" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, July 11, 2019

ရခိုင်ဒေသ တိုက်ပွဲများကြောင့် ခြောက်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၉၅ မှုရှိဟု ထုတ်ပြန်

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်နေသည့် ခြောက်လ အတွင်း ပြည်သူ သုံး သောင်းကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရ ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအ စည်းအရုံး (AASYC)က ထုတ် ပြန်သည်။

ဘူးသီးတောင် ကံပြင်ကျေးရွာသားတွေ အခြေအနေ လွှတ်တော်အမတ်စိုးရိမ်

VOA  
ဗွီအိုအေ (မြန်မာဌာန)
11 ဇူလိုင်၊ 2019
နိုင်ကွန်းအိန်
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို မြန်မာစစ်တပ်က ပိတ်ဆို့ပြီး၊ ကျေးရွာသားတွေကို စစ်ဆေး မေးမြန်းနေတာ သီတင်းတပတ်ကျော်သွားပါပြီ။ ဒီအတွက် ကျေးရွာသားတွေရဲ့ နေရေးစားရေး အ တွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်မကင်းရှိနေပါတယ်။

Wednesday, July 10, 2019

( 11.07.2019 ) ကြေးမုံ သတင်းစာ

( 11.07.2019 ) မြန်မာ့အလင်း သတင်းစာ

စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ AA နဲ့ ပတ်သက်သူ ခြောက်ဦးကို ပြည်နှင်ဒဏ်ပေးမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
 ၂ဝ၁၉ ဧပြီလ ၈ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁ဝ ကြိမ်မြောက် ရခိုင့်တပ်တော် AA ဂုဏ်ပြုပွဲ အခမ်းအနား။Photo: Arakan Thu/FB
 
AA ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ - ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်-စင်္ကာပူအသင်းက ၆ ယောက်ကို စင်္ကာပူ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေကို စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ် ပေးသွားမှာ ဖြစ်တယ်လို့ စင်္ကာပူ ပြည်ထဲရေးဌာနက ဇူလိုင်လ ၁ဝ ရက် ရက်စွဲနဲ့ ကြေညာ ချက် တစ်စောင် ထုတ်ပြန်ပါတယ်။

AA စစ်ဦးစီးချုပ်ရဲ့ညီဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်း သားခြောက်ဦး စင်္ကာပူမှာဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
ရခိုင်အသင်း(စင်္ကာပူ) အမှတ်တံဆိပ်ကို တွေ့ရစဉ်၊ဓါတ်ပုံ - ရခိုင်အသင်း(စင်္ကာပူ)

                                    

AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ဖမ်း ဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။

ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု

ဧရာဝတီ
နန်းလွင်နှင်းပွင့်
10 July 2019
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဆွေမျိုးတော်စပ်သူဟု ဆိုသည့် ကိုအောင်မြတ်ကျော် / Aung Myat Kyaw
 
စင်ကာပူ အခြေစိုက် ရခိုင်အသင်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင် စုစုပေါင်း ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေကြောင်း စင်ကာပူ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

စစ်သွေးကြွဟု သံသယရှိ ရိုဟင်ဂျာနှစ်ဦး အပါအဝင် နိုင်ငံခြားသား လေးဦးကို မလေးရှား ဖမ်း

ဧရာဝတီ 
By ဧရာဝတီ
10 July 2019
၂၀၁၆ ခုနှစ်က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ဖြစ်ပွားသည့် ဖောက်ခွဲ တိုက်ခိုက်မှု အပြီး တာဝန်ရှိသူများက ရှင်းလင်းနေစဉ် / Reuter

စစ်သွေးကြွ အုပ်စုများတွင် ပါဝင်သည်ဟု သံသယရှိသောကြောင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ နှစ်ဦးအပါအဝင် နိုင်ငံခြားသား လေးဦးကို မလေးရှားက ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာ သည်။

ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များ ရှောင်တခင် ဖမ်းဆီးခံရ

DMG
နေရောင်မင်း | DMG
ဇူလိုင် ၁၀၊ စစ်တွေ
ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်၏ ညီတော်စပ်သူ)အား တွေ့ရစဉ်။ (Photo - Aung Mrat Kyaw Facebook)

ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းက စင်္ကာပူနိုင်ငံရှိ ရခိုင်အသင်း(စင်္ကာပူ) Arakan Association (Singapore) ၏ ခေါင်းဆောင်များ သူတို့၏နေအိမ်အသီးသီးတွင် ဖမ်းဆီးခံရသည်။

ရိုဟင်ဂျာပြဿနာအဖြေရှာရေး အဓိက ၃ ချက် ဗြိတိန်သံအမတ်ကြီး တင်ပြ

10 ဇူလိုင်၊ 2019  

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အတွက် ရေရှည်အဖြေရှာရာမှာ အချက်၃ ချက်အတိုင်း လုပ်ဆောင်ဖို့ အရေး ကြီးကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Robert Chatterton Dickson က တနင်္လာနေ့ ဒက် ကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်စစ်တွေ ရောက်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာ စစ်တွေမြို့ကို ၂၀၁၉ ဇူလိုင် ၁၀ ရက်နေ့က ရောက်ရှိလာစဉ် Photo: Min Thein Aung/RFA

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာဟာ ဒီနေ့ မနက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ရခိုင်အမျိုးသားပါတီ ANP ရုံးမှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပါတယ်။

ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စ တွေ သွားလေ့လာပြီး ထုတ်ပြန်မယ်

B B C
ဘီဘီစီ မြန်မာပိုင်း
10-07-2019
                  ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေသွားလေ့လာပြီးထုတ်ပြန်မယ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီးက ထိုင်းနိုင်ငံမှာ 
ရောက် ရှိနေတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စစ်တွေမြို့သို့ရောက်ရှိ

မြန်မာ့အလင်း သတင်းစာ
စစ်တွေ ဇူလိုင် ၁၀
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် Mrs. Christine Schraner Burgener ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။
                                                                      

Tuesday, July 9, 2019

အာဆီယံ၏ ရခိုင်အရေးချဉ်းကပ်မှု အကျိုးဖြစ်ထွန်း နိူင်မလား

ကျောက်တော် ကစ္ဆပနဒီတံတားအနီးတွင် တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားဟု AA ပြော

( 10.07.2019 ) ကြေးမုံ သတင်းစာ

( 10.07.2019 ) မြန်မာ့အလင်း သတင်းစာ

ကျောက်တော်မှာ မြန်မာစစ်တပ်ယာဉ်တန်း တိုက်ခိုက် ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
09 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ် ဘူးသီးထောင်မှာ တပ်စွဲထားသော မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇)

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကစ္ဆပနဒီ တံတားအနီးမှာ မြန်မာတပ်မတော် ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

ကံပြင်ရွာသား ၂၀ ကျော် ဘုန်းကြီးကျောင်းမှာ ထိန်း သိမ်း ခံထားရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-09
AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာကို ၂၀၁၈ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာတဲ့ ကံပြင်ရွာသားတွေကို တွေ့ရစဉ်hoto: Mg Soe Than


■ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို တပ်မ - ၂၂ ရဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်ပါတဲ့ တပ်မေ တာ် စစ်ကြောင်းတစ်ခုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကရောက်ရှိလာပြီး စခန်းချနေတာလို့ ရွာသားတွေ ကပြောပါတယ်။

ရသေ့တောင်မြို့နယ်၊အမျက်တောင်ကျေးရွာမှ နေ အိမ် ၁၁လုံးမီးရှို့ခံရမှု အမှုဖွင့်၍မရဟုဆို

နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၉/ ၂ဝ၁၉



ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာမှ နေအိမ် ၁၁ လုံး မီးရှို့ခံရမှုအပေါ် မီးသတ် အေ နနဲ့ အမှုဖွင့်၍ မရကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ အမှုတွဲက ဒီမီးနဲ့ပတ်သက်လို့ အမှုတင်လို့ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမီးက ရှို့မီးလည်း မဟုတ်သလို ပေါ့ဆမီးလည်း မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။ တိုက်ပွဲကြောင့်ဖြစ်တဲ့မီးဖြစ်ပါတယ်။ တိုက် ပွဲကြောင့် ဖြစ်တဲ့မီးမို့ ကျွန်တော်တို့ မီးသတ်က အမှုတွဲတင်လို့တော့ မရပါ” ဟု ပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */