VOA
ဗွီအိုအေ (မြန်မာပိုင်း)
ဗွီအိုအေ (မြန်မာပိုင်း)
02 ဇွန်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတိပေးချက်တွေ ကြေငြာနေတဲ့ မြင်ကွင်း။ (မေ၊ ၁၅၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံး သွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူဟာ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူ အသက် ၇၁ နှစ်အရွယ်အမျိုးသား ဖြစ်ကြောင်းနဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abu Toha M.R. Bhuiyan က သတင်းထောက်တွေကို ပြောပါတယ်။