Friday, May 15, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦး ပထမဆုံးတွေ့ရှိ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စောဖိုးခွား
2020-05-14

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံ ထား ရတဲ့သူ ၂ ဦးကို ပထမဆုံးတွေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ မနေ့ကထုတ်ပြန်ပါတယ်။ ဒုက္ခသည်စခန်းထဲမှာ ရောဂါပိုးတွေ့တဲ့သူ နှစ်ယောက်ထဲက တစ်ယောက်ဟာ မြန်မာနိုင်ငံက ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ဖြစ်တယ်လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြုပြောပါတယ်။

" Camp ထဲမှာ ရောဂါပိုးရှိတဲ့သူနှစ်ယောက်တွေ့ပါတယ်။ တစ်ယောက်ကတော့ ဒုက္ခသည်ပါ၊ တစ်ယောက်ကတော့ ဒုက္ခသည်မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ဒုက္ခသည်စခန်းမှာ ကမ္ဘာပေါ်မှာ လူအများဆုံးဒုက္ခသည်စခန်းကြီး ဖြစ်ပါတယ်။စတုရန်း တစ်ကီလိုမီတာမှာ လူလေးသောင်းစုပြီး နေနေရလို့ အရမ်းကို စိုးရိမ်ရပါတယ်"

ဒီရောဂါကူးစက်ခံထားရတဲ့သူဟာ ဘယ်ဒုက္ခသည်စခန်းထဲကဖြစ်တယ်ဆိုတာကိုတော့ သူကမပြောပါဘူး။ မြန်မာ နိုင်ငံက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ အခြေချနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားဒေ သမှာ မနေ့ကအထိ ရောဂါကူးစက်ခံထားရတဲ့သူ ၁၃၂ ယောက်ရှိပါတယ်။ မနေ့ကတွေ့ရှိတဲ့နှစ်ယောက်ဟာ ရိုဟင်ဂျာစခန်းထဲက ပထမဆုံးနှစ်ယောက်ပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ အင်တာနက်တွေပိတ်ထားတာကြောင့် ကိုရိုနာ ဗိုင်း ရပ်စ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ရဖို့ ခက်ခဲနေတယ်လို့လည်း UNHCR ရဲ့ ပြောရေးဆိုခွင့် ရှိသူ Louise Donovan က ဆက်ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ်အစိုးရက Camp တွေထဲမှာအင်တာနက်တွေဖြတ် တောက်ထားတာပါ။ ဒါကိုပြန်ဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း UNHCR က တောင်းဆိုနေပါတယ်။ Camp ထဲက ရိုဟင်ဂျာဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရဖို့ အင်တာ နက်ပြန်ဖွင့်ပေးဖို့လိုတယ်"

UNHCR အဖွဲ့က လက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာ ပေး လက် ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ လက်ဆေးဆပ်ပြာရည်အပါအဝင် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဖြန့်ဝေတာတွေ လုပ်ဆောင်နေသလို လာမယ့်သီတင်းပတ်ထဲမှာ လူနာ ၂၅၀ ဝင်ဆန့် မယ့် စောင့်ကြည့်ရေးစင်တာတစ်ခုကို ဖွင့်တော့မယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်တွေအတွင်း ရိုဟင်ဂျာတစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင် ငံဘက်ကို ထွက်ပြေးခဲ့ကြတာပါ။ လူတွေ စုပြုံနေကြတဲ့ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာဒုက ္ခသည်တွေ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေနိုင်ဖို့လည်း ခက်ခဲနေတာကြောင့် ရောဂါကူးစက်ခံရနှုန်း အများဆုံးနေရာဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ကော့ဆက်ဘဇားမှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ် အစည်းအရုံးဒါရိုက်တာ ကိုခင်မောင်က camp အတွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်ပြန့်ပွားမလာအောင် ဘင်္ဂလား ဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အချက်သုံးချက် တောင်းဆိုပါတယ်။

"ကျနော်တို့ အဓိက တောင်းဆိုချင်တာက များများ ကျနော်တို့ကို စစ်ပေးဖို့လိုတယ်။ အင်တာနက်ဖွင့်ပေးဖို့ လိုတယ်။ Covid 19 နဲ့ပတ်သက်ပြီး ပညာပေးတာတွေ များများလုပ်ဖို့ လိုတယ်။ တကယ်လို့များ ဒီ Camp ထဲမှာ ဖြစ်ခဲ့ရင် ကမ္ဘာ့နံပါတ်တစ် အကူးခံရတဲ့နေရာ ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာမှာ လူ တွေစုပြီးနေနေရတာ ဒီတစ်နေရာပဲရှိတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရတဲ့သူစတင်တွေ့ ရှိပြီးနောက်ပိုင်း မတ်လ ၂၆ ရက်နေ့ကစပြီး အစိုးရက အသွားအလာကန့်သတ်တဲ့အမိန့် Lockdown ချထား တာ ဒီနေ့အထိပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဘင်္ဂလားဒေ့ရှ်မှာ မနေ့ကညပိုင်းထိ သေဆုံးတဲ့သူ ၃ဝဝ နီးပါး နဲ့ ရောဂါကူးစက်ခံထားရတဲ့သူ ၁၉၀၀၀ လောက်ရှိပါတယ်။
 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */