" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Covid-19. Show all posts
Showing posts with label Covid-19. Show all posts

Friday, May 15, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ COVID-19 ပညာပေး ပိုလုပ်ပေးဖို့လိုလားနေ


VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
15 မေ၊ 2020
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည် စခန်းက ရိုဟင်ဂျာဒုက္ခသည်များ (ဧပြီ ၀၁၊ ၂၀၂၀) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ရောဂါကူးစက်သူ ရှိလာပြီး တဲ့ နောက် စခန်းအသီးသီးက အခြေအနေနဲ့ ဒုက္ခသည်တွေကြား စိုးရိမ်ချက်တွေကို ဗွီအိုအေ မြန်မာပိုင်းသ တင်းထောက် မဆုမွန်က ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်စခန်း ဗိုင်းရပ်စ်ကူးစက်မှု ဒုက္ခသည်များ အကြား စိုးရိမ်စရာဖြစ်လာ

မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-05-15

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ် ကော့ဆက်ဘဇားဒေသမှာ မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂ ယောက်ရှိပြီး အဲဒီအထဲက နှစ်ယောက်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီ နှစ်ယောက်ထဲကမှ ရိုဟင်ဂျာတစ်ယောက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ တစ်ယောက်ဖြစ်တယ် လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြု
ပြော ထားပါတယ်။ သူဟာ ကုတုပါလောင်ဒုက္ခသည်စခန်း အမှတ် ၁ အရှေ့ဘက် စခန်းက အသက် ၃၇ နှစ် အရွယ် အမျိုးသားတစ်ယောက် ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

First coronavirus case found in Bangladesh Rohingya refugee camps

Aljazeera
15 May 2020


Aid groups alarmed as Rohingya tests positive for COVID-19 in the densely populated camps, home to a million refugees.
Rohingya refugees stand in line to collect food aid at the Kutupalong refugee camp in Cox's Bazar, Bangladesh [Shafiqur Rahman/AP]

The novel coronavirus has been detected in one of the camps in southern Bangladesh that are home to more than a million Rohingya refugees, according to officials.

An ethnic Rohingya refugee and a local person tested positive for COVID-19, a senior Bangladeshi official and a United Nations spokeswoman said on Thursday. It was the first confirmed case in the densely populated camps as humanitarian groups warned the infection could devastate the crowded settlement.

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိ

မဇ္ဈိမ
မေ ၁၅ ၂၀၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်ကို ပထမဆုံး အကြိမ် စတင်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာစခန်းမှာ ပထမဆုံး COVID-19 ကူးစက်သူတွေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 မေ၊ 2020
ရိုဟင်ဂျာစခန်းတခု

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ပထမဆုံး COVID-19 ရောဂါကူးစက်မှု ကိုတွေ့ ရှိရတာဟာ စိုးရိမ် ချောက်ချားဖွယ် အခြေအနေတစ်ရပ်ကို အစပျိုးလိုက်တာဖြစ်လို့ နောက်ထပ်ရောဂါ မပျံ့ ပွားရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ပြင်ဆင်မှု တွေ အလျှင်အမြန် လုပ်ပေးဖို့ Refugees International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦး ပထမဆုံးတွေ့ရှိ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
စောဖိုးခွား
2020-05-14

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံ ထား ရတဲ့သူ ၂ ဦးကို ပထမဆုံးတွေ့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ မနေ့ကထုတ်ပြန်ပါတယ်။ ဒုက္ခသည်စခန်းထဲမှာ ရောဂါပိုးတွေ့တဲ့သူ နှစ်ယောက်ထဲက တစ်ယောက်ဟာ မြန်မာနိုင်ငံက ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ဖြစ်တယ်လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြုပြောပါတယ်။

Thursday, May 14, 2020

First coronavirus cases found in Bangladesh's Rohingya refugee camps

THE STRAITSTIMES
14 MAY 2020

Health experts have been warning for some time that the coronavirus could race through the sprawling, unsanitary camps.PHOTO: AFP


COX'S BAZAR (AFP) - Two Rohingya have become the first to test positive for coronavirus from the vast refugee camps in Bangladesh that house almost a million people, officials said on Thursday (May 14).

