွဲ့ ကဖမ်းတာပါ"လို့ ဘီဘီစီကို ပြောပါတယ် ။

AA အဖွဲ့ နှင့် ဆက်စပ်ငွေတု ပြုလုပ်မှုနှင့် ပတ်သက်ပြီးဖော်ထုတ်ဖမ်းဆီးတာလို့ရဲကပြောတာက တော့ဦး တင် လှိုင်ဦး၊ ဒေါ်အေးမြတ်မွန်တို့ဖြစ်ပြီး တော့ သူတို့ကို မောင်းပို့ပေးတဲ့ ရခိုင်လူမျိုးကားမောင်းသူ လည်းဖမ်း ခံ ထားရတယ် လို့သိရပါတယ်။
  စင်္ကာပူ နိုင်ငံကနေ ပြည်နှင်ဒဏ် ပေးခံရသူ ရခိုင်အသင်း (စင်္ကာပူ ) ခေါင်းဆောင် တွေကတော့ ဦးအောင် မြတ်ကျော် (AA စစ်ဦးစီးချုပ်၏ ညီ)၊ ဦးထွန်းအေး၊ ဦးဟိန်းဇော်၊ ဦးရဲကျော်ထက်၊ ဦးတင်လှိုင်ဦး၊ ဒေါ်အေး မြတ်မွန်တို့ဖြစ်ပြီး ဇူလိုင် ၁၁ ရက်က ဖမ်းခံရတာလို့ ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်တွေရဲ့မိသားစုဝင် တချို့က ပြောပါတယ်။

ဇူလိုင် ၁၁ ရက်က ဖမ်းဆီးပြီးနောက်ပိုင်းမှာ ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင် အချို့ကို အခုလို AA အဖွဲ့ နှင့် ဆက်စပ်ငွေတု ပြုလုပ်မှုနှင့်ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းတာလို့ရဲတပ်ဖွဲ့ဘက်က ပထမဆုံး ထုတ်ပြော လာတာလည်းဖြစ်ပါတယ်။

ရန်ကုန်မှာ ဖမ်းဆီးထားတဲ့သူတွေ ကို ဘာအမှုနဲ့ ဖမ်းတာလဲ ဆိုတာနဲ့ ပက်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းမှုကို လည်းရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီး လှရီ ကဖြေကြားခြင်းမရှိပါဘူး။

ရန်ကုန်မှာ လည်းရခိုင်အချို့ ထပ်မံဖမ်းဆီးခံရမှုတွေရှိတယ်လို့ သိရပေမဲ့ ရဲတပ်ဖွဲ့ ကရော ရခိုင်အသိုင်းဝိုင်း ကပါ အတည်ပြု ပြောဆိုတာမျိုးမရှိသေးပါဘူး။

အခု ဖမ်းဆီးခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး မြန်မာတချို့ဟာ စင်္ကာပူ နိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက အကြမ်း ဖက်တိုက်ခိုက်မှုတွေကို အားပေးကူညီလို့ အရေးယူမှုတွေလုပ်နေတယ်ဆိုပြီး စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီလို အားပေးကူညီမှုဟာ စင်္ကာပူ နိုင်ငံရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါနဲ့ ပတ်သက်ပြီးလုံခြုံရေးကို ထိပါးစေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို နေထိုင်ခွင့်ရုပ်သိမ်းပြီး စင်္ကာပူ နိုင်ငံကနေ ပြန်ပို့မယ်လို့လည်း ကြေညာခဲ့ပါတယ်။

စင်္ကာပူ နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ခန်းမတခုငှားပြီး AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အထိမ်း အမှတ် ပွဲ ကျင်းပ ရာမှာAA စစ်သားများအဖြစ် သရုပ်ဖော်ပြတဲ့ ပြဇာတ်တွေကပြတာ။ AAစစ်ခေါင်းဆောင် နဲ့ ဗီဒီယို ကော ခေါ်ကာ မိန့်ခွန်း နားထောင်တာတွေ ကိုပြုလုပ်ခဲ့တယ်လို့ စင်ကာပူ ပြည်ထဲရေးကထုတ်ပြန်တဲ့ သ တင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စင်ကာပူပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်အဖွဲ့လို့ ရေးသားဖော်ပြတာကို ကန့်ကွက်ကြောင်း AA ဘက်ကလည်း ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြီးတုန့်ပြန်ထားပါတယ်။

AA ၏ ထုတ်ပြန်ချက်ထဲမှာရခိုင်အသင်း (စင်္ကာပူ)ဟာ ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင်ဒုက္ခသည် တွေ အတွက် အလှူငွေ ကောက်ခံခြင်းသာ ဖြစ်ပြီး AA အတွက် ရန်ပုံငွေ ကောက်ပေးတယ် ဆိုတာဟာ မျှတမှု မရှိတဲ့စွပ်စွဲချက်သာ ဖြစ်တယ် လို့လည်း တုံ့ပြန်ထားပါတယ်။

ထပ်မံရရှိတဲ့ သတင်းတွေအရေတာ့ အမြန်လမ်းရဲတပ်ဖွဲ့ က ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင် နှစ်ဦးကို အမြန်လမ်းမှာဖမ်းပြီး အဲဒီဖမ်းမိသူတွေကို ဇူလိုင်လ ၁၂ ရက် က အထူးသတင်းတပ်ဖွဲ့ ကို ပြန်လည် လွှဲပြောင်း ပေးပြီး ဖြစ်တယ် လို့လည်း သိရပါတယ် ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */