လွတ်လပ်တဲ့ အာရှအသံ
2019-07-13
တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန် ရောက် ချင်းတိုင်းရင်းသားတွေ ၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့က လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြစဉ်
ဓါတ်ပုံ - ထက်အာကာ/ RFA
ဓါတ်ပုံ - ထက်အာကာ/ RFA
ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်မှာ အစိုးရရဲ့တရားဝင်တပ်ဖွဲ့တွေနဲ့ ချင်းပြည်နယ်နဲ့ဆိုင်တဲ့ တပ်ဖွဲ့ဝင် တွေသာ ချင်းပြည်နယ်ထဲမှာ လှုပ်ရှားခွင့်ရှိတယ်ဆိုပြီး နားလည်ထားတဲ့အချက်တွေအရ ရခိုင်တပ်ဖွဲ့ဖြစ်တဲ့ AA အနေနဲ့ ချင်း ပြည်နယ်ထဲမှာ တပ်စွဲထားတာ ထွက်ခွာပေးဖို့ တောင်းဆိုတာလို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ AA လက်နက်ကိုင်တပ်ဖွဲ့တပ်စွဲနေတာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်း က ဖြစ်ကာ ငါးနှစ်နီးပါးကြာနေပြီဖြစ်ပြီး ပလက်ဝမြို့နယ်ထဲက ချင်းတိုင်းရင်းသားဒေသခံတွေကိုလည်း ဖမ်း ဆီးထားတာတွေရှိသလို တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
AA ကတော့ ချင်းပြည်နယ်ထဲက သူတို့တပ်တွေထွက်ခိုင်းရင် အစိုးရတပ်မတော်ကို အရင်ထွက်သွား ခိုင်း မှဖြစ်မယ်၊ ချင်းတိုင်းရင်းသားတွေကိုလည်း ဖမ်းဆီးထားတာ မရှိဘူးလို့လည်း AA ပြောခွင့်ရသူ ခိုင်သုခ က ငြင်းဆိုထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့မှာဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော် နဲ့ AA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ် တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်ရောက် ချင်းတိုင်းရင်း သား ၁၀၀ နီးပါး ဟာ ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
(RFA သတင်းထောက် ကိုထက်အာကာ ပေးပို့သည်)
Link : Here
No comments:
Post a Comment