Sunday, April 5, 2020

COVID-19 ကပ်ဘေးကြုံနေချိန် လှေစီးပြေးရိုဟင်ဂျာတွေ ရောက်လာတဲ့အတွက် မလေးရှားစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 ဧပြီ၊ 2020
မအေးအေးမာ
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေ မြင့်နေတဲ့အချိန်မှာ မလေးရှားနိုင်ငံ လမ်ကာဝီကျွန်းကို လှေစီးပြေး ဒုက္ခသည် ၂၀၀ အစုအဝေးနဲ့ ရောက်ရှိလာတာကြောင့် မလေးရှားအာ ဏာပိုင်တွေက ဧပြီလ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ဆက်ထားပါတယ်။
လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၂၀၀ ဟာ ဧပြီလ ၅ ရက်နေ့မနက် အစောပိုင်းမှာပဲ မလေးရှားနိုင်ငံ လမ်ကာ ဝီ ကျွန်း ပင်လယ်ကမ်းစပ်ကို ရောက်ရှိလာတာပါ။ ဒီသတင်းကိုရတာကြောင့် မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

မလေးရှားမှာ COVID-19 ထိန်းချုပ်တဲ့အနေနဲ့ အိမ်ပြင်ထွက်သူတွေကို ဖမ်းတဲ့သတင်း ဖတ်ရှုနိုင်ပါတယ်။
 
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြင့်လာတဲ့ ဒီလိုအချိန်မှာ လူစုလူဝေးနဲ့ ရောက်လာတာဟာ အန္တ ရာယ်ကြီးမားကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကိုယ်စားပြုပြီး မလေးရှား ထိန်းသိမ်းရေး စခန်းက မြန်မာတွေကို အကူညီပေးနေတဲ့ ကိုသီဟမောင်မောင်က ပြောပါတယ်။

“သူတို့လာတဲ့သူတွေမှာတော့ ရောဂါပိုးပါလာမယ်၊ မပါလာဘူးဆိုတာ ဘယ်သူမှတော့ အတိအကျ မပြောနိုင်ပါ ဘူး။ အခုချိန်မှာ လာတာဆိုတော့ အရမ်း အန္တရာယ်ကြီးလွန်းတယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဘက်က လာ မယ်ဆိုလည်း ဘင်္ဂလားဒေ့ရှ်မှာလည်း ရောဂါဖြစ်နေတာပဲ။ အဲဒီတော့ အန္တရာယ်ကြီးလွန်းတယ်။နယ်စပ်တွေ လည်း အကုန်ပိတ်ထားတယ်။ ထိုင်းနယ်စပ်တွေမှာလည်း ပိတ်တယ်။ လေယာဉ်လိုင်းတွေလည်း ပိတ်ထား ချိန်မှာ အခုလို ဝင်လာတာတော့ အန္တရာယ်ကြီးပါတယ်။”

လှေစီးပြေး ရိုဟင်ဂျာ၂၀၀ ဟာ ဧပြီ ၅ ရက် မနက်ပိုင်းမှာ ကမ်းခြေနဲ့ မီတာ ၅၀၀ အကွာ ပင်လယ်တွင်း ရပ် နားနေတဲ့ စက်လှေတစင်းပေါ်ကနေ ကျွန်းသောင်စပ်ကို ရေကူးလာခဲ့တာလို့ မလေးရှားအာဏာပိုင်တွေက ဆိုပါတယ်။ ဒါဟာ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း လမ်ကာဝီကျွန်း ကို သင်္ဘောပျက်ပြီး ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ ဘယ်နေရာက လာကြသလဲ ဆို တာကိုတော့ ဆက်ပြီး စုံစမ်းသွားမှာဖြစ်ကြောင်း မလေးရှားအာဏာပိုင်တွေကို ကိုးကားပြီး မလေးရှား သ တင်းတွေမှာ ဖော်ပြနေကြတာပါ။

မလေးရှား ဘာသာရေးအခမ်းအနားတက်သူ ၂၅၀ ခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့သတင်း ဖတ်ရှုနိုင်ပါ တယ်။
 
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိပြီး သေဆုံးသူကတော့ ၆၀ ကျော် ရှိသွား ပါပြီ။ မလေးရှားနိုင်ငံက စာသင်ကျောင်းတွေ၊ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲတွေလည်း ပိတ်ပင်ထားပြီး ပြီးခဲ့တဲ့လက တော့ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၂၀၀၀ လောက်ကိုလည်း ဆေးစစ်ဆေးမှု လုပ်ခဲ့တယ်လို့ မလေးသတင်းတွေမှာ ပါရှိပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */