" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 17, 2020

ရိုဟင်ဂျာ ဒုက္ခသည်တွေကြား COVID-19 ကာကွယ်ရေး လုံခြုံရေးတပ်ဖွဲ့ သတိပေး နှိုးဆော်

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
17 မေ 2020 
ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် သတိပေးချက် နှိုးဆော်နေသည့် လုံခြုံရေးဝန်ထမ်းများ။ (မေ ၁၅၊ ၂၀၂၀)
 
လူပေါင်းသိန်းနဲ့ချီ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိပြီးနောက် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေးအတွက် အာဏာပိုင်တို့ လှုပ် ရှားဆောင်ရွက်နေတဲ့အကြောင်း AFP သတင်းဆောင်းပါးကို ကိုဉာဏ်ဝင်းအောင် တင်ပြပေး ထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရိုဟင်ဂျာဒုက္ခသည် ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ခံ Abu Toha Bhuiyan က ကနဦး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက် ပိုင်းမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီ ကူးစက်ခံ ၂ ဦးထဲက တဦးဟာဆိုရင် ဒေသခံ အမျိုးသား ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်တနေ့ သောကြာနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ရိုဟင်ဂျာဒုက္ခသည် ၂ ဦး ထပ်မံတွေ့ရှိ ရ ကြောင်း အကြီးတန်း ကျန်းမာရေးအရာရှိတဦးက ပြောဆိုခဲ့ပြီး တဦးကတော့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး နောက်တဦးက အသက် ၃၀ အရွယ် အမျိုးသားဖြစ်တယ်လို့ ဖော်ပြပါတယ်။ နောက်ထပ်တွေ့ရတဲ့ COVID-19 ကူးစက်ခံရသူ ၂ ဦးက ပထမဆုံး ကူးစက်ခံလူနာတွေနဲ့ ထိတွေ့မှုရှိမရှိ ဆိုတာတော့ရှင်းရှင်းလင်းလင်း မသိရပါဘူး။

COVID-19 ကူးစက်ခံလူနာတွေ တွေ့ရှိတဲ့ သောကြာနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် အရေးပေါ် လုံခြုံရေးတပ် ဖွဲ့ ဝင်တွေက လူထုကြား အကွာအဝေးတခုခြားပြီး ခပ်ခွာခွာနေကြဖို့ စခန်းတွေတွင်းမှာ လိုက်လံသတိပေး နှိုးဆော်ခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းက ရပ်ရေးရွာရေးခေါင်းဆောင် Safi Ullah ကတော့ ကျန်းမာရေး သတိပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းတယ်လို့ ပြောပါတယ်။

“အားလုံးထဲမှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ လိုက်နာကြပါတယ်။ ကျန်တဲ့သူတွေက ရောဂါအန္တရာယ်ကို ဂရုမစိုက်ကြပါဘူး။ ဒီကပ်ရောဂါက ကျနော်တို့အားလုံးအပေါ် ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လာမယ် ဆိုတာ သူတို့ နားမလည်ကြလို့ပါ။”

SEE ALSO:
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဒုက္ခသည်စခန်းပေါင်း ၃၄ ခုရှိပြီး အဖြစ်ဆောက်ထားတဲ့ တဲအိမ်တွေနဲ့ ပြည့်ကျပ်နေထိုင် ကြတဲ့အတွက် ကိုဗစ်ရောဂါသာ ပြန့်ပွားသွားခဲ့ရင် တောမီးလောင်သလို ဘာတခုမှ ကျန်မှာမဟုတ်ဘူး လို့ သက် ဆိုင်သူတွေ သတိပေးထားတာပါ။ မိုဟာမက်တို့လို စိုးရိမ်တတ်သူတွေလည်း ရှိပါတယ်။

“ကျနော် အရမ်းကို စိုးရိမ်ပါတယ်။ ဒါပေမယ့် ချက်စရာဝယ်ဖို့ ဈေးတော့ သွားနေရပါတယ်။ သူတို့မှာထားတဲ့ အတိုင်း လက်ကို အကြိမ်ကြိမ်ဆေးပေမယ့် စိုးရိမ်စိတ်က ရှိနေတုန်းပါပဲ။”

ရောဂါကူးစက်လာပြီဆိုတဲ့ ဒီသတင်းကြောင့် ဒုက္ခသည်စခန်းထဲ အထိတ်တလန့် ဖြစ်ကုန်တယ်လို့ ကော့ဇ် ဘဇား ခရိုင် ကျန်းမာရေးဌာန အကြီးအကဲ Mahbubur Rahman က ပြောပါတယ်။

ပထမဆုံးလူနာဖြစ်တဲ့ ကုတုပလောင်စခန်းက အသက် ၃၅ နှစ် ရိုဟင်ဂျာအမျိုးသားဆီမှာ ကိုဗစ်ရောဂါရှိကြောင်း ကြေညာပြီးနောက် သူက ရှောင်တိမ်းနေတဲ့အတွက် ၄ နာရီအကြာကျမှ ရဲတွေ သူ့ကို တွေ့တာပါ။ သူ့ကြောင့် စခန်းတခုလုံး ရောဂါပြန့်ကုန်မှာကို စိတ်ပူခဲ့ရပါတယ်လို့ စခန်းတွင်း ရပ်ကွက်ခေါင်းဆောင်တွေက ပြောပါတယ်။ အဲဒီအမျိုးသားဟာ ဒဏ်ရာရတဲ့ သူ့အစ်ကိုတယောက်ကို ဒုက္ခသည်စခန်းနဲ့ မဝေးတဲ့ ဆေးရုံ တခုကို သွားပို့ပေးရင်း အဲဒီကတဆင့် ကူးလာတာလို့ ယူဆနေကြပါတယ်။ ဒီအမျိုးသားနေတဲ့ ရပ်ကွက်ကြီး တခုလုံးကို အဝင်အ ထွက် ပိတ်ထားပြီး သူ့နဲ့ ထိတွေ့ဆက်ဆံခဲ့သူ အားလုံးကိုလည်း သီးခြားခွဲထား စစ်ဆေး စောင့်ကြည့်နေပါတယ်။ အခုတော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ အရေးပေါ် စုံစမ်းစစ်ဆေးရေးအ သင်းတွေ ဖြန့်ချထားတယ်လို့ WHO တာဝန်ရှိသူတွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ ကိုဗစ်ရှိမရှိ စစ်ဆေးမှုတွေ တရက် ၅ ယောက်နဲ့ ၁၀ ယောက်ကြား စစ်နေပေမယ့် အနည်းဆုံး တရက်ကို ၁၀၀ အထိ တိုးမြှင့်စစ်သွားဖို့ လုပ်နေတယ်လို့ ကော့ဇ်ဘဇား ကျန်းမာရေးအကြီး အကဲက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကုသမှုစင်တာ ၁၂ ခုကို စခန်းတွင်း ပြင်ဆင်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောပါတယ်။ အဲဒီစင်တာတွေမှာ ကုတင် ၁၉၀၀ ထိရှိမယ့် အရေးပေါ် ကြပ်မတ်ကု သဆောင်တွေ၊ Quarantine စင်တာ ၅ ခုနဲ့ သီးခြား ခွဲထားစောင့်ကြည့်ဆောင် ၂၀ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီအတောတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ အင်တာနက် ဖြတ်တောက်ထားတာကြောင့် ဒုက္ခသည်တွေ သတင်းမှန် မသိရဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို မြန်မာအစိုးရက စိစစ်ပြီး ပြန်လည်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကိုတော့ အသိအမှတ် မပြုပါဘူး။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */