16 May 2020
A Rohingya refugee stands atop his makeshift shelter in Cox’s Bazar, Bangladesh. Source: Anthony Kwan/MSF
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာရှိပြီး ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိလို့ စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်အယောက် ၁ သန်းနီးပါးရှိတဲ့ နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အရေးပေါ် အဖွဲ့တွေက ထပ်မံကူးစက်ပြန့်နှံ့မှု မဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်။
ဒုက္ခသည်စခန်း ပြင်ပမှာ အဖီတွေဆွဲပြီး နေထိုင်တဲ့လူတွေလည်း ရှိပြီး အဲလို စခန်းပြင်ပက စခန်း ၃၄ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ တွေ့ရှိထားတယ်လို့လည်း ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
Kutupalong ဒုက္ခသည်စခန်းမှာ နေထိုင်သူ အသက် ၃၅ အမျိုးသား တစ်ဦးမှာ ရောဂါရှိကြောင်း ပထမဆုံး တွေ့ရှိတာဖြစ်ပြီး အဲဒီလူက ထွက်ပြေးဖို့ ကြိုးစားပေမယ့် ၄ နာရီအကြာမှာ ရဲတွေက ဖမ်း ဆီးရမိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ T
နောက်ထပ် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးမှာ ရောဂါ ရှိကြောင်း ထပ်မံ တွေ့ရှိထားပေမယ့် အဲဒီ ၃ ဦး တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်စပ်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။
စခန်းအရာရှိ Abdur Rahim ကတော့ ရောဂါတွေ့ရှိသူက ထွက်ပြေးခဲ့လို့ ရောဂါပြန့်နှံ့မှုဖြစ်မှကိုလည်း စိုး ရိမ်မိတယ်လို့ AFP သတင်းကို ပြောပါတယ်။
အဲဒီလူဟာ သူ့နဲ့ ညီအစ်ကို တော်စပ်သူကို မြို့ငယ်တစ်ခုရဲ့ ဆေးရုံမှာ ဆေးကုပေးဖို့ ခေါ်သွားရာက ကူးစက် ခံရတာဖြစ်နိုင်တယ်လို့လည်း Mr Rahim က ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ဘယ်လိုကနေ ဘယ်လို ရောဂါကူးစက်မှုဖြစ်တယ် စတဲ့ ရောဂါ ခြေရာခံမှုတွေကို ကူ ညီကယ်ဆယ်ရေးအေဂျင်စီတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းနေပြီ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ အာဆာလက်နက်ကိုင်အဖွဲ့ကနေ မြန်မာလုံခြုံရေးစခန်းတွေကို တိုက်ခိုက်မှု လုပ်ပြီးနောက် မြန်မာစစ်တပ်ဖက်က နယ်မြေရှင်းလင်းရေးလုပ်ရာက ရိုဟင်ဂျာအယောက် ၇၀၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်စခန်းမှာ ပြွတ်သိတ်နေထိုင်ကြတာ ဖြစ်ပါတယ်။
အဲလို နေရာမှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိသွားရင် တောမီးလိုပဲ ကူးစက်ပြန့်နှံ့သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေ ကြတာ ဖြစ်ပါတယ်။
Cox's Bazar ခရိုင် ကျန်းမာရေးမှူးချုပ် Mahbubur Rahman ကတော့ စခန်းထဲက လူပေါင်း ၅၀၀၀ လောက် နေထိုင်တဲ့ နေရာတစ်ခုကို တခြားလူနဲ့ အဆက်အဆံမရှိအောင် ပိတ်ချမှု လုပ်ထားတယ်လို့ ဆိုပါ တယ်။
ရောဂါရှိသူ လူ ၃ ဦးနဲ့ ထိတွေ့ဆက်စပ်မှု ရှိခဲ့သူတွေကိုလည်း သီးသန့်ခွဲခြားနေထိုင်ခိုင်းတာမျိုး လုပ်ထား တယ်လို့ ပြောပါတယ်။
ရောဂါရှိသူနေထိုင်တဲ့ တဲအိမ်တဝိုက်မှာ အလံနီတွေ ထောင်ထားတာကို တွေ့ရပေမယ့် လူအများအပြားက တော့ အရေးပေါ် အခြေအနေကို သတိမမူပဲ သွားလာနေကြတုန်းပဲလို့ အဲဒီနေရာကို သွားရောက်လေ့လာခဲ့ တဲ့ AFP သတင်းထောက်က ပြောပါတယ်။
ရဲတွေက တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေထိုင်ကြဖို့ social distancing စည်းမျဉ်းတွေနဲ့ သတိ ပေးပေမယ့် နားမထောင်ကြဘူးလို့လည်း ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Catalin Bercaru ရဲ့ အဆိုအရ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ဟာ ဖေဖော်ဝါရီလကတည်းက ရောဂါကူးစက်ခံရသူတွေကို သီးသန့်ခွဲခြားနေထိုင်ခိုင်းဖို့အတွက် ယာယီနေ ရာတွေကို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကုသရေးစင်တာ ၁၂ ခု ပြင် ဆင်ထားပြီး အထူးကြပ်မတ်ရေးအတွက် ကုတင် ၁၉ ၀၀ ပြင်ဆင်ထားသလို quarantine စင်တာ ၅ ခု နဲ့ သီးသန့်ခွဲခြားနေထိုင်ဖို့စင်တာ အခု ၂၀ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

A general view of a Rohingya refugees' makeshift camp in Kutubpalang, Cox Bazar district, Bangladesh EPA
Thousands at risk
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကလည်း ဧပြီလအစောပိုင်းကတည်းက ဒုက္ခသည်အပါအဝင် လူဦးရေ ၃.၄ သန်းရှိတဲ့ Cox's Bazar ခရိုင်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိပြီးနောက် lockdown ချထားတာဖြစ်ပါတယ်။
ဒုက္ခသည်စခန်းမှာ လူအဝင်အထွက်တွေ ပိတ်ချထားသလို ကူဆယ်ကယ်ဆယ်ရေး လုပ်သားတွေကိုလည်း ဝင်ခွင့်လျှော့ချထားပါတယ်။
လူဦးရေ ၁၆၈ သန်းရှိတဲ့ နိုင်ငံမှာ လူပေါင်း ၂၀၀၀၀ ရောဂါကူးစက်ခံရပြီး သောကြာနေ့အထိ လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ၁.၅ မီတာ အကွာမှာ နေဖို့ ညွန် ကြား ထားပါတယ်။ ပြည်နယ်အလိုက် လူဘယ်လောက်သာ စုရမယ်ဆိုတဲ့ ကန့်သတ်တင်းကြပ်မှုတွေကို လေ့လာပါ။
သြစတြေးလျနိုင်ငံ တခွင်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုလုပ်နေပြီ ဖြစ်ပါ တယ်။ သင့်အနေနဲ့ အအေးမိခြင်း ဒါမှမဟုတ် တုတ်ကွေးရောဂါ လက္ခဏာ ခံစားနေရရင် ရော ဂါ စမ်းသပ်ဖို့ သင့်ရဲ့ ဆရာဝန်ကို ဖုန်းဆက်နိုင်သလို Coronavirus Health Information Hotline ရဲ့ ဖုန်းနံပတ်ဖြစ်တဲ့ ၁၈၀၀ ၀၂၀ ၀၈၀ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

Link : Here
No comments:
Post a Comment