Tuesday, May 26, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်အ တည်ပြုလူနာ ၂၉ ဦးရှိ

VOA 
ဗွီအိုအေ (  မြန်မာဌာန )
26 မေ၊ 2020  
ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည် ပြု လူနာ ၂၉ ဦးထိ ရှိနေပြီး ဒုက္ခသည် ၁၅,၀၀၀ လောက်ကို သီးခြားခွဲခြား စောင့်ကြည့် နေကြောင်း အစိုးရ တာဝန်ရှိသူတွေက တနလာၤနေ့မှာ ပြောပါတယ်။

SEE ALSO:
Covid-19 ကပ်ဘေးကြောင့် ရိုဟင်ဂျာနေရပ်ပြန်ရေးအစီအစဉ် နှောင့်နှေး
 
ကူးစက်ခံရသူတွေမှာတော့ စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ အများစုက ရောဂါ လက္ခဏာလည်း မပြ ကြောင်း ဒါပေမယ့်လည်း ဒီလူတွေကိုတော့ သီးခြားခွဲထားတဲ့ အဆောင်တွေမှာ ထားရှိထားသလို သူတို့ မိ သားစုတွေကိုလည်း သီးသန့်ခွဲထားပြီး စောင့်ကြည့်နေကြောင်း ကောဇ့်ဘဇား ဒေသဆိုင်ရာ အကြီးတန်း ကျန်းမာရေး အရာရှိ Toha Bhuiyan က AFP သတင်းအေဂျင်စီကို ပြောဆိုပါတယ်။

ဒုက္ခသည် စခန်းတွေ အတွင်းက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးတွေ့ရတဲ့ ရပ်ကွက်သုံးခုကိုလည်း အာဏာ ပိုင်တွေက ပိတ်ထားတဲ့အကြောင်း သူက ပြောပါတယ်။ ဒီပိတ်ထားတဲ့ ရပ်ကွက်တွေထဲက ရိုဟင်ဂျာ ဒုက္ခသည် ၁၅,၀၀၀ လောက်ရဲ့ အသွားအလာကိုလည်း ကန့်သတ် တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဘင်္ဂလားဒေရှ့် နိုင်ငံကောဇ့် ဘဇားက ဒုက္ခသည် စခန်းတွေမှာ လူဦးရေ တသန်းလောက် ရှိနေတာပါ။ 
 
မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို လက်မခံပေမယ့် ဒီလူတွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြော ဆိုထားပါ တယ်။ အခုအချိန်ထိတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးက မရေမရာ ရှိနေဆဲပါ။ 
 

 

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */