RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-05-15
ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ် ကော့ဆက်ဘဇားဒေသမှာ မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂ ယောက်ရှိပြီး အဲဒီအထဲက နှစ်ယောက်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီ နှစ်ယောက်ထဲကမှ ရိုဟင်ဂျာတစ်ယောက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ တစ်ယောက်ဖြစ်တယ် လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြုပြော ထားပါတယ်။ သူဟာ ကုတုပါလောင်ဒုက္ခသည်စခန်း အမှတ် ၁ အရှေ့ဘက် စခန်းက အသက် ၃၇ နှစ် အရွယ် အမျိုးသားတစ်ယောက် ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်
RFA က နောက်ထပ်ရရှိတဲ့ သတင်းအချက်အလက်တွေအရ ဒီ နှစ်ဦးထဲက တစ်ဦးဟာ ရခိုင်ပြည်နယ် မောင်တော မြို့နယ် ခမောင်းဆိပ်ကျေးရွာအုပ်စုကနေ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှု ဖြစ်စဉ်တွေနောက် ပိုင်း ထွက်ပြေးသွားသူ တစ်ဦးဖြစ်ပြီး ဒုက္ခသည်စခန်းမှာ ကွမ်းရွက်ရောင်းပြီး အသက်မွေးနေရသူ ဖြစ်တယ်လို့ လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူလူနာတွေ ကုတုပါလောင်လို လူအစုလိုက်အပြုံလိုက် နေရတဲ့နေရာမှာ တွေ့ရတော့ ကျန်တဲ့သူတွေအတွက် အတော်စိုးရိမ်တယ်လို့ ကုတုပါလောင် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးအောင်မြိုင်က ပြောပါတယ်။
“ နေရာတစ်ခုထဲမှာ စုပြီးနေရတယ် အကြပ်အတည်းမှာ လူတွေကများတယ် အဲကြောင့် ကျနော်တို့က အ များကြီးစိုးရိမ်တယ်၊ လူဆယ်သိန်းနီးပါး တစ်နေရာထဲမှာဆိုတော့ တခြားလူတွေထက်စာရင်အများ ကြီး စိုးရိမ်စရာပါဘဲ၊”
ဒုက္ခသည်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရသလို အာဏာပိုင်တွေဘက်က ကျန်းမာရေး အသိပညာပေးတာတွေလည်း နည်းတာကြောင့် လူအစုလိုက်အပြုံလိုက် ကူးစက်မှာကို စိုး ရိမ်နေကြတာပါ။
တစ်ကမ္ဘာလုံး ထိတ်လန့်နေရတဲ့ ဗိုင်းရပ်စ်ဟာ လူအများဆုံးနေတဲ့ ဒုက္ခသည်စခန်း ရောက်နေတာကြောင့် ဘင်္ဂလားဒေ့ရ်ှအစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ကူညီပေးဖို့ ရိုဟင်ဂျာ လူငယ်အစည်းအရုံး ဒါရိုက်တာ ကိုခင်မောင် က တောင်းဆိုလိုက်ပါတယ်။
“ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခု လူအများကြီးရှိတဲ့ ဒုက္ခသည်စခန်းထဲမှာ တွေ့တာဟာ အင်မ တန် စိတ်ပူစရာကောင်းသလို စိုးရိမ်ဖို့လည်းကောင်းပါတယ်၊ ဒါကို နိုင်ငံတကာရော၊ ဘင်္ဂလားဒေ့ရှ် အစိုး ရ လည်း အာရုံစိုက်ဖို့လိုပါတယ်၊ ဒါကို အလေးထား ဆောင်ရွက်ပေးဖို့လိုပါတယ်၊ အကယ်လို့ အချိန်မှီ မ ထိန်းခဲ့ နိုင်မယ်ဆိုရင် မထိန်းနိုင်မသိမ်းနိုင် အခြေအနေထိ ရောက်ပါလိမ့်မယ်၊ နိုင်ငံ တကာကို မေတ္တာရပ် ခံချင် တာ က အချိန်မှီကာကွယ်ကြပါလို့ ”
ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ အင်တာနက်လည်း ပိတ်ထားတာကြောင့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက် ပြီး သတင်းအချက်အလက်တွေ သိရဖို့ ခက်ခဲနေပြီး ပြန်ဖွင့်ပေးဖို့လည်း နိုင်ငံတကာအဖွဲ့တွေနဲ့ ဒုက္ခသည်တွေ က တောင်းဆိုနေကြပါတယ်။
လူတွေ စုပြုံနေကြတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ တစ်ယောက်နဲ့ တစ် ယောက် ခပ်ခွာခွာနေနိုင်ဖို့လည်း ခက်ခဲနေတာကြောင့် ရောဂါကူးစက်ခံရနှုန်း အများဆုံးနေရာ ဖြစ်လာမှာ ကိုလည်း စိုးရိမ်နေကြပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ရောဂါပိုးတွေ့ရင် ဆက်ပြီး အများကြီး ကူးစက်နိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လို တယ်လို့ ရန်ကုန်မြို့မှာ ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဒေါက်တာ ကျော်စွာ ဦး က ပြောပါတယ်။
“ လူအများစုဝေးနေတဲ့ နေရာမှာ ရောဂါပိုးတွေမယ်ဆိုရင် အထူးဂရုစိုက်ရပါမယ်၊ အဲကနေ အများကြီး ပျံ့နှံ သွားနိုင်ပါတယ်၊ အဲနေရာမှာ တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုမယ်၊ ဒုက္ခ သည် စခန်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ၊ အမိန့်တွေကို သူတို့ ကိုယ် တိုင် လိုက်နာဖို့လိုပါတယ်”
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလည်း ဒီဒုက္ခသည်စခန်းက ပိုးတွေ့ ဒုက္ခသည်တွေကို ဦးစားပေးမယ့် အလား အလာ မရှိတာကြာင့် စခန်းတွေမှာ ပိုအခက်အခဲရှိနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း သူနိုင်ငံသားတွေကို ဦးစားပေး စဉ်းစားမှာဘဲ ဒုက္ခသည်တွေကို နောက် မှစဉ်းစားမှာဘဲ အဲဒါမျိုး ဖြစ်လာပြီဆိုရင်ပေါ့နော် ဒုက္ခသည်တွေရဲ့ ဒုက္ခရောက်မှု၊ ရောဂါပိုပြီးတော့ ကူးလွယ် မယ်၊ အဲရောဂါကြောင့် သေဆုံးမှုများနိုင်တယ်၊ ဘာကြောင်လည်းဆို သူတို့က ဒုက္ခ သည် တွေ ဖြစ်တော့ နိုင် ငံတကာရဲ့ ပံ့ပိုးမှု၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ မြန်မာအစိုးရရဲ့ ပံံ့ပိုးမှုတွေ လုံလုံလောက်လောက်ရ ဖို့ အခွင့်အရေး အရမ်းနည်းတယ်၊ အဲလိုအခြေအနေကိုက စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ”
ဘင်္ဂလားဒေ့ရ်ှ အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိ ပညာပေး အပါအဝင် အထောက်အပံ့တွေ မပေးနိုင်ရင် ပွင့်ပွင့်လင်းလင်းပြောပြီး နိုင်ငံတကာ အဖွဲ့ တွေရဲ့ အကူအညီ ရယူသင့်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မနေ့ကညပိုင်းထိ သေဆုံးတဲ့သူ ၃ဝဝ နီးပါးနဲ့ ရောဂါကူး စက် ခံထားရတဲ့သူ ၁၉၀၀၀ လောက်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့သူ စတင်တွေ့ရှိပြီး နောက်ပိုင်း မတ်လ ၂၆ ရက်နေ့ကစပြီး အစိုးရက အ သွားအလာ ကန့်သတ်ထားပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁သန်းကျော်ဟာ ကော့ဆက်ဘဇားက ဒုက္ခ သည် စခန်း ၃၄ ခုမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment