VOA
ဗွီအိုအေ (မြန်မာဌာန)မဆုမွန်
15 မေ၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည် စခန်းက ရိုဟင်ဂျာဒုက္ခသည်များ (ဧပြီ ၀၁၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ရောဂါကူးစက်သူ ရှိလာပြီး တဲ့ နောက် စခန်းအသီးသီးက အခြေအနေနဲ့ ဒုက္ခသည်တွေကြား စိုးရိမ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းသ တင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက သန်းချီတဲ့ဒုက္ခသည်တွေ စုဝေးနေထိုင်ရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကူးစက်မှုအန္တရာယ် ကျရောက်လာမှာကို ကုလသမဂ္ဂနဲ့နိုင်ငံတကာက စိုးရိမ်တကြီးစောင့်ကြည့် နေချိန်မှာပဲ ပထမ ဦးဆုံး ဒုက္ခသည်တဦး COVID-19 ကူးစက်ခံရသလို စခန်းပြင်ပက ဒေသခံတဦးလည်း ကူးစက်ခံထားရတာပါ။ ပိုးကူးစက်မှုတွေ မဖြစ်ခင်ကတည်းကလည်း ဒီကမ္ဘာ့ကပ်ရောဂါ ကူးစက်ခံရမှာ စိုး ရိမ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ကုလ သမဂ္ဂနဲ့ တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတာပါ။
ဒီ ကိုဗစ်အန္တရာယ် ဘယ်လာက်ကြီးမားတယ်ဆိုတာ တချို့မသိတဲ့သူတွေ ရှိလို့ ကျန်းမာရေးပညာပေးမှုတွေ ပိုပြီးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားအနီး ကုတုပလောင်ဒုက္ခသည် စခန်းနေ တီဗွီတာဝါဝပ်အကွက်မှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအောင်မြိုင်က ဗွီအိုအေကို ပြောပါတယ်။
SEE ALSO:
Covid-19 ကပ်ဘေးကြောင့် ရိုဟင်ဂျာနေရပ်ပြန်ရေး အစီအ စဉ် နှောင့်နှေး
"ကျနော်တို့ အများကြီးစိုးရိမ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုရင် အဝင်အထွက်တွေက ပိတ်ထားတယ်ဆိုပေမဲ့ ... ဒါပေမဲ့ ခိုးပြီးတော့ အဝင်အထွက်လုပ်နေတာတွေ ရှိတယ်။ နောက်ပြီး အဓိက အရေးကြီးဆုံးက ဒုက္ခ သည် စခန်းထဲက ဒုက္ခသည်တွေ ဒီရောဂါက ဘာလဲ ဘယ်လိုကူးနိုင်သလဲဆိုတာ နားလည်ဖို့လိုတယ်။ လူ တိုင်းက ဒီကိုဗစ်က ဘာလဲ ဒီကိုရိုနာဗိုင်းရပ်စ်က ဘာလဲ နားမလည်ဘူးဖြစ်နေတယ်။ အခုက ကမ့်ထဲမှာ အစိုးရက လိုက်ပြီး အသံချဲ့စက်တွေနဲ့ လိုက်သတိပေးနေတယ်။ နောက်ပြီး NGO၊ INGO တွေက ရော အသံ ချဲ့စက်တွေနဲ့ လိုက်အသိပေးနေတာ ရှိပါတယ်။ Mask တပ်ဖို့ လက်ကိုဆပ်ပြာနဲ့ဆေးဖို့ ပြောတယ်။ ဒါပေမဲ့ ဒါနဲ့တင် လုံလောက်မှု မရှိတော့ဘူး စခန်းထဲမှာလည်း။ အခုက အင်တာနက်ကလည်း ပိတ်ထားတယ် ဆို တော့ ပိုပြီးတော့ သတင်းတွေ မသိတော့ဘူး။ အင်တာနက်က ဒီအခြေအနေမှာ အများကြီး လိုတယ်။ ပြီး တော့ ဒီ့ထက်ပိုအင်အားတိုးချဲ့ပြီးတော့ လုပ်ပေးစေချင်တယ်။ ဒုက္ခသည်တွေထဲက စေတနာ့ဝန်ထမ်းတွေ ခေါ် သင်တန်းပေးပြီး ဒုက္ခသည်တွေကြား ပြန်ပညာပေးတာမျိုးကိုလည်း လုပ်သင့်တယ်။ ဒီမှာက လူတွေ ကအများကြီး စုပြုံနေတာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းဆိုတော့ အခြေအနေက တော်တော်လေး အခက် ခဲတွေ့နေကြရတယ်။"
ရိုဟင်ဂျာဒုက္ခသည်တွေထဲ ရောဂါကူးစက်သူဟာ ဘယ်စခန်းကဆိုတာ အာဏာပိုင်တွေဘက်က အတိအ ကျ မထုတ်ပြန်ပါဘူး။ အခုဆိုရင်တော့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေ၊ အကူအညီပေးရေး အဖွဲ့အစည်း တွေ က ကာကွယ်ရေး ပညာပေးမှုတွေကို အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော်နေတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ အသံချဲ့စက်နဲ့ COVID-19 သတိပေးနေတဲ့ မြင်ကွင်း
"ပြီးခဲ့တဲ့ညက အသံချဲ့စက်တွေနဲ့ လိုက်အော်တာရှိတယ်။ နောက်စခန်းတိုင်းမှာ အသိပေးနေတာတွေရှိ တယ်။ စခန်း တခုနဲ့ တခုကြား အသွားအလာမလုပ်ဖို့ လူစုလူဝေး လုံးဝ မလုပ်ဖို့ အသံချဲ့စက်နဲ့ အသိပေး နေတာ ရှိတယ်။ ဒါပေမဲ့ ဒီမှာ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်း COVID-19 နဲ့ပတ် သက် ပြီး ပိုးတွေ့ရှိ တယ်ဆိုတော့ ကျနော်တို့တွေ အလွန်ကို စိုးရိမ်နေကြပါတယ်။ ကျနော်တို့ ဒုက္ခသည်စခန်း တခု နဲ့ တခုကြား ဆက်သွယ်လို့မရတာ သတင်း အချက်အလက်ရယူလို့မရတာ အင်တာနက်တွေလည်း ပိတ်ပင် တာဆိုတော့ တော်တော်လေး ကျနော်တို့ အခက်ကြုံနေရပါတယ်။ အခုဆိုရင်တော့ ဒီ COVID-19 နဲ့ ပတ် သက်ပြီး ဒုက္ခ သည်စခန်းအသီးသီးမှာ ကျန်းမာရေး ပညာပေးများများလုပ်ဖို့ အလွန် အရေးကြီး လာပါ တယ်။ ဘာဖြစ်လို့ ဆိုရင် လူပေါင်း ၁၀ သိန်း၊ ၁၂ သိန်းလောက် စုပြုံကျပ်ညပ်နေရ တာဆို တော့ တကယ်လို့ ဒီကပ်ဘေးရောဂါ ဆက်လက်ပျံ့နှံ့မယ်ဆိုရင် အသက်အန္တရာယ်ကို အင်မတန်မှ စိုးရိမ်ရပါတယ်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့ အစည်းတွေကရော ဘင်္ဂလားဒေ့ရှ်အစိုးရကရော ဒီ့ထက်မက ဒီ COVID-19 ကပ်ဘေးရော ဂါက ကာကွယ် နိုင်အောင် ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။"
နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က ကျန်းမာရေးအသိပညာပေးရေး တွန်းအားပေး ဆောင်ရွက်နေသလို ဒုက္ခ သည်တွေဘက်ကလည်း စနစ်တကျ လိုက်နာမယ်ဆိုရင်တော့ ရောဂါကူးစက်မှုကို ဟန့်တားကာ ကွယ် နိုင်မယ်လို့ ဘာလုခါလီဒုက္ခသည်စခန်း ကမ့်နံပတ် အမှတ် (၁) မှာ နေထိုင်တဲ့ ကိုကာမေလ်တို့လို ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ ယုံကြည်ပါတယ်။
"ဒုက္ခသည်စခန်းထဲမှာ လူတယောက် ကိုဗစ်တွေ့တယ်ဆိုပြီး သတင်းတွေ ထွက်တော့ - ကိုဗစ်၁၉နဲ့ ပတ် သက်ပြီးတော့ ကျနော်ကတော့ ကြိုတင်ကာကွယ်မှုက အကောင်းဆုံးနည်းလမ်းလို့ထင်တယ်။ အဲ့တာ ကြောင့် ကြိုတင်ကာကွယ်မှုကို လုပ်ပါတယ်။ ဘယ်လိုလုပ်လဲဆိုရင် တအိမ်ကနေ တအိမ်ကို သတိထားပြီး သွားတယ်။ သွားရင်လည်း Mask ဖုံးထားတယ် တနေရာကနေ တနေရာကို သွားရင် ဒီလို အကာကွယ်နဲ့ သွားတယ် နောက် တယောက်နဲ့ တယောက်အကြား သုံးတောင်လောက် ခွာရမယ်ဆိုတော့အဲ့လောက် အကွာအဝေးရှိတဲ့နေရာမှာနေတယ်။ ကျန်း မာရေးပညာပေးနည်းစနစ်တွေ ပြောထားတဲ့အတိုင်း ကာကွယ် စောင့်ရှောက်တယ်။ ဒါပေမဲ့ ကမ့်ထဲမှာ ရှိတဲ့သူတွေအားလုံးကို တတ်နိုင်သလောက် NGO တွေက အ ကောင်းဆုံး ပညာပေးနည်းတွေနဲ့ ရှင်းပြနေတာကို အဲ့ဒီ့နည်းအတိုင်း ကျနော်တို့ ဆက်လက်နေဖို့လိုတယ်။ ရိုဟင်ဂျာတွေကြားထဲ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာသုံးပြီး လုပ်နေရင်တော့ အဆင်ပြေနိုင်တယ် အကောင်းဆုံးကတော့ ကျနော်တို့ ဝတ်ပြုဆုတောင်းပြီးနေတာ။"
SEE ALSO:
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းမှာ ပထမဆုံး COVID-19 ကူးစက်သူတွေ့

မကြာခင်မှာပဲ မုတ်သုန်ရာသီထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး မုတ် သုန်မိုးသည်းထန်စွာ စတင်ရွာသွန်း လာချိန် မုန်တိုင်း သတိပေးချက်တွေလည်း ရှိနေတာမို့ စခန်းတွေထဲ မြေပြိုကျမှုနဲ့ ရေလွှမ်းမိုးမှုစတဲ့ သဘာ ဝဘေးအန္တရာယ်တွေ ကြုံလာရမှာကိုလည်း ဒုက္ခ သည်တွေ အတော် လေးကို စိုးရိမ်ပူပင်နေကြပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ COVID-19 ဗိုင်းရပ်ရောဂါ ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သွားလာမှု ကန့်သတ်ထားပါတယ်။ ဒ့ါအပြင် ဒုက္ခ သည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာ တွေ သီးခြားစီ လက် မှတ်ရေးထိုးထားပါတယ်။ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား နားလည်မှု စာချွန်လွှာကို တော့ ဒီသီတင်းပတ်ထဲမှာပဲ သက်တမ်း ထပ်တိုးခဲ့ပေမဲ့ COVID-19 ကပ်ရောဂါ ကြုံနေရတဲ့အတွက် ဒုက္ခ သည်တွေနေရပ်ပြန်ရေး အထောက် အကူပေး အစီအစဉ်ကို ယာယီရပ်ဆိုင်းထားရကြောင်းလည်း ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရက ဗွီအိုအေကို ပြောဆိုထားပါတယ်။
Link : Here
No comments:
Post a Comment