Health experts have been warning for some time that the virus could race through the sprawling, unsanitary camps that have been home to the refugees since they fled a military offensive in Myanmar more than two years ago.

2 Rohingya refugees test Covid-19 positive in Cox's Bazar


Dhaka Tribune
Humayun Kabir Bhuiyan
May 14th, 2020

One of them is from Kutupalong camp, and the other is from Camp 1E

Two Rohingyas refugees in Cox's Bazar have tested positive for Covid-19, the highly contagious and deadly disease caused by a new strain of coronavirus.

The prinicipal of Cox's Bazar Medical College and the additional refugee relief and repatriation commissioner confirmed the matter to Dhaka Tribune on Thursday.

Monday, May 4, 2020

ကိုဗစ်နဲ့ မုန်တိုင်းရာသီ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခ သည်တွေ စိုးရိမ်

VOA  
ဗွီအိုအေ (မြန်မာဌာန)
04 မေ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ရှိ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တချို့ (ဧပြီ ၁၂၊ ၂၀၂၀)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ပိုတိုးလာနေတဲ့ အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ် မှုတွေပို တိုးလာနေသလို မုတ်သုန်ရာသီဝင်လာတဲ့အတွက် ရေကြီးမြေပြိုအန္တရာယ်တွေအတွက် ပူပန်လာ 
နေ ကြတဲ့အကြောင်း ပြောပြချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ဆက်ပေးပါမယ်။

Saturday, May 2, 2020

Malaysia cites Covid-19 for rounding up hundreds of migrants

The Guardian
Kaamil Ahmed and agencies
Sat 2 May 2020

In move condemned by UN, refugees including Rohingya detained amid rise in xenophobia 

Rohingya refugees wearing protective masks practise distancing while waiting to receive goods from volunteers in Kuala Lumpur. Photograph: Lim Huey Teng/Reuters 

Malaysian authorities have rounded up and detained hundreds of undocumented migrants, including Rohingya refugees, as part of efforts to contain coronavirus, officials said.

Authorities said 586 undocumented migrants were arrested in a raid in the capital, Kuala Lumpur, on Friday. Armed police walked people through the city in a single file to a detention building, according to activists. The UN said the move could push vulnerable groups into hiding and prevent them from seeking treatment.

COVID-19 ကူးထားတဲ့ ထိုင်းလူဝင်မှုစခန်းက ရိုဟင်ဂျာ အမျိုးသမီးတွေ ပြောင်းရွှေ့ပေးဖို့ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 မေ၊ 2020
မအေးအေးမာ
ဆုံခလာခရိုင်တွင် လူကုန်ကူးသူများလက်ထဲမှ ထိုင်းအာဏာပိုင်များ ကယ်တင်ခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များ။ (၁၁ ဇန်နဝါရီ ၂၀၁၂)


ထိုင်း-မလေးရှား နယ်စပ်က ထိုင်း လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် စခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို နေရာရွှေ့ပြောင်းပေးဖို့ ခရိုင်လဝကမှူးက တင်ပြ ထားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်း ပေးပို့ထားပါတယ်။

ထိုင်း-မလေးရှား နယ်စပ် ဆုံခလာခရိုင် စဒေါင်မြို့က လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် လူဝင်မှုအရာရှိတွေ၊ တခြားနိုင်ငံခြားသားတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးတဲ့နောက် စခန်း မှာရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေကို နေရာပြောင်းပေးဖို့ ခရိုင်လဝကမှူးက တင်ပြထားတယ်လို့ ထိုင်း 
တောင် ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာ ၀န်ခံ ဦးမင်းဦးက ပြောပါတယ်။

Thursday, April 30, 2020

Home minister: Malaysia sent Rohingya boat away with food as borders closed due to Covid-19

Sunday, April 26, 2020

Rohingya refugees rejected everywhere as countries grapple with COVID-19 concerns

TheJakataPost
Dian Septiari
The Jakarta Post
Rohingya refugees get in a truck following their arrival by boat in Teknaf, Bangladesh, on April 16. (AFP/Suzauddin Rubel ) 
As countries scramble to contain the spread of COVID-19 in their territories while prioritizing the well-being of their citizens, Rohingya refugees are again facing widespread rejection. Hundreds are currently stranded at sea in the Bay of Bengal.

Nearby countries have tightened border controls to slow the COVID-19 outbreak, and refugees have become an issue that no country wants to deal with.

Saturday, April 18, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ် ရေး အပြင်းအထန် လုပ်ဆောင်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါ ကာကွယ်ရေး လုပ် ဆောင်ထားတာတွေနဲ့ ပတ်သက်ပြီး မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုနဲ့ ကြုံရမယ်ဆိုရင် အလွန်ကို အန္တရာယ် ကြီးမားလာနိုင်တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဒုက္ခ သည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည် ဆိုင် ရာ နိုင်ငံတကာ NGO အဖွဲ့တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

Monday, April 13, 2020

အင်္ဂလန်နိုင်ငံမှာ Covid-19 ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးရဲ့ အတွေ့အကြုံ

Rohingya Today
2020.04.13


 ဒေါက်တာဇော်မျိုးအောင်က ရိုဟင်ဂျာအမျိုးသားတစ်ဦး ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ၅၄၆ မှတ်နဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ပြီး၊ မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများ ဆုံး ကျောင်းသား/သူတွေထဲမှာ နံပါတ် ၆ ရရှိခဲ့သူပါ။ အင်ဒိုနီးရှားနိုင်ငံ Malang မြို့က Brawijaya University  မှာ ဆေးပညာသင်ကြားခဲ့ပြီး၊ Medical Doctor ဘွဲ့ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကစပြီး အင်္ဂလန်နိုင်ငံ၊ Luton မြို့က Luton and Dunstable ဆေးရုံမှာ တာဝန်ထမ်းနေသူဖြစ်ပြီး၊ Covid-19 ကူးစက်ခံရတဲ့ ရောဂါဝေဒနာရှင်တွေကို ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ��ဒေါက်တာဇော်မျိုးအောင်က သူ့ရဲ့ အတွေ့အကြုံတွေကို မြန်မာပြည်သူပြည်သားများအတွက် မျှဝေပေးထားပါတယ်။

နားဆင်ကြည့်ကြပါ။

လင့်၊ https://www.facebook.com/RohingyaToday.MM/videos/1849298621873750/?v=1849298621873750

Saturday, April 11, 2020

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်တားဆီးရေး ဒေါ်လာ ၂.၂ သန်း ကုလကူညီ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
11 ဧပြီ၊ 2020   
COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ကုလသမဂ္ဂအနေနဲ့ အကူ အညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ကြေညာလိုက်ပါတယ်။

Thursday, April 9, 2020

Ustaz Rafik is on a mission to feed starving refugees during Covid-19 shutdown and he needs help to do so

Wednesday, April 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ကူးစက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဧပြီ၊ 2020
မဆုမွန်

လူသိန်းချီ ခိုလှုံနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာမှာကို ဒုက္ခသည်တွေရော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ စိုးရိမ်မှုတွေမြင့်တက် လာနေတဲ့အကြောင်း မဆုမွန်က တင်ပြပေးထားပါတယ်။

Sunday, April 5, 2020

New clinic to screen Rohingya for Covid-19 in Selayang, says Health DG

COVID-19 ကပ်ဘေးကြုံနေချိန် လှေစီးပြေးရိုဟင်ဂျာတွေ ရောက်လာတဲ့အတွက် မလေးရှားစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 ဧပြီ၊ 2020
မအေးအေးမာ


မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ မြင့်နေတဲ့အချိန်မှာ မလေးရှားနိုင်ငံ လမ်ကာဝီကျွန်းကို လှေစီးပြေး ဒုက္ခသည် ၂၀၀ အစုအဝေးနဲ့ ရောက်ရှိလာတာကြောင့် မလေးရှားအာဏာပိုင်တွေက ဧပြီလ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ဆက်ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